Promos & Deals

လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်း

September 4, 2020

လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်း

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီဆောင်ရွက်လျက်ရှိရာ ဓါတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓါတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့်လူနာများ တွေ့ရှိရမှု များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံမှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ကူးစက်ရောဂါ များကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ-၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်အမှတ် (၁၀၀/၂၀၂၀)ကို ထုတ်ပြန်ကြေငြာခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်သည် Stay At Home အစီအစဉ် ပါဝင်ပါသည်။ 

 

၂။ သို့ဖြစ်ပါ၍ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19)
ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မိမိမြို့နယ်အတွင်း ကူးစက်မှုထပ်မံ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် စုဝေးစားသောက်ခြင်းများကိုခွင့်မပြုဘဲ ပါဆယ် (Take Away) ဖြင့်သာ ရောင်းချစေရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသဖြင့် ကူညီလိုက်နာဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအသိပေးနှိုးဆော်အပ် ပါသည်။
 

မြို့နယ်စည်ပင်သာယာရေးကော်မတီ


Read 241 times.