Special Deals

မန္တလေးမှာ စားလို့ကောင်းတဲ့ မြန်မာထမင်းဆိုင်များ...

February 3, 2020

မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မြို့ရွှေမန္တလေးကို အလည်တစ်ခေါက်ရောက်လို့ဖြစ်ဖြစ်၊ ဘုရားဖူးရောက်လို့ပဲ ဖြစ်ဖြစ် ၊ အလုပ်ကိစ္စနဲ့ပဲ ဖြစ်ဖြစ်‌ရောက်ခဲ့ရင် စားကောင်းတဲ့ နာမည်ရ မြန်မာထမင်းဆိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်...မြန်မာထမင်းဟင်းကြိုက်နှစ်သက်သူများဆိုရင်တော့ ကွက်တိပဲပေါ့နော်...

.. အထက်ဘက်ကို လာပြီဆိုတော့ အညာ‌‌ဒေသ အငွေ့အသက်လေးတွေ ကိုခံစားရပြီပေါ့ ... ဒီတော့ မြန်မာထမင်းဟင်း စားမယ်ဆိုရင်လည်း အညာအငွေ့အသက်လေးတွေ လွှမ်းခြုံထားတဲ့ ဆိုင်လေးနဲ့ပါ အရင်မိတ်ဆက်ပေးလိုက်တယ်နော်..

(၁) ဗွေးတုတ်တို့ မြန်မာထမင်းဆိုင်

ဒီဆိုင်လေးက ရှေးမူမပျက်အညာလက်ရာစစ်လေးကို ရိုးရာမပျက် ကျန်းမာရေးနှင့် ညီညွတ်စွာ စားရမဲ့ ဆိုင်လေးပါ..ရိုးရားဆိုင်တိုင်းမှာမရနိုင်တဲ့ အညာအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ယာတောပြန် ဟင်းလေးတွေ စားမဲ့ ဆိုင်ပါ..ဆံရစ်ဝိုင်းမိန်းမပျိုလေးတွေ ဝန်ဆောင်မှုပေးနေတာက ထူးခြားနေပြီး သန့်ရှင်းမှုနှင့် အရသာထူးခြားတဲ့ ဟင်းလျာလေးတွေကြောင့် နာမည်ရနေတဲ့ ဆိုင်လေးပါ..

ဆိုင်လိပ်စာက - ၂၇လမ်း ၊ ၆၄ လမ်း နှင့် ၆၅ လမ်း ကြားမှာရှိပါတယ်..
ဖုန်းနံပါတ် - ၀၉ ၇၉၂ ၀၀၈ ၉၈၉

(၂) တူးတူး မြန်မာထမင်းဆိုင်

နာမည်တစ်ခုနဲ့ အခိုင်အမာ သက်တမ်းကြာမြင့်စွာ ရောင်းချနေတဲ့ မြန်မာထမင်းဆိုင်ဖြစ်ပါတယ်..သူများတွေနဲ့မတူ ဟင်းလျာရာ မီနူးတွေက ဒီဆိုင်လေးရဲ့ ထူးခြားချက်ပဲ..အဲယားကွန်းခန်းထဲမှာ သက်တောင့်သက်သာစားနိုင်တဲ့ ဆိုင်လေးဖြစ်ပြီး ဆိတ်သားခြောက်ကြော်၊ ငပိလိမ္မာ ကြော် တို့က နာမည်ရ ဟင်းအမယ်လေးတွေပါ...

ဆိုင်လိပ်စာက - ၂၇ လမ်း ၊ ၇၄ လမ်း နှင့် ၇၅ လမ်း ကြားမှာရှိပါတယ်..
ဖုန်းနံပါတ် - ၀၉ ၉၆၅ ၉၆၄ ၃၃၄

(၃) အညာမြေ မြန်မာထမင်းဆိုင်

“ အညာမြေဆီကို ရောက်လာ ကျွန်တော်ဟာ တောင်ပေါ်သားပါ “ အယ် .. မြေပြန့်သားလဲ ဖြစ်နိုင်တာပဲ..ဟုတ်တယ်မလား..
ဒီသီချင်း‌လေးလိုပါပဲ ဆိုင်အမည်လေးက အညာမြေထမင်းဆိုင်... ရောက်လေရာမှာ ဆဲဖ်ဖီး ဆွဲရမှ ကျေနပ်မဲ့ သူတွေဆိုရင်တော့ ဒီဆိုင်လေးရဲ့ တစ်မူထူးခြားတဲ့ အပြင်အဆင်‌လေးတွေက ကွက်တိပဲနော်..ဆိုင်ခွဲ နှစ်ဆိုင်ရှိပြီး အရသာ၊ အပြင်အဆင် တူညီသလို မြန်မာမှု မြန်မာ့ဟန် အပြင်အဆင်လေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ဆိုင်ဆိုလည်း မမှားဘူးပေါ...

