Special Deals

အစားအသောက်အပါအဝင် အပြီဟဲဖို့ ငွေ ၁ သောင်းပဲ လိုတဲ့ Grammy

June 12, 2023

"ဘော်ဒါတွေ စုံလာပြီဆို မိုက်ခဲမယ်" ဆိုတဲ့သူတွေအတွက် “Grammy Family KTV” က ဇွန်လကုန်အထိ Buy 1 Get 1 Hour Session Free နဲ့ Buy 2 Get 1 Hour Session Free ပရိုမိုးရှင်း ပေးနေပါပြီ။ ဒီဆိုင်ရဲ့ စျေးနှုန်းတွေက ဘတ်ဂျတ်ဖြစ်တဲ့အတွက် ဘော်ဒါတွေ စုပြီး ကျသလောက်ကို American System နဲ့ ရှင်းမယ်ဆိုရင် တစ်ယောက်ကို ၁၀,၀၀၀ ကျပ်လောက်နဲ့ စားသောက်တာရော၊ သီချင်းဆိုတာပါ စိတ်ကြိုက် လုပ်လို့ရပါတယ်။

ဒီဆိုင်လေးကတော့ ကြည့်မြင်တိုင်၊ ကမ်းနားလမ်းက ဆာကူရာဟိုတယ်ရဲ့ Rooftop မှာရှိတဲ့ မိသားစု ကေတီဗီဆိုင်လေး ဖြစ်ပါတယ်။ ဖွင့်ထားတာ သိပ်မကြာသေးတော့ အခန်းတွေကလည်း သစ်လွင်တောက်ပနေပြီး သန့်သန့်ရှင်းရှင်း ရှိပါတယ်။ ကားနဲ့ သွားမယ်ဆိုလည်း လွယ်လွယ်ကူကူ ကားရပ်လို့ရအောင် ကျယ်ဝန်းတဲ့ ကားပါကင် စီစဉ်ပေးထားပါတယ်။

ပရိုမိုးရှင်းမှာ ရွေးချယ်စရာ အခန်းအမျိုးအစားတွေကတော့ တစ်နာရီစာကို -  
- လူ (၆) ယောက်အထိ ဆံ့တဲ့ Small Room - ၁၅,၀၀၀ ကျပ် 
- လူ (၁၀) ယောက်အထိ ဆံ့တဲ့ Medium Room - ၂၅,၀၀၀ ကျပ် 
- လူ (၁၅) ယောက်အထိ ဆံ့တဲ့ Large Room - ၃၅,၀၀၀ ကျပ် 
- လူ (၁၅) ယောက် အထိ ဆံ့တဲ့ VIP Room 1 -၄၀,၀၀၀ ကျပ် 
- လူ (၁၈) ယောက်အထိ ဆံ့တဲ့ VIP Room 2  - ၄၈,၀၀၀ ကျပ် 
- လူ (၃၀) ယောက်အထိ ဆံ့တဲ့ VVIP Room - ၆၅,၀၀၀ ကျပ် ဆိုပြီး အခန်းအမျိုးအစား (၆) မျိုးအထိ ပါဝင်ပါတယ်။

အခန်းသေး၊ အခန်းလတ်၊ အခန်းကြီး အစုံရှိတာမို့ လူနည်းနည်းနဲ့ပဲသွားသွား၊ အုပ်စုတောင့်တောင့်နဲ့  Squad လိုက်ကြီးပဲသွားသွား၊ မိသားစုတွေပဲသွားသွား အဆင်ပြေမယ့် ဆိုင်လေးပါ။

တနင်္လာကနေ ကြာသပတေးနေ့အတွင်း ဘယ်အချိန် သွားသွား Buy 1 Get 1 Hour Session Free ရမှာဖြစ်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဘယ်အချိန်သွားသွား Buy 2 Get 1 Hour Session Free နဲ့ သီချင်းတွေကို အပြီဟဲခွင့် ရမှာဖြစ်ပါတယ်။

