Cafes & Restaurant

အမိုက်စား အပြင်အဆင်လေးနဲ့ ဓာတ်ဖမ်းချင်သူတွေအကြိုက် ထူးခြားတဲ့ ကော်ဖီဆိုင်လေး

December 7, 2020

အခုလိုကာလမှာ ခရီးမသွားရပေမယ့် Decoration လှတဲ့နေရာလေးတွေမှာ ဓာတ်ဖမ်းဖို့အတွက်တော့ တော်တော်များများက စိတ်ကူးထားကြပါတယ်။စိတ်ကူးထဲကနေ ထပ်တူကျနိုင်လောက်တဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်ရှိတယ်ဆိုရင်ရော…

ဒီကော်ဖီဆိုင်လေးကတော့ ဖွင့်ထားတာ သိပ်မကြာသေးပါဘူး။စိတ်ငြိမ်ဖွယ်ရာ  ပတ်ဝန်းကျင်၊ ထူးခြားတဲ့ အပြင်အဆင်လေးတွေ ၊ ရှုခင်းကောင်းကောင်းလေးတွေ ကြည့်ချင်သူတွေအတွက် Roop Top Bar လည်းရှိသလို အထူးခြားဆုံး ဆိုင်ရဲ့ Menu ကတော့  မြန်မာ့မုန့်ဖြစ်တဲ့ ဘိန်းမုန့်နဲ့ နှပ်ကာဖီကို တွဲစပ်ထားတာပါ၊


ဒီကော်ဖီဆိုင်တစ်ခုလုံးကို အဖြူရောင်ဆေးလေးတွေ သုတ်ထားပြီး စားပွဲခုံ၊ထိုင်ခုံတွေကအစ အဖြူရောင်လေးတွေကို အများဆုံး အသုံးပြုထားတာ ဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲက ကော်ဖီဆိုင်ပုံစံလေးနဲ့ ဆင်တူပါတယ်။ကိုရီးယားဆန်ဆန် ကော်ဖီဆိုင်လေးလို့လည်း ပြောလို့ရပါတယ်။


ချစ်ရတဲ့သူနဲ့ အေးအေးဆေးဆေး Coffee Date လုပ်တာပဲ ဖြစ်ဖြစ်၊ အလုပ်ကိစ္စဆွေးနွေးဖို့အတွက် ဆေးဆေးတဲ့နေရာလေးကို ရှာနေတာပဲ ဖြစ်ဖြစ်၊ တစ်ယောက်ထဲ အေးဆေးအနားယူပြီး စာဖတ်ချင်တာပဲ ဖြစ်ဖြစ်၊ ပန်းပင်လေးတွေလည်း စိုက်ပျိုးထားတဲ့အတွက် စိတ်ကြည်နူးစေမှာတော့ အမှန်ပါပဲ။


ဆိုင်ရဲ့ အဓိက Menu ကတော့ ဘိန်းမုန့်နဲ့ နှပ်ကာဖီ ဖြစ်ပြီး အာလူးပက်ခ် ၊ Tuna Bun Chicken Floss စတဲ့ မြန်မာ့မုန့်အချို့အပြင် ကိတ်မုန့် မျိုးစုံလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် Sunday Special Menu အနေနဲ့ Sunday မှာဆိုရင် မြန်မာ့မုန့် တစ်မျိုးဖြစ်တဲ့ မုန့်စိမ်းပေါင်းကို ၀ယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ်(၆၇/၆၈)၊ တပင်ရွှေထီးလမ်း၊(၃၄)ရပ်ကွက် ၊မြောက်ဒဂုံ မြို့နယ်ပဲ ဖြစ်ပါတယ်။ဒါကတော့ ကော်ဖီဆိုင်လေးရဲ့ Page Link လေးပါ>>>https://bit.ly/2VLjCLF

ကိုဗစ်ကာလ ဖြစ်တဲ့အတွက် အပြင်ထွက်တဲ့အခါမှာ Mask တပ် ၊ လက်ဆေးဖို့တော့ မမေ့ကြပါနဲ့နော်။
အခုလိုကော်ဖီဆိုင်လေးအပြင် ထူးထူးခြားခြားကော်ဖီဆိုင်လေးတွေ တွေ့ခဲ့ရင်လည်း အချင်းချင်းမျှဝေခဲ့ကြပါအုံးနော်။

Photo crd-daisy,di coffee house


Read 1225 times.