Cafes & Restaurant

ဆရာစံလမ်းထဲမှာ ဆိုင်ခွဲအသစ် ဖွင့်ချလိုက်တဲ့ Mr.Jerry Thai BBQ and Hotpot

January 15, 2024

Mr.Jerry လို့ပြောလိုက်တာနဲ့ နူးညံ့တဲ့ အသားလွှာတွေကို ပျစ်နှစ်နေတဲ့ ပရီမီယမ် Cheese Sauce အမျှင်တန်းလိုက်နဲ့ တွဲဖက်စားရတာကို မြင်မိကြမယ် ထင်ပါတယ်။ အခုတော့ ဒီလိုစားဖို့ အလုံထိ သွားစရာမလိုတော့ဘဲ တောင်ဥက္ကလာ၊ ရန်ကင်းတို့၊ ဗဟန်းတို့နဲ့ အနီးတဝိုက်က Foodie တွေအတွက် ဆရာစံလမ်းထဲမှာ ဆိုင်ခွဲအသစ် ဖွင့်လိုက်ပြီဖြစ်ပါတယ်။

အလုံက ဆိုင်လိုမျိုးပဲ နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အတွက် Indoor ရော Outdoor ရော နှစ်မျိုးလုံးမှာ ထိုင်လို့ ရပါတယ်။ အရသာနှပ်ထားတဲ့ အသားလွှာတွေ၊ လတ်ဆတ်တဲ့ ပင်လယ်စာတွေ၊ အရံဟင်းတွေကလည်း အလုံကဆိုင်နဲ့ အကုန်တူပါတယ်။ အကင်လေးစားရင်း ဟော့ပေါ့အရည်လေးပါ တွဲသောက်ချင်တဲ့သူတွေအတွက် မူလအရသာ ကြက်ပြုတ်ရည်ကိုမှ ချဉ်စပ်အရသာလိုချင်ရင် တုံယမ်းအနှစ်၊ ထုံစပ်အရသာလိုချင်ရင် မာလာအနှစ် ထပ်တိုးထည့်ခိုင်းလို့ ရပါတယ်။

အသားလွှာတွေမှာ ကြက်၊ ဝက်၊ အမဲ၊ ကြက်ဆင်၊ ကြက်မဲတို့ကို အချို/အစပ်အပြင် အရသာ (၄) မျိုးလောက် နှပ်ထားပေးတဲ့အတွက် ရွေးချယ်စရာ များပါတယ်။ ပင်လယ်စာမှာဆိုလည်း ရေချိုပုစွန်၊ ရေငံပုစွန်၊ ရေဘဝဲ၊ ဂဏန်း၊ ဂုံး၊ ပြည်ကြီးငါး၊ ခရု၊ ယောက်သွား၊ ကင်းမွန်တို့ ရှိပါတယ်။ အသားလုံးတွေ၊ အသီးအရွက်အစုံ၊ ခေါက်ဆွဲနဲ့ မှိုတွေကိုလည်း သပ်သပ်ရပ်ရပ် ထားပေးထားပါတယ်။ 

Side Dish အနေနဲ့ မာလာရှမ်းကော၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ထမင်းကြော်၊ ကြက်ကုန်းဘောင်၊ ဂဏန်းမဆလာ၊ ဆူရှီနဲ့ အထောင်းတွေ ရှိပါတယ်။ Side Dish ဆိုပေမဲ့ အရသာက အကုန်စားကောင်းပါတယ်။ တခြားသော အချိုပွဲတွေ၊ သစ်သီးတွေနဲ့ အအေးတွေကိုလည်း ဘူဖေးဖြစ်တဲ့အတွက် စိတ်ကြိုက်အ၀စားလို့ ရပါတယ်။ 

စျေးနှုန်းကတော့ တစ်ယောက်ကို အပြီးအစီး ၂၉,၀၀၀ ကျပ် ဖြစ်ပါတယ်။ စားသုံးချိန် ကန့်သတ်ချက်ကတော့ (၂) နာရီပါ။ ဟော့ပေါ့ရော မူကထရော နှစ်မျိုးလုံးကို Cheese Sauce နဲ့ အားရပါးရ ဘူဖေးစားချင်တယ်ဆိုရင် Mr.Jerry ရှိပါတယ်နော်။  

Mr. JERRY Thai BBQ & HOTPOT (ဆရာစံ)  - ဆိုင်ခွဲအသစ်

လိပ်စာ - အမှတ် ၁/၅ အေ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ [ရွှေဘဲ (ဆရာစံ ဆိုင်ခွဲ) လမ်းထဲကို ကွေ့ပြီး ဝင်မှ ရောက်ပါတယ်နော်)

ဖုန်း - 09404050341

ဆိုင်ဖွင့်ချိန် - 11:00 AM - 10:00 PM 

Mr. Jerry BBQ & Hotpot (အလုံ) 

လိပ်စာ - အမှတ် ၂၀၄၊ အောက်ကြည့်မြင်တိုင်လမ်းမ (နှင်းဆီလမ်းနဲ့ သစ်တောလမ်းထောင့်)၊ အလုံ စာတိုက်မှတ်တိုင်အနီး ၊ အလုံမြို့နယ် 

ဖုန်း - 09400500139 

ဆိုင်ဖွင့်ချိန် - 11:00 AM - 10:00 PM 

 


Read 406 times.