Best Cuisine

Thai Pot ထိုင်းအရသာ အဝစား ဘူဖေးနှင့်အသားကင် ...

November 25, 2019

ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာသည်နဲ့အမျှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယဉ်ကျေးမှု့တွေ ၊ဘာသာစကားတွေ၊ အစားအသောက်တွေဟာ ပြန့်နံှု့လို့သွားခဲ့ပါတယ် ။

အဲ့ဒီအထဲမှာ မြန်မာနိုင်ငံကို ပြန့်နှုံ့လာတဲ့ အစားအသောက်တွေအများကြီးရှိပါတယ် အဲ့ဒီထဲကမှ မြန်မာလူမျိုးတွေ အကြိုက်တွေ့ ကြတဲ့ ဘာဘီကျူး အကြောင်းလေးကို ပြောပြချင်ပါတယ်။

ဘာဘီကျူး (Barbecue)ဆိုတာ ကာရေဘီယံဒေသဘက်ကနေ ဆင်းသက်လာတဲ့အစားအစာပါ ။ ဒါကိုမှ ဒေသအလိုက်၊နိုင်ငံအလိုက်၊ ပြန့်နှုံ့ပြီး အရသာတွေ ကွဲပြားသွားခဲ့တာဖြစ်ပါတယ် ။

ကာရေဘီယံဒေသ ဆိုတာ နာမည်ကြီး ဇတ်ကောင် ပင်လယ်ဓါးပြ ဂျက်စပဲရိုး ကျက်စားတဲ့နေရာပါ (အဲ့ဒီဇတ်ကားလေးကြည့်ဖူးရင်တော့ ပိုပြီးမြင်သာမှာပါ ။ ဇတ်ကားနာမည်က Pirates of the Caribbean) ။

ဆိုတော့ ဘာဘီကျူးဆိုင်လေးနဲ့မိတ်ဆက်ပေးပါစေ ။
မြန်မာလို လွယ်လွယ်ကူကူ ပြောရရင်တော့ အသားကင်ဆိုင်ပေါ့။ ထိုင်း အရသာ ဘူဖေး နှင့် အသားကင်ဆိုင်လေးပါ ။

 

ဆိုင်ရဲ့အကြောင်း
===========

Thai Pot ဘူဖေးဆိုင်က (၂)ဆိုင်ရှိပါတယ် ။ တာမွေ မှာ တစ်ဆိုင် နှင့် လှိုင်မှာ တစ်ဆိုင်ဖြစ်ပါတယ် ။ တာမွေက ဆိုင်ကို ၂၀၁၃ မှာစဖွင့်တာဖြစ်ပြီး လှိုင်ကဆိုင်ကိုတော့  ၂၀၁၅ လောက်မှာစဖွင့်ပါတယ် ။The Restaurants Guide ရောက်သွားတဲ့နေရာကတော့ တာမွေက ဆိုင်ဖြစ်ပါတယ် ။


ဆိုင်ကလူပေါင်း ၁၂၀ ဆံ့ပါတယ် ။ဝန်ထမ်း အင်အား အနေနဲ့ကတော့ လူအယောက် ၂၀ နဲ့လည်ပတ်နေပါတယ်။ ကားပါကင်အနေနဲ့ဆိုင်ရှေ့မှာတင်ကိုဘဲ ကား(၅)စီးရပ်လို့ရပါတယ်။ ဘေးဘက်တွေမှာလည်း ကားရပ်ဖို့နေရာတွေရှိပါတယ် ။


ပုံမှန်ဖွင့်ချိန်ကတော့ ၄ နာရီခွဲဖြစ်ပါတယ် ။ သင်္ကြန်ကလွဲပြီး ပိတ်ရက် မရှိပါဘူး ။


ဘူဖေးမှာပါဝင်တဲ့အစားအစာများနှင့်ဘူဖေးမှာမပါဝင်တဲ့အစားအစာများ
======================================================

ကြက်သား ၊ ဝက်သား ၊အမဲသား ၊ ပင်လယ်စာ ၊ အသီးအရွက် ၊ အကြော် (၁၂) မျိုး ၊ ဖျော်ရည်  ၂ မျိုး (လိမ္မော်၊စတော်ဘယ်ရီ ) ၊ ရေခဲမုန့် ကတော့  ၅ မျိုးပါ (စတော်ဘယ်ရီ ၊ ပိန်း ၊နို့ ၊ ချောကလက် ။ လိမ္မော် ၊ စတော်ဘယ်ရီ )တို့ဖြစ်ပါတယ် ။ဒါကတော့ ဘူဖေးမှာပါတဲ့ အမယ်တွေပါ ။


