ဒိန်ချဉ် ရဲ့ ကောင်းကျိုးများ
အမေရိကန် ဆေးဝါးသုတေသနက နောက်ဆုံးထုတ်ပြန်ချက်တွေအရ အစာစားပြီးတိုင်း ဒိန်ချဉ်တစ်ခွက် သောက်သုံးခြင်းက ခန္ဓာကိုယ်ထဲရှိ ပါရာသိုင်းရွိုက်(parathyroid) ဟော်မုန်းဓာတ်ပိုထွက်စေလို့ ယင်းဓာတ်ကမလိုအပ်တဲ့ အဆီဓာတ်တွေကို လောင်ကျွမ်းစေကာ ဗိုက်သားတစ်ဝိုက် အဆီဖုံးခြင်းကိုလျော့ကျစေတယ်ဆိုတယ်။ယနေ့ ပျိုပျိုမေတို့စိတ်ပူနေတဲ့ သိပ် အစားများသွားရင် ဗိုက်ပူမှာ ကြောက်သူတွေဒိန်ချဉ်သောက်သုံးသင့်ပါတယ်။
ဒိန်ချဉ်ဟာ လူ့ကိုယ်အတွင်း မကောင်းတဲ့ အဆီ(LDL)ကိုလက်စထရောတွေ ကျဆင်းစေပြီး အကျိုးပြုအဆီ(HDL)ကိုလက်စထရောတွေကို မြှင့်တင်ပေးနိုင်တယ်။ ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေဟာ အမျိုးသမီးတွေရဲ့ မျိုးပွားမအင်္ဂါမှိုစွဲခြင်းကို သန့်ရှင်းစေပြီး မအင်္ဂါမှိုစွဲခြင်း၊ အဖြူဆင်းယားယံခြင်းတို့ကို ကာကွယ်ပေးနိုင်ကြောင်းဆိုတယ်။အမျိုးသမီးအများစုဟာ လစဉ်ဓမ္မတာလာ စဉ် နာကျင်ကိုက်ခဲမှုဝေဒနာတွေ လျော့ပါး သက်သာစေဖို့ ဒိန်ချဉ်တစ်ခွက် နေ့စဉ် သောက်သုံးပေးသင့်တယ်။ ဒိန်ချဉ်ဟာ အ မျိုးသမီးဟော်မုန်းကို မျှတစေတဲ့ အစွမ်းရှိ ကြောင်း ယေး (Yale) တက္ကသိုလ် သားဖွားမီးယပ် ပါမောက္ခဒေါက်တာမာရီဂျိန်းမင်းကင် (Dr.Mary Jane Min Kin) ကအ ကြံ ပြုထားတယ်။ ဒိန်ချဉ်ဟာ ကမ္ဘာ့ အကောင်းဆုံး အကျိုးပြုဆုံး အစားအသောက် ၁၀ မျိုးထဲမှာပါဝင်တယ်။
၂၀၁၂ ခုနှစ် ဆက်စပ်လေ့လာမှုအရ အဝလွန်သူတွေကို အဆီထုတ်ထားတဲ့ ဒိန်ချဉ်ခြောက်အောင်စကို နေ့စဉ်တစ်နေ့ သုံးကြိမ် စားသောက်စေတဲ့အခါ ကာလ တိုအတွင်း ကိုယ်အလေးချိန် ၂၂ရာခိုင်နှုန်းနဲ့ ဝမ်းဗိုက်အဆီ ၆၀ရာခိုင်နှုန်လျော့ကျသွားတယ်ဆိုတယ်။ ရေရှည် အဝလျှော့ လိုသူတွေအတွက် ညဘက် ဒိန်ချဉ်တစ်ခွက်နဲ့အားလူးပြုတ်တစ်လုံးပဲလိုတယ်။
ဒိန်ချဉ်မှာပါတဲ့ လက်တစ်အက်စစ်ဟာ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှား တွေကို သေစေနိုင်ရုံမကနောက်ဆက်တွဲ ခံတွင်းအနံ့ဆိုးခြင်းကို လျော့ကျစေပါ တယ်။ သွားနဲ့သွားဖုံးတွေ ကြံ့ခိုင်စေတာ ကြောင့် အနည်းဆုံး တစ်ပတ်ကို လေးကြိမ် လောက် ဒိန်ချဉ်သောက်သုံးသင့်ပါတယ်။ ဒိန်ချဉ်သောက်သုံးမှုကြောင့် သွားဖုံးရောဂါ နဲ့ သွားပိုးစားခြင်းကို ၂၅ ရာခိုင်နှုန်း လျှော့ ချနိုင်ကြောင်းကို တိုကျိုမြို့ ဖူကူအိုကာ တက္ကသိုလ်ပညာရှင်တွေနဲ့ သြစတြေးလျား ဆေးသုတေသီတွေက အကြံပြုထားတယ်။ အသက်သုံးနှစ်အရွယ်ကလေးတွေကို ဒိန်ချဉ် ပုံမှန်တိုက်ကျွေးပေးခြင်းက သွားများအပေါ် အလွှာတစ်ထပ်ဖုံးစေကာ သွားပိုမို ခိုင်မာလာကြောင်း သိရပါတယ်။
