Healthy Food

သင့်ကျန်းမာရေးအတွက် ဘယ်လို သဘာဝလက်ဖက်ရည်တွေ သောက်ပေးသင့်လဲ?

June 21, 2023

အခုဆို မိုးရာသီလည်း ရောက်နေပြီဆိုတော့ အအေးမိ၊ ဖျားနာတာတွေ၊ နှာစေးချောင်းဆိုးတွေ လူအများ ဖြစ်လေ့ရှိပါတယ်။ အဲဒီအတွက်  ဖျားနာတာတွေလည်း ကင်းဝေးအောင် ကိုယ့်အိမ်မှာနေရင်း လွယ်လင့်တကူပြုလုပ်ပြီး သောက်လို့ရမယ့် သဘာ၀ လက်ဖက်ရည်တွေကို မျှဝေပေးလိုက်ပါတယ်။

ပင်စိမ်းလက်ဖက်ရည်

Basil Tea Benefits | Kent Tea & Coffee Co
ပင်စိမ်းလက်ဖက်ရည်ကတော့ တစ်မိုးတွင်းလုံး သောက်သင့်တဲ့ လက်ဖက်ရည်ဖြစ်ပါတယ်။ ပင်စိမ်းရွက်မှာ ပြန်လည်ကုသပေးနိုင်စွမ်းတွေ အများကြီး ပါဝင်ပါတယ်။

အဓိကအနေနဲ့ ခေါင်းကိုက်ခြင်း၊ အအေးမိခြင်း၊ နှလုံးအားနည်းခြင်းနဲ့ အဆုတ်ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ အရမ်းပင်ပန်းနေတဲ့အခါမှာလည်း ပင်စမ်းလက်ဖက်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။ 

ရေနွေးပူပူထဲ ပင်စိမ်းရွက်အချို့ ထည့်ပြုတ်ပါ။ ပျားရည် သို့မဟုတ် သံပုရာရည် အနည်းငယ်ကို အရသာပိုကောင်းဖို့ ထပ်ထည့်လိုက်ပါ။ သူ့အတိုင်း သောက်ရင်တော့ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

ချင်းလက်ဖက်ရည်

How to Make Ginger Tea From Fresh Ginger Root - Organic Authority
ချင်းလက်ဖက်ရည်က ရိုးရိုးအအေးမိခြင်းကို သက်သာစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ချင်းလက်ဖက်ရည်က အသက်ရှူလမ်းကြောင်းကို ရှင်းလင်းပေးပြီး အလက်ဂျစ်ဖြစ်တာတွေကိုတောင် သက်သာစေနိုင်ပါတယ်။

Advertisement

Click Here > Tharaphu

ဒါ့အပြင် အစာအိမ်အတွက်လည်း ကောင်းပါတယ်။ မိုးတွင်းမှာ ဗိုက်နာတာ ဗိုက်အောင့်တာတွေ အဖြစ်များလေ့ရှိပါတယ်။ ချင်းလက်ဖက်ရည်က သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်းဖြင့် အစာချေဖျက်ခြင်းနဲ့ စုပ်ယူခြင်းကို အထောက်အကူပြုတဲ့အတွက် ဗိုက်နဲ့ပတ်သတ်တဲ့ ဝေဒနာတွေကို ပျောက်ကင်းစေပါတယ်။

ချင်းလက်ဖက်ရည် ပြုလုပ်ဖို့အတွက် ချင်းအနည်းငယ်ကို ရေနွေးဆူဆူထဲ ထည့်ပါ။ အဖုံးအုပ်ထားပြီး ခဏလောက်ထားပါ။ ပျားရည် သို့မဟုတ် သံပုရာရည် အနည်းငယ်ကို ရေဆူပွက်လာတဲ့အခါ ထပ်ထည့်နိုင်ပါတယ်။

ပူစီနံ လက်ဖက်ရည်

မနေနိုင်အောင် ကိုက်နေတဲ့ ခေါင်း ဒါတွေသောက်မှ ပျောက်မယ် - Kwee
ပူစီနံအနံ့ကို ကြိုက်နှစ်သက်သူတွေ ဒီလက်ဖက်ရည်ကိုလည်း နှစ်သက်ကြမှာပါ။ ပူစီနံရွက်မှာ မီသနော(ပူရှိန်း)က အဓိက ပါဝင်ပစ္စည်းအနေနဲ့ ပါဝင်ပါတယ်။
မီသနောဓာတ်က ချွေးထွက်စေတဲ့အတွက် ကိုယ်အပူချိန်ကျစေပြီး အဖျားကို မြန်မြန် သက်သာစေပါတယ်။

ပူစီနံမှာ ပါဝင်တဲ့ Antispasmodic (ကြွက်သားတွေကိုပြေလျော့စေတဲ့ဓာတ်)က လည်ချောင်းကြွက်သားတွေကို နာကျင်စေတဲ့ လည်းချောင်းယားပြီး ချောင်းဆိုးခြင်း၊ ချောင်းခြောက်ဆိုခြင်းတွေကို သက်သာစေပါတယ်။

သူ့ကိုလည်း အပေါ်က ဖျော်နည်းအတိုင်း ရေနွေးကြမ်းထဲ ပူစီနံရွက်လေးတွေ ချေထည့်ပြီး သောက်နိုင်ပါတယ်။ အရသာ ပိုကောင်းချင်ရင် ပျားရည်လေးပါ နည်းနည်းထည့်ပါ။ 

လက်ဖက်စိမ်း

11 Scientifically-Backed Health Benefits of Green Tea

တရုတ်ရိုးရာမှာ Green Tea ကို ဆေးဖက်ဝင်ဖျော်ရည်အနနဲ့ အသုံးပြုခဲ့ကြပါတယ်။ Green Tea သောက်သုံးခြင်းက နှလုံးသွေးကြောကျဉ်းရောဂါ၊ အ၀လွန်ရောဂါ၊ ဆီးချိုရောဂါ၊ အရေပြားရောဂါ၊ ကျောက်ကပ်နဲ့ သက်ဆိုင်တဲ့ရောဂါတွေ၊ ကင်ဆာရောဂါ စတဲ့ ရောဂါမျိုးစုံကို ကာကွယ်ပေးပါတယ်။

Green Tea ကို နည်းလမ်းမှန်မှန်ဖျော်ဖို့ လိုအပ်မယ့်ပစ္စည်းတွေက လက်ဖက်စိမ်းအိတ် (၁) အိတ်၊ ရေနွေးပူ (၁) ခွက်၊ ဖန်ခွက်အဖုံးတို့ပဲဖြစ်ပါတယ်။ ရေနွေးထဲ လက်ဖက်စိမ်းအိတ်ကို ထည့်ပြီး အဖုံးဖုံးထားလိုက်ပါ။ (၃) မိနစ်လောက် ကြာရင် ရေနွေးထဲက လက်ဖက်စိမ်းအိတ်ကို ဖယ်ပြီး သောက်နိုင်ပါပြီ။ 


Read 479 times.