ဘားလည်းရှိပါသေးတယ် ဘားမှာ ကျတော့ တိုက်ဂါးစည်ဘီယာ ၊အသီးဖျာ်ရည်တွေကတော့  သခွါးမွေး ၊နာနတ်၊ ဖရဲ ၊သင်္ဘော၊ တို့ရပါတယ် ။ သံဗူး တွေ ၊ ရေသန့်တွေလည်းရပါသေးတယ် ။


ထူးခြားတဲ့အစားအစာ
=================

၁ ။ ဝက်လိုင်းသား (နူးနှပ် ၊ အချိုနှပ် ၊ သုံးထပ်ပလိုင်း )
၂ ။ ဝက်အသဲ
၃ ။ ဝက်ကြိတ်သား ( အချို ၊ အစပ် )
၄ ။ အမဲသားနှပ် ( ထိုင်းစတိုင် အမဲ နှပ် ၊ ရိုးရိုးနှပ် )
၅ ။ ဝက်ဂုတ် (ပလိန်း ၊ ဂုတ်ကြက်သွန် )


အရသာ
======

Thai Pot ဆိုတဲ့ ဆိုင်ရဲ့နာမည်အတိုင်း ထိုင်းအရသာစစ်စစ်နဲ့ချက်ပြုတ်ထားပါတယ် ။ထိုင်းအစားအသောက်တွေကို ၁၀ နှစ် ၁၅ နှစ်လောက်ချက်ပြုတ်လာကြတဲ့ ဝါရင့် စားဖိုမှုးတွေက ချက်ပြုတ်ထားတာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာစားရသလိုမျိုး အရသာကိုခံစားရစေမှာပါ ။ တခါတလေ ထိုင်းစာဖိုမှူးတွေကိုယ်တိုင် လာပြီး ချက်ပြုတ်တဲ့ အခါမျိုးတွေလည်းရှိပါတယ် ။

 

ဈေးနှုန်း
======

လူကြီး    - Tax အပါဆိုရင် ၁၂၀၀၀ကျပ်ပါ ။ Happy Hourဆိုရင်တော့ ၁၀၉၀၀ကျပ်ပါ ။
ကလေး    - ပုံမှန် ဆိုရင်တော့ ၅၉၀၀ ကျပ်ပါ။ Happy Hour ဆိုရင်တော့ ၄၉၀၀ကျပ်ပါ ။ (၃ နှစ်ကနေ ၁၁ နှစ်အတွင်း ကို ကလေးလို့သတ်မှတ်ပါတယ်)


Promotion
=========

promotion ကတော့ မကြာခန ပေးလေ့ရှိပါတယ် ။တလနှင့်တလတော့ ပေးတဲ့ပုံစံခြင်းမတူပါဘူး ။

#(၄) ယောက် မှာ (၁)ယောက် အခမဲ့သုံးဆောင်နိုင်မယ့် promotion (သို့) Birthday promotionလို့လည်းခေါ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့            ကိုယ့်ရဲ့မွေးနေ့ကျရောက်တဲ့နေ့မှာ ဆိုင်ကိုလာစားတာမျိုးပါ ။ မွေးနေ့ရှင်က မှတ်ပုံတင် (သို့) မွေးနေ့ဖြစ်ကြောင်း တရားဝင်ဖော်ပြနိုင်တဲ့ အချက်အလက်ကို ယူဆောင်လာရမှာဖြစ်ပါတယ် ။          
 တစ်ယောက်တည်း လာလို့တော့ မရပါဘူး၊ စုစုပေါင်း (၄)ယောက်လာရပါမယ် ၊ အဲ့ဒီ့အထဲကမှ မွေးနေ့ရှင်ကိုအခမဲ့သုံးဆောင်ခွင့်ပြုမှာဖြစ်ပါတယ်။


#Happy Hours ဆိုတဲ့ အစီအစဉ်လည်းရှိပါသေးတယ် ။ သူက ဘယ်လိုလဲဆိုတော့ ၃နာရီခွဲဆိုင်စဖွင့်တယ် ပေးပါတယ် ။ ၃နာရီကနေ၅နာရီအတွင်း လာတဲ့သူတွေအတွက် ၉၉၀၀ ကျပ်ဘဲ  
 ကျသင့်မှာဖြစ်ပါတယ် ။ ပုံမှန်ဈေးကတော့ ၁၀၉၀၀ ကျပ်ပါ ။ ၅နာရီကနေ ၉ နာရီအထိ ပုံမှန်ဈေး ။ နောက်ထပ် Happy hours ကတော့ ၉နာရီကနေ ၁၀ နာရီခွဲအထိပါ ။


#ကျောင်းသားတွေအတွက် လည်း  ကျောင်းသားကဒ်ပြရုံနဲ့ ၁၀ % လျော့ပေးပါတယ် ။


#နောက်တစ်ခုကတော့ (၁၀) ယောက်မှာ (၁) ယောက် Promotion ပေးတာပါ ။ ၁၀ယောက် တစ်ပြိုင်တည်းလာရင် ၁ ယောက်စာ အခမဲ့ သုံးဆောင်ခွင့်ပေးပါတယ် ။  


*****တစ်ခုသတိထားရမှာက ဒီ Promotion တွေထဲကို တပြိုင်တည်း အသုံးပြုလို့မရပါဘူး ။ ဆိုင်ကို တစ်ခေါက်လာရင် Promotion အမျိုးအစားတွေထဲက တစ်မျိုးကိုသာအသုံးပြုခွင့်ရှိပါတယ် ။ လတိုင်းနီးပါး Promotion တွေရှိပါတယ် ပုံစံလေးတွေ ကတော့ကွဲတာပေါ့ ။*****


ထူးခြားချက်
=========

* ဒီဆိုင်မှာ ပွဲ လုပ်ရင် အချိန် ကန့်သတ်ထားတာမရှိပါဘူး ။
* လာစားတဲ့သူတွေက ဆိုင်ရဲ့အရသာကို ကြိုက်၍ လာစားကြတာ ဖြစ်ပါတယ် ။
* အသားတုံးလေးတွေကိုလည်း မထူမပါး စားလို့ အဆင်ပြေမယ့် အရွယ်အစားကိုလှီးထားပေးပါတယ် ။
* ပွဲတွေအတွက် ပွဲကျင်းပတဲ့နေရာအထိ ကျွေးမွေးပေးတဲ့ ဝန်ဆောင်မှု့ရှိပါတယ် ။
* အသားတွေ အသီးအရွက်တွေကို မပြတ်အောင် အမြဲဖြည့်ထားခြင်း ၊ လတ်ဆတ်ခြင်း ၊အရသာရှိခြင်း တို့ဖြစ်ပါတယ် ။

ဆိုင်အပြင်အဆင်
=============

*ဆိုင်ရဲ့အပြင်အဆင်က တော်တော်ဆန်းတယ်လို့ပြောရမယ် ပေပါတွေကိုထက်ဝက် ပိုင်းဖြတ်ပြီး ဘီးတပ် *ထိုင်ခုံ ပုံစံ လုပ်ထားပါတယ် ။ အပေါ်မှာဆင်ထားတဲ့ မီးသီးတွေလည်း တော်တော်လှတယ် ။ ညဘက်တွေ *ပိုလှတယ်။ ဘယ်လောက်ထိလှလဲဆိုရင် ညဘက် ပွဲလုပ်ဖို့စိတ်ကူးရှိရင် ဒီဆိုင်ကို အရင်ရွေးချယ်ဖြစ်လောက်တဲ့အထိပါဘဲ ။


ဆိုင်လိပ်စာ
=========


"Thai Pot" (တာမွေ)
အမှတ် (၂၅၀) ၊ အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ တာမွေမြို့နယ် ၊ ရန်ကုန်

ဖုန်းနံပတ်    - ၀၉ ၄၃၀ ၇၀၉၂၆၊ ၀၉ ၂၆၀ ၅၂၃၆၈၈၊


"Thai Pot" (လှိုင်)

အမှတ် ( 4 /B /1) ၊ အင်းစိန်လမ်း ၊ (၁၄)ရပ်ကွက် ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ။

ဖုန်းနံပတ်    - ၀၉ ၅၀၀ ၇၉၉၇ ။


ဆိုင်ဖွင့်ချိန်    - ညနေ ၄ နာရီခွဲကနေ ည ၁၀ နာရီအထိ ။

Website    - http://www.thaipot.com

E-Mail    - thaipot250@gmail.com

Facebook- https://www.facebook.com/thaipot250/

The Restaurants Guide


Read 414 times.