သာမန်လူတစ်ယောက် တစ်နေ့တာ ပရိုတင်း ၂၀ ရာခိုင်နှုန်းကို ဒိန်ချဉ်တစ်ခွက် သောက်ရုံနဲ့ ရနိုင်သလို အသားရှောင်သူ (သက်သတ်လွတ်သမား) အတွက် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဒိန် ချဉ်က ဖြည့်စွမ်းပေးနိုင်မှာ ဖြစ်တယ်။ ဒိန် ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဟာ အစာခြေစနစ် ကောင်းမွန်စေပြီး လေ ပွ၊ ဝမ်းချုပ်၊ ဝမ်းလျှော၊ ဝမ်းပျက်မှုကို ကာ ကွယ်ပေးနိုင်ပါတယ်။ ဆာလောင်မှုကို ပြေပျောက်စေပြီး အစာအိမ်နဲ့ အူလမ်း ကြောင်းကို အကျိုးပြုစေနိုင်တယ်။ မှိုပိုး ဝင်ရောက်မှုကြောင့်ဖြစ်တဲ့ မစင်မှာ အချွဲပါ ခြင်းကို ဒိန်ချဉ်က သက်သာပျောက်ကင်း စေနိုင်တယ်။ မလိုင်အပြည့်ပါတဲ့ ဒိန်ချဉ် က ဖက်ခွက်နာ၊ ပြည်တည်နာအပြင် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်း အထိ လျှော့ချစေနိုင်လို့ စားသုံးသင့်တယ်။ ယင်းကို အမေရိကန် လက်တွေ့အာဟာရ (American Journal of clinical Nutrition) ဂျာ နယ်မှာ ဖော်ပြထား တယ်။
ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုဘိုင်အိုတစ်(probiotics) ဘက်တီးရီးယားတွေက အဆစ်အမျက် ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေပါတယ်။ အရက် အလွန်အကျွံ သောက်သူများ ဒိန်ချဉ်သောက်သုံးပေးရင် အသည်းထိခိုက်မှုကို လျော့ကျစေမှာ ဖြစ်သလို ဆေးလိပ်သောက်တတ်သူတွေအတွက်လည်း ဒိန်ချဉ်က အဆုတ် ထိ ခိုက်မှု ကို လျော့ပါးစေပါတယ်။ ရာသီ အကူးအ ပြောင်းကြောင့် ဖြစ်တတ်တဲ့ ဓာတ်မတည့် ခြင်း၊ လည်ချောင်းနာခြင်း၊ အအေးမိခြင်း၊ နှာစေးခြင်းကို ဒိန်ချဉ် သောက်သုံးခြင်းက သက်သာစေနိုင်သလို ညဘက်မှာ နှစ်ခြိုက် စွာအိပ်ပျော်စေဖို့နဲ့ သွေးတိုးရောဂါ မဖြစ်စေဖို့ ဒိန်ချဉ်က အကျိုးပြုပါတယ်။ အသက် ၁၀-၁၂ နှစ်အရွယ် အမျိုးသမီးငယ်တွေ အရိုးသန်မာစေဖို့ ကယ်လ်ဆီယမ် ဖြည့် စွက်စာ အဖြစ် ဒိန်ချဉ်စားသုံးပါက အရိုး သိပ် သည်း ဆ ကောင်းစေရုံမက အရိုးပျော့ ရောဂါ၊ အသက်ကြီးပိုင်း အရိုးပါးရောဂါ သက်သာစေနိုင်ပါတယ်။
လူခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အပူ ကယ်လိုရီ ကြည့်ရင် နွားနိုု့ ၁ဝဝ ဂရမ်မှာ ၆၆ ကယ်လိုရီပါတယ်။ ဒိန်ချဉ် ၁ဝဝ ဂရမ် မှာ ၉၀ ကယ်လိုရီအထိပါတယ်။ ခွန်အား ကို ဖြစ်စေရာမှာ နွားနို.ထက်သာတယ်။ ဘူလ်ဂေးရီးယားလူမျိုးတွေ “ဒိန်ချဉ်”ကို အသက်ရှည်ဆေးအဖြစ် လက်ခံကြရုံမက အသက်ရာကျော်သူတွေ သားသမီးတွေရဲ့ အဖေဖြစ်နိုင်တယ်တဲ့။
