ပီနန်စားသောက်ပွဲတော်ကို ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် သုံးဆောင်နိုင်
ဆီဒိုးနားဟိုတယ်ရန်ကုန်မှ ပုံမှန် စီစဉ်ကျင်းပလျက်ရှိသော ရန်ကုန်မြို့တွင်း အကောင်းဆုံး ဟင်းလျာပွဲတော်များအား ဆက်လက် မြည်းစမ်းသုံးဆောင်နိုင်ရန် အကောင်းဆုံး ပီနန် အစားအသောက်ပွဲတော် တစ်ခုကို ဟိုတယ်၏ D’Cuisine စားသောက်ခန်းမတွင် အောက်တိုဘာ ၅ ရက်မှ စတင်ပြီး အောက်တိုဘာ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်။
ပီနန်မြို့ကို မလေးရှားနိုင်ငံ၏ နာမည်ကျော် လမ်းမထက်မှ အစားအသောက်များ စုစည်းရာ အစားအသောက် နိဗ္ဗာန်ဘုံတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး ဟင်းလျာအများစုမှာ တရုတ်၊ မလေးနှင့် အိန္ဒိယ ပုံစံအရသာများကို လိုက်ဖက်ညီစွာ ပေါင်းစပ်ဖန်တီး ချက်ပြုတ်ထားပါတယ်။ အကောင်းဆုံး ပီနန် အစားအသောက်ပွဲတော်တွင် ပြင်ဆင်ချက်ပြုတ်ပေးရန် ပီနန် စားသောက်ဆိုင်တန်းများအတွင်း အကောင်းဆုံး ဆုရ စားဖိုမှူး ရှစ်ဦးမှ ဆီဒိုးနားဟိုတယ်ရန်ကုန်သို့ လူကိုယ်တိုင် လာရောက်ချက်ပြုတ်ပေးသွားမည် ဖြစ်ပါတယ်။
ပီနန်မြို့သည် မလေးရှားကျွန်းဆွယ်၏ အနောက်မြောက်ဘက် ကမ်းလွန်ဒေသတွင် အလျားလိုက် တည်ရှိနေသည့် ကျွန်းငယ်မြို့လေးဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် နာမည်ကျော်ခရီးသွား လမ်းညွှန်စာအုပ်ဖြစ်သည့် Lonely Planet တွင် နံပါတ် ၁ အကောင်းဆုံး အစားအစာများ ရရှိနိုင်သည့်မြို့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပီနန် ဟင်းလျာများသည် မလေးရှားနိုင်ငံ၊ ပီနန်မြို့၏ ယဉ်ကျေးမှုပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် လူနေမှုဘဝကို ပေါ်လွင်ထင်ဟပ်စေပြီး အစားအသောက် အများစုကို လမ်းမတစ်ဘက်တစ်ချက်ရှိ ဈေးဆိုင်တန်းများတွင် ရောင်းချလေ့ရှိသောကြောင့် “လမ်းမထက်မှ အစားအစာများ” ဟု နာမည်ကျော် လူသိများပါတယ်။ ၂၀၁၃ ခုနှစ်တွင် CNN Travel ၏ လေ့လာသတ်မှတ်ချက်အရ ပီနန်မြို့သည် အာရှတလွှား အကောင်းဆုံး လမ်းဘေးအစားအစာများ ရောင်းချသည့် မြို့ကြီး ၁၀ မြို့တွင် တစ်ခု အပါအဝင် ဖြစ်ခဲ့ပါတယ်။
လာမည့် ၂၅ ရက်အတွင်း အကောင်းဆုံး ပီနန် အစားအသောက်ပွဲတော်သို့ လာရောက်သုံးဆောင်ကြမည့် ဧည့်သည်တော်များအနေဖြင့် ပီနန် အရသာစစ်စစ်ကို ခံစားရမည့် ကမ္ဘာကျော် ပီနန်ဟင်းလျာများဖြစ်သော မလေးရှား ခေါက်ဆွဲကြော်၊ ပီနန် အုန်းနို့ခေါက်ဆွဲ၊ ပီနန် Hokkien Mee, ဝက်သားကော်ပြန့်လိပ်၊ ခရုကမာ ကြက်ဥမွှေ ကြော်၊ ပြည်ကြီးငါး ကန်စွန်းရွက်ကြော်၊ ပဲရေခဲမုန့်နှင့် ပီနန် မြေပဲခေါက်မုန့် စသည့် အစားအသောက်များကို စုံလင်စွာ သုံးဆောင်နိုင်မည် ဖြစ်ပါတယ်။ ပီနန် အစားအသောက်ပွဲတော်ကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ် မည်ဖြစ်ပြီး ဧည့်သည် စားဖိုမှူး ရှစ်ဦးမှာ ဆီဒိုးနားဟိုတယ်ရန်ကုန်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ရောက်ရှိနေမည် ဖြစ်ပါတယ်။
ပီနန် မြို့သားစစ်စစ်ဖြစ်သော ဧည့်သည်စားဖိုမှူး ရှစ်ဦးမှာ ပီနန်ဟင်းလျာများ ချက်ပြုတ်ရာတွင် အထူးကျွမ်းကျင်သော ဝါရင့် စားဖိုမှူးများ ဖြစ်ပါတယ်။ ဆီဒိုးနားဟိုတယ်ရန်ကုန်တွင် လာရောက် ချက်ပြုတ်ကြမည့် စားဖိုမှူးများမှာ -
* Sotong Kangkong (ပြည်ကြီးငါး ကန်စွန်းရွက်ကြော် ဟင်းလျာ) ပြင်ဆင်ရာတွင် အထူးကျွမ်းကျင်သည့် စားဖိုမှူးကြီး Madam Ong Saw Phaik
* Char Kway Teow (မလေးရှား ခေါက်ဆွဲကြော်) ပြင်ဆင်ရာတွင် အထူးကျွမ်းကျင်သည့် စားဖိုမှူးကြီး Mr Khoo Hoo Wan
* Penang Laksa (ပီနန် အုန်းနို့ခေါက်ဆွဲ) ချက်ပြုတ်ရာတွင် အထူးကျွမ်းကျင်သည့် စားဖိုမှူးကြီး Madam Cheah Siew Mooi
* Ban Chang Kueh (ပီနန် မြေပဲခေါက်မုန့်) ပြုလုပ်ရာတွင် အထူးကျွမ်းကျင်သည့် စားဖိုမှူးကြီး Mr Tan Eng Swie
* ခရုကမာ ကြက်ဥမွှေကြော် ပြင်ဆင်ချက်ပြုတ်ရာတွင် အထူးကျွမ်းကျင်သည့် စားဖိုမှူးကြီး Mr Toon Chin Wieu
* Ice Kacang (ပဲရေခဲမုန့်) ပြုလုပ်ရာတွင် အထူးကျွမ်းကျင်သည့် စားဖိုမှူးကြီး Mr Lee Eng Huat
* Hokkien Mee (ပုဇွန် ခေါက်ဆွဲပြုတ်) ချက်ပြုတ်ရာတွင် အထူးကျွမ်းကျင်သည့် စားဖိုမှူးကြီး Madam Thniah Poh Choon
* Lor Bak (ဝက်သား သို့မဟုတ် အသီးအရွက် ကော်ပြန့်လိပ်) ပြင်ဆင်ရာတွင် အထူးကျွမ်းကