Eating Tips

ပုဂံရောက်ရင် စားသင့်တဲ့ မြန်မာဘူဖေး အညာထမင်းဆိုင်

March 20, 2020

ပုဂံသွားတဲ့အခါ ပုဂံကရှေးဟောင်းဘုရားတွေရဲ့ ဖြစ်တည်မှု ဖြစ်ပေါ်လာပုံတွေကို လေ့လာရင်း တွေးတောရင်းနဲ့တင် ပုဂံခရီးလေးက မပြည့်စုံသေးဘူးနော်။ ပုဂံရောက်တုန်း အညာစာ အညာအရသာစစ်စစ်ကို စားသုံးနိုင်မဲ့ အခွင့်အရေးလေးကိုလည်း လက်မလွှတ်သင့်ဘူးလေနော်။ပုဂံမှာ ဆိုင်တွေကအများကြီးဆိုတော့ ဘယ်ဆိုင်စားရမလဲ စဉ်းစားရခက်ပြန်ရောပေါ့။ 

ဒါဆိုရင်တော့ အညာအရသာစစ်စစ်ကို လက်ရာကောင်းကောင်းနဲ့ စားလို့ရနိုင်မဲ့ ဆိုင်ကို ညွှန်းချင်ပါတယ်။ဒီဆိုင်လေးက မြန်မာအစားအစာဘူဖေးဆိုင်ဖြစ်ပြီး ဆိုင်နာမည်လေးက ရွှေမြန်မာ ၂ တဲ့ ။မြန်မာအစားအစာဘူဖေးအတွက် တယောက်ကို ၃၅၀၀ ဝန်းကျင်လောက်ကျသင့်ပါတယ်။ 

 

Image may contain: plant, tree and outdoor

ဆိုင်လေးကအာနန္ဒာဘုရားနားမှာဖွင့်ထားတာဖြစ်ပြီး လူအယောက် ၅၀ လောက်တစ်ပြိုင်တည်းအေးဆေးစားလို့ရတဲ့ဆိုင်လေး။ မြန်မာဘူဖေးဆိုတော့ လိုအပ်တဲ့ ဟင်းတွေ ထမင်းတွေကို စားပွဲထိုးလေးတွေက လိုက်ပြီးဖြည့်ဆည်းပေးရတာဆိုတော့ လူအရမ်းများများဝင်တဲ့ဆိုင်ဆိုရင် ဧည့်ဝတ်မကျေတတ်ကြဘူးဆိုပေမဲ့ ဒီဆိုင်လေးကတော့ အရမ်းဧည့်ဝတ်ကျေရှာပါတယ်။ 

Image may contain: food

ဒီဟာလေးကတော့ ပုဂံစာလေးပေါ့။ ပုန်းရည်ကြီးလေးနဲ့ ဆီစိမ်းလေးကို စိမ်ထားတာလေး ။ အရသာကဘာနဲ့မှမလဲနိုင်အောင်ဆိမ့်နေတာဆိုတော့ ထမင်းစားဝင်ချက်က တလုတ်ပြီးတလုတ်ကို ဆက်နေတော့တာပါဘဲ။

 

Image may contain: food

ဒါလေးကတော့ မျှစ်နဲ့ တဇောင်းခါးနဲ့ ရောချက်ထားတာလေး အညာစာစစ်စစ်ပေါ့လေ။ တဇောင်းခါးရဲ့ ခါးသက်သက် မျှစ်ရဲ့ချိုတဲ့အရသာနဲ့ပေါင်းစပ်ထားတဲ့အညာချက်ကလေးဆိုတော့ ဘယ်လို့တောင်ပြောပြရမှန်း တောင်မသိတော့ပါဘူးနော် အရသာကကောင်းလွန်းလို့။

 

Image may contain: food

ဒါကတော့မရမ်းသီးချက်လေးပေါ့နော်။ စားကောင်းလွန်းလို့တောင်းရတာအခါခါပေါ့ ။အညာစာဆိုတော့ဆီကတော့နည်းနည်းများတာပေါ့။ ဒါပေမဲ့ စားကောင်းချက်ကတော့ ရှယ်ဘဲ ။ မရမ်းသီးရဲ့အချဉ်အရသာကလဲအနေတော်ပဲ ပဲဆီရဲ့ဆိမ့်တဲ့အရသာနဲ့ ငရုတ်သီးစိမ်းလေးတွေခပ်ထားတော့ ခပ်စပ်စပ်လေးဆိုတော့ ထမင်းမြိန်ချက်ဘဲ။

 