ဒံပေါက်ချက်ရာမှာ ဒိန်ချဉ် အသုံးပြု ကြတယ်။ အမဲသား၊ကြက်သား၊ဆိတ်သား စတဲ့ အသားတွေ ချက်ပြုတ်ကင်ရာမှာ ဒိန်ချဉ်ထည့်ရင်နူးနပ်မြန်ပြီး အဆိပ် အ တောက် ပြေကာ အရသာ ပိုပြီး ထူးစေ တယ်။ ဆံပင် ဖြူသူများ၊ ကွက်သူများ ဒိန်ချဉ်မှန်မှန် စွဲ စားရင် အဖြူပျောက်ကာ ပြန်ပေါက်နိုင် တယ်။ အသားအရေ ချောမွေ့ချင်ရင် ဒိန်ချဉ်ကို လိမ်းဆေးအဖြစ်သုံးနိုင်တယ်။ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အဲလိဇဘက်တေလာဟာ ဒိန်ချဉ်ကို ညစဉ် လိမ်းအိပ်တယ်ဆိုတယ်။ အရက်စွဲကာ အသည်းထိခိုက်နေသူတွေ၊ အစာမကြေ ရောဂါနဲ့ အသည်းရောဂါရှိသူ တွေအတွက် ဒိန်ချဉ်ဟာ အလွန်ထိရောက်တဲ့ ဆေးပဲ ဖြစ်တယ်။
လူ့ခန္ဓာကိုယ်မှ ထုတ်လုပ်တဲ့ ကိုလက် စထရောဟာ လိုအပ်တာထက်ပိုနေရင် သွေးလွှတ်ကြောမာတဲ့ရောဂါ ဖြစ်စေ တယ်။ သွေးကြောမာတဲ့ ရောဂါ ၊ သွေးတိုး ရောဂါနဲ့ နှလုံးရောဂါ ထပ်ဆင့်ခံစားရတတ် တယ်။ သွေးတိုး၊ နှလုံးသွေးကြောရောဂါ မျိုးရိုးရှိသူများ သတိထားကာ မလိုင်ဖယ် ထားတဲ့ ဒိန်ချဉ်ကို နေ့စဉ်စားပေးသင့် တယ်။ လူရဲ့အရေပြားကို လှပချောမွတ် စေပြီး အဆီချ၊ ဝိတ်ချလိုသူတွေအတွက် သင့်တော်ပါတယ်။ ဒိန်ချဉ်သောက်လို့ လေဖြတ်တာ တော်တော်ရှားတယ်။ မလိုင် ထုတ်ထားတဲ့ ဒိန်ချဉ်က ပိုပြီး အသုံး ဝင်ပါ တယ်။
ဒိန်ချဉ် သို့မဟုတ် နို့မတည့်သူတွေ အစာအဆိပ်သင့်ဖြစ်နိုင်ပါတယ်။ ယင်းဓာတ်မတည့်ခြင်း (Lactose Allergy) ရှိသူတွေ နို့နှင့်နို့ထွက်ပစ္စည်း ရှောင်သင့်ပါတယ်။ စားသောက်ရင် ဝမ်းလျှောခြင်း၊အင် ပျဉ်ထခြင်း၊ ဗိုက်ကယ်ခြင်း၊ ဗိုက်အောင့် ခြင်း ဖြစ်စေနိုင်သလို အခြားဓာတ်မတည့် လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေဝက်ခြံပျောက်ကင်း စေခြင်း၊ အသားအရေစိုပြည် ချောမွတ်စေ ခြင်း၊ ဆံပင်ကောင်းခြင်း၊ သွေးဆုံးကာလ အသားအရေပြောင်းလဲမှုကို သက်သာစေ ခြင်း၊ အူမကြီးကင်ဆာကို ကာကွယ်ပေး နိုင်ခြင်း စတဲ့ ကောင်းကျိုးထူးတွေပြည့်စုံ တဲ့ ဒိန်ချဉ်ကို နို့နှင့်နို့ထွက်ပစ္စည်းမတည့် သူများမှအပ နေ့စဉ်ပုံမှန် မှီဝဲနိုင်ပါကြောင်း ဆေးညွှန်း ပါးလိိုက်ပါတယ်။ ဒိန်ချဉ်ကို အကျိုးရှိစွာ သောက်သုံးခြင်းအားဖြင့် လူ့ ကျန်းမာရေးအား ကောင်းမွန်စေပြီး အသက်ရှည်ခြင်း၊ ရောဂါကင်းခြင်း၊ အဆင်း လှခြင်း ရနိုင်တဲ့အတွက် ဒိန်ချဉ်သောက် သုံးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒေါက်တာ လွင်သန့်