Advertisement

Click Here > Central Ko Soe Myint

ဒီဆိုင်ရဲ့ ထူးခြားချက်က သီချင်းဆို ဝါသနာရှင်တွေအတွက် အကြိုက်တွေ့စေမယ့် အချက်လေးပါ။ ဘာလဲဆိုရင် ကိုယ်ဆိုတဲ့အသံကို Studio မှာ အသံသွင်းသလိုမျိုး ကိုယ့်ဖုန်းလေးနဲ့ ကိုယ် အသံပြန်သွင်းသွားလို့ရတဲ့ “Studio Live” Recording System လေး ပါဝင်တာပါ။  

TV ကထွက်တဲ့ Music နဲ့ ကိုယ့် Vocal စည်းချက်ညီညီဖြစ်ဖို့ Studio Condenser Mic၊ Headphone၊ Professional Mixer တွေကို သုံးပြီး Recording လုပ်လို့ ရပါတယ်။ Auto Tune လည်း ပါဝင်လို့ အဆိုမကောင်းတဲ့သူတွေဆိုရင်တောင် အသံကြည်ကြည်ရှင်းရှင်းလေးနဲ့ Cover Song ဆိုနေသလိုမျိုး ဖြစ်နေမှာပါ။ ကိုယ်ဆိုထားတဲ့ အသံကို ကိုယ့်ဖုန်းထဲ ပြန်သိမ်းသွားလို့ရတော့ အမှတ်တရလေးလည်း ဖြစ်တာပေါ့။

ဒါ့အပြင် အခန်းတိုင်းကို Professional Audio အင်ဂျင်နီယာတွေနဲ့ တွက်ချက်ပြီး Speaker တွေကို တပ်ဆင်ထားတဲ့အပြင် အသံချိန်ညှိထားတာမို့ အသံစူးတာ၊ အသံအူတာမျိုး မရှိပါဘူး။ အခန်းတွေကိုလည်း Room Acoustic Treatment သေချာလုပ်ပေးထားတာမို့ Sound System တော်တော် ကောင်းပါတယ်။ 

အဆိုသမားတွေအတွက်ပဲ အဆင်ပြေတာမဟုတ်ဘဲ အစားသမားတွေအတွက်ဆိုလည်း အရသာကောင်းပြီး စျေးလည်းတန်တဲ့ ရွေးချယ်စရာ အမြည်းတွေရှိပါတယ်။ ဒီဆိုင်ရဲ့ လူကြိုက်များ နာမည်ကြီးတဲ့ ဟင်းပွဲတွေကတော့ မက္ကဆီကန် ကြက်သားဟင်း၊ ကြက်ဥလမ်းသရဲမုန့်၊ ပုစွန်အစိမ်းသုပ်၊ ကြက်ဂွေးတောက်ဟင်းချို၊ ငါးရှဉ့်ခြောက်စပ်၊ မာလာအာလူးချောင်းကြော်၊ ဆိတ်မွထောင်း၊ ချိုချဉ်ကြော် ဖြစ်လို့ ရောက်ဖြစ်ရင် မြည်းစမ်းကြည့်ကြပါ။

အသောက်သမားတွေအတွက်လည်း Bar Counter ရှိတော့ ဖျော်ရည်ယမကာအစုံ၊ Soft Drinks တွေ၊ Fresh Juice တွေရနိုင်လို့ ပူစရာမလိုပါဘူး။ နောက်ပြီး သူ့ဆိုင်မှာက အစားအသောက်နဲ့ တွဲထားတဲ့ Room Package လေးတွေလည်း ရှိပါတယ်။

အခန်းတွေက Small (၃) ခန်း၊ Meidum (၃) ခန်း၊ Large (၂) ခန်း၊  VIP Room 1 (၁) ခန်း၊ VIP Room 2 (၁) ခန်းနဲ့ VVIP Room (၁) ခန်းဆိုပြီး စုစုပေါင်း (၁၁) ခန်းပဲရှိလို့ မသွားခင် ကြိုတင် ဖုန်းဆက် ဘွတ်ကင်လုပ်ပြီးမှ သွားကြဖို့ အကြံပြုချင်ပါတယ်။

လိပ်စာ - အမှတ် ၁၉၅-၂၀၃ ၊ ဆာကူရာ ဟိုတယ် ၊ Penthouse Floor ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း (သစ်တောမှတ်တိုင်အနီး)၊ အလုံမြို့နယ်။

ဖုန်း - 09887766100 ၊ 09887766200 

ဆိုင်ဖွင့်ချိန် : 11:00 AM to 11:00 PM


Read 554 times.