Image may contain: food

အရွက်သုပ်အရံဟင်းဆိုပြီးတော့ အထင်တော့မသေးလိုက်နဲ့။ အညာပဲမှုန့်စစ်စစ်နဲ့ ဆီချက်မွှေးမွှေးလေးရယ်၊ အရွက်ကလတ်ဆတ်ပြီးချိုတဲ့အရသာတွေပေါင်းစပ်ထားတာဆိုတော့ အသီးအရွက်မကြိုက်တဲ့သူတွေတောင်လျှာလည်သွားနိုင်တဲ့ အရံဟင်းလေးပေါ့။

 

Image may contain: 1 person, food

အညာဆိုတဲ့အတိုင်းပဲနှပ်ကလေးကတော့မပါရင် မဖြစ်ဘူးနော်။ ပဲပြားလေးတွေကိုပုံမပျက်ပဲနှပ်ထားတာက တကယ်ဆရာကျတယ်ဗျာ ပဲကချိုတဲ့အရသာရယ် ၊ ဆိမ့်တဲ့အရသာရယ်ကလေ လျှာပေါ်စွဲကျန်ခဲ့စေတာအမှန်ပါ။ အချိုမှုန့်အရသာစွဲကျန်ခဲ့တာမဟုတ်ဘူးနော် သဘာဝအရသာ ကွက်တိပဲ။ 

 

Image may contain: food

ဝက်သားဟင်းချက်လေးပါ။ သူလဲကောင်းနေရောပဲ ။ခရမ်းချဉ်သီးနဲ့အညာစတိုင်ချက်ထားတာဖြစ်ပြီး အဆီအခေါက်လေးတွေကနူးအိပြီး ခရမ်းချဉ်သီးရဲ့ ချဉ်ချိုအရသာလေးကိုပေါင်းစပ်ထားတာများ စားလိုက်တိုင်းကို ရှိသမျှအမျိုးအကုန်မေ့ပဲဗျာ။  အသားမှာဝက်ဆိုတဲ့အတိုင်း ဝက်သားအညာစတိုင်ချက်လေးကို တော်တော်လေးကြိုက်မိတဲ့ဟင်းလေး။

 

Image may contain: food

ဆိတ်သားနှပ်ချက်လေးပါ ။ကိုယ်တွေကဆိတ်သားဆိုရင်ကုလားချက်ပဲကြိုက်တာလေ ။မဆာလာနံသင်းသင်းလေးနဲ့ပေါ့ ။အညာစတိုင်ချက်ထားတာဆိုတော့ကိုယ်အကြိုက်မဟုတ်လောက်ဘူးထင်ပြီး ဦးစားပေးမမြည်းခဲ့ဘူးလေ။ ဘယ်ဟုတ်မလဲ။အထင်နဲ့ အပြင်နဲ့ကလွဲချက် ။စမ်းစားကြည့်လိုက်တော့ ဆိတ်သားဆိုတာလေနူးပြီး ချိုနေတာပဲ။ အစတုန်းကတော့မဆာလာမပါရင်ညှီမယ်ထင်နေတာ ၊ဆိတ်ဆိုတာညှီတဲ့အမျိုးမလား ။တစက်ကလေးတောင်မညှီတာအံရော။ ဟင်းချက်လက်ရာကတော့ လက်ဖျားခါလောက်တယ်။

 

Image may contain: food

ကြက်သားကိုလဲခရမ်းချဉ်သီးနဲ့ရောချက်ထားတာဗျာ။ ကိုယ်တွေက ခရမ်းချဉ်သီးဆိုရင် အစိမ်းသုတ်လောက်ပဲကြိုက်တာလေ။ အသားဟင်းထဲများ ခရမ်းချဉ်သီးရောချက်ရတယ်လို့ ၊ကြံကြံဖန်ဖန်ချက်တယ်ဆိုပြီး အပြစ်တင်စောနေတာ ။ဘယ်မဟုတ်မလဲ ခရမ်းချဉ်သီးကြက်သားအနှစ်နဲ့လူးစားကြည့်လိုက်တာ ထမင်းတစ်ပန်ကန်ဘယ်လို့ကုန်သွားမှန်းတောင်မသိလိုက်ဘူးဗျာ။

 

ဒါလေးကတော့ ထမင်းစားပြီးရင် တည်ခင်းပေးတဲ့ လက်ဖက်လေးပါ။ လက်ဖက်လေးကတော့ သာမန်ပါဘဲ။ အရမ်းကြီးတော့ မထူးကဲပါဘူး။ ဒီဆိုင်လေးကတော့ ပုဂံရောက်လို့ အညာအရသာစစ်စစ်တွေကိုမှ စားသုံးချင်တဲ့ သူတွေအတွက် တကယ့်ကို ဆိုင်ကောင်းလေးတစ်ဆိုင်ဆိုတော့ ပုဂံကိုလည်လည်ရောက်ခဲ့ရင် ဒီဆိုင်လေးကို သွားဖြစ်အောင် သွားခဲ့ကြပါလို့။
..
ဆရာ‌‌စောသာထူးစေး


Read 1149 times.