Cafes & Restaurant

အကင်ဆိုရင် ထုံစပ်ထိမိ စီချွမ်အကင်တွေမှ ကြိုက်တဲ့သူတွေ ရှိလား?

June 19, 2023

မန္တလေးစတိုင် စီချွမ်အရသာအကင်တွေကို ဘီယာလေးနဲ့ မြည်းမလား?

ဘီယာနဲ့ အလိုက်ဖက်ဆုံး အမြည်းက အကင်ဆိုတော့ ညနေရုံးဆင်းချိန် မိုးအေးအေးလေးထဲ ဘီယာလေးသောက်ရင်း စီချွမ်အကင်မျိုးစုံကို တ၀ကြီး မြည်းနိုင်ဖို့ Mandalay BBQ ဆိုင်လေးကို ညွှန်ပေးလိုက်ပါတယ်။

No photo description available.

ဒီဆိုင်လေးက နေရာကျယ်ဝန်းပြီး ကားပါကင်လည်းရှိတဲ့ နှစ်ထပ်ဆိုင်လေးဖြစ်ပါတယ်။ အောက်ထပ်က သက်သောင့်သက်သာရှိတဲ့ Aircon ခန်းလေးဖြစ်ပြီး အပေါ်ထပ်က လွတ်လွတ်လပ်လပ် ထိုင်လို့ရမယ့် ဝရံတာပုံစံရှိတာမို့ ဘယ်လို Vibe ကိုမဆို ခံစားဖို့ ကွက်တိ အဆင်ပြေမယ့်နေရာဖြစ်ပါတယ်။

ပြီးတော့ ဆိုင်နာမည်လေးအတိုင်း မန္တလေးထိ သွားစရာမလိုဘဲ ရန်ကုန်မှာတင် မန္တလာမြေက အကင်အရသာ ရအောင် ပြင်ဆင်ပေးထားတဲ့ စီချွမ်အကင် အမျိုးပေါင်း (၁၀၀) ကျော်လောက်ကို ရွေးချယ်နိုင်တဲ့ အကင်ကမ္ဘာလေးပါ။

Advertisement

Click Here > Lucky Bag

အထုံ၊ အချို၊ အစပ် အရသာ မှန်ကန် စိမ့်ဝင်နေအောင် နှပ်ထားတဲ့ အသားတွေကို မီးသွေးနဲ့ ကင်ပြီး အပေါ်ကနေ ဘိန်းစေ့လေးတွေပါ ဖြူးပေးထားတော့ အနံ့မွှေးမွှေးလေးနဲ့ နူးညံ့ပြီး စားလို့ကောင်းပါတယ်။ 

No photo description available.

အကင်စားရင် အချဥ်ဆိုတာ မပါမဖြစ် တွဲစားရမယ့်အရာမလား? Mandalay BBQ က အချဥ်ဆိုရင် အကင်နဲ့ လိုက်ဖက်အောင် Sauce ကို (၃) မျိုး သေချာလေး စပ်ပေးပါတယ်။ ရှူးရှူးရှဲရှဲ အရသာလေးကိုမှ သုံးဆောင်ချင်သူတွေအတွက် ယိုးဒယားချဉ်ဆောစ့်၊ အရသာ အရမ်းမပြင်းတာလေး ကြိုက်တတ်ရင် အဆိမ့်အရသာနဲ့ အစပ်အရသာ ပေါင်းစပ်ထားတဲ့ မုံညှင်းချဉ်ဆောစ့်၊ အအီပြေအောင် အချဉ်အရသာလေးပဲ ခံစားချင်တာဆိုရင်တော့ မာလာချဉ်ဆောစ့်တို့ပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးအနေနဲ့ အကင်လည်းရပြီ၊ အချဉ်လည်း အိုကေပြီဆိုရင် ဘီယာအေးအေး၊ ကော့တေးမွှေးမွှေးလေးနဲ့ Chill ဖို့ပဲ ကျန်ပါတော့တယ်။

No photo description available.

Mandalay BBQ မှာ မန္တလေးစတိုင် စီချွမ်အရသာ အကင်မွှေးမွှေးလေးတွေအပြင် ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ဝက်သား၊ ပင်လယ်စာ ခဲပတ်အကင်လေးတွေအပြင် မာလာအရသာကို ထိမိခံစားနိုင်စေမယ့် မာလာရှမ်းကော၊ မာလာမောက်ချိုက်နဲ့ မာလာစတိုင်ဟင်းပွဲတွေ၊ ဘီယာလေးနဲ့ဆို သိပ်လိုက်တဲ့ ဆိတ်လက်ဖက်ထောင်းတို့၊ အမဲကင်၊ လက်နွှာဘဲကင်တို့လည်း ရပါသေးတယ်။ 

ဒါ့အပြင် သတ်သတ်လွတ် စားရတာမှ ကြိုက်ပါတယ်ဆိုသူတွေအတွက် နှစ်တစ်ရာသီး၊ ပန်းစိမ်း၊ ရုံးပတေသီး၊ ပြောင်းဖူး၊ ခေါပုတ်၊ ခရမ်းသီး၊ အပ်မှို၊ ကုဆိုင်ရွက် အစရှိတဲ့ အသီးအရွက် တုတ်ထိုးကင်တွေရဲ့ အရသာကလည်း ထိမိနေမှာပါ။

Mandalay BBQ ဆိုင်လေး ရောက်ဖြစ်ရင် အကင်ချည်းပဲ ဖိစားမနေဘဲ အချိုပွဲတွေဖြစ်တဲ့ ကြွပ်ကြွပ်အိအိ မန်ထိုပေါက်စီကြော်၊ နူးနူးအိအိ မန်ထိုပေါက်စီပေါင်း၊ အကြွပ်ကြော်ထားတဲ့ အပြင်ခွံကို ကိုက်လိုက်တိုင်း အတွင်းပိုင်းထဲမှ စိမ့်ထွက်လာတဲ့ ချိုတဲ့အရသာနဲ့ မွှေးအီနေတဲ့ လက်ဖက်စိမ်းမုန့်၊ ပိန်းဥမုန့်နဲ့ ဖရုံသီးမုန့်တွေကို မြည်းစမ်းကြည့်ဖို့ လက်တို့ပေးလိုက်ပါတယ်။

ဆိုင်ရဲ့ ဟင်းပွဲစျေးနှုန်းတွေကလည်း ၃,၀၀၀ ဝန်းကျင် ၄,၀၀၀ လောက်ပဲဆိုတော့ စားရတာတာတန်ပြီး အရသာမှာလည်း လူကြိုက်များပြီး နာမည်ကောင်းတွေ ရထားတဲ့ဆိုင်လေးဖြစ်ပါတယ်။ 

No photo description available.

စီချွမ်အရသာဟင်းပွဲတွေကို Beer၊ Cocktails၊ Drinks မျိုးစုံနဲ့ လျှာစည်းစိမ်ခံပြီး ငြိမ့်ငြိမ့်လေး Chill ချင်တယ်ဆိုရင် အကင်ဆာနေသူများ ဆုံစည်းရာ Mandalay BBQ က ရွေးချယ်သင့်တဲ့ ဆိုင်လေးပါ။ 

Ph: 09 764 688 886, 09 762 866 668

Address: ရတနာလမ်းနဲ့ မေတ္တာလမ်းကြား၊ ဝေဇယန္တာလမ်းမပေါ်၊ တောင်ဥက္ကလာ။ (ဝေဇယန္တာ City Mart မျက်စောင်းထိုး)

BBQ Time - 1:00 pm  to  10:00 pm

Fb link: https://www.facebook.com/mandalaybbq/photos


Read 477 times.