ဆိုင်လိပ်စာ - ဆိုင်ခွဲ(၁) ၅၉လမ်း ၊ ၂၆ လမ်းနှင့် ၂၈ လမ်းကြား 
ဖုန်းနံပါတ် - ၀၉ ၇၇၇ ၂၂၂ ၁၃၈ 

ဆိုင်ခွဲ (၂) လမ်း ၆၀ ၊ ငုဝါလမ်း နှင့် ဇလပ်ဝါလမ်းကြား 
ဖုန်းနံပါတ် - ၀၉ ၇၇၇ ၄၀၄ ၄၂၂

(၄) ဒေါင်းလန်းကြီး မြန်မာ့ရိုးရာပွဲတော်စာ

အိမ်ချက်လက်ရာတွေနဲ့ နာမည်ကြီးလှ ဒေါင်းလန်းကြီး မြန်မာထမင်းဆိုင်ပါ.. ဆိုင်အမည်မှာပါသလို ပွဲတော်စာကို အဖွဲ့ လိုက်စားလို့ရသလို တစ်ယောက်ခြင်းစီလည်း စားလို့ရတဲ့ ဒေါင်းလန်းလည်း ရှိပါတယ်..ဆိုင်ရဲ့ထူးခြားချက်က ဒေါင်းလန်းကြီးအပြင် မိုက်ခဲဝါသနာရှင်တို့ အပြင်းပြေ သီဆိုနိုင်မဲ့ အပေါ်ထပ်အခန်းကျယ် ကာရာအိုကေ လည်းရှိပါတယ်..အနုပညာရှင်တွေလဲ လာရောက်စားသုံးလေ့ ရှိတဲ့ ဆိုင်လည်းဖြစ်ပါတယ်..

ဆိုင်လိပ်စာ - ၃၅ လမ်း၊ ၅၇ လမ်း နှင့် ၅၈ လမ်းကြား မှာရှိပါတယ်..
ဖုန်းနံပါတ် - ၀၉ ၇၇၇ ၅၅၅ ၉၀၁

 

(၅) အေးမေတ္တာ မြန်မာထမင်းဆိုင် 

မြန်မာထမင်းဆိုင်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဒီဆိုင်လေးဟာဆိုရင် ၈၁ လမ်းမှာ တည်ရှိပြီး စားလို့ကောင်းတဲ့ အရသာကောင်း ထမင်းဆိုင်လေး တစ်ဆိုင်ပါ..

ဆိုင်လိပ်စာ - ၈၁ လမ်း၊ ၃၆ လမ်း နှင့် ၃၇ လမ်း ကြားမှ ရှိပါတယ်..
ဖုန်းနံပါတ် - ၀၂ ၃၁၆၂၇

(၆) မင်္ဂလာပါ မြန်မာထမင်းဆိုင်

“ ထမင်းစားမလား .. မင်္ဂလာပါ.. မှာစား “ ဆိုတဲ့ ဆိုင်ခွဲ (၄) ဆိုင်တောင် ရှိတဲ့ မင်္ဂလာပါ မြန်မာထမင်းဆိုင်လေး‌ပေါ့ .. ပင်ရင်းဆိုင်လေးက သွားရေးလာရေး အဆင်ပြေလှတဲ့ မြို့လည် ဗထူးကွင်းနားမှာ ရှိပြီး မြန်မာထမင်းဟင်း အပြင် အချိုပွဲ မုန့်အနေဖြင့် မြန်မာ မုန့်အစုံ ပါ ရရှိမဲ့ ဆိုင်လေးလည်းဖြစ်တယ်...ပင်းရင်းဆိုင်နဲ့ အခြားဆိုင်ခွဲ လိပ်စာလေးတွေကိုပါ ဖော်ပြပေးလိုက်တယ်နော်...

ပင်ရင်း - ၇၁လမ်း ၊ ၂၈လမ်း × ၂၉လမ်းကြား ၊
မန္တလေး ။ ဖုန်း 024060480 ၊ 09797979166

ဆိုင်အမှတ်(၂) -၂ဝ၁ မိုင် ၊ မန္တလေးမှ ရန်ကုန်သွားသည့် ဘက်ခြမ်း၊ နေပြည်တော် Rest Camp ၊
ဖုန်း 09960011355

ဆိုင်အမှတ် (၃) - 76 Mile, Rest Camp, ရန်ကုန်မှ မန္တလေးသွားသည့်ဘက်ခြမ်း၊ ပဲခူး ။
ဖုန်း 09960011388

ဆိုင်အမှတ် (၄)-၂၀၁မိုင် ရန်ကုန်မှ မန္တလေးသွားသည့်ဘက်ခြမ်း၊ နေပြည်တော် Rest Camp,
ဖုန်း 09960011377

ဒီလိုဆိုရင် မန္တလေးမှာ မြန်မာထမင်းဟင်းကောင်းကောင်းလေးတွေ စားလို့ရပြီနော်..
 


Read 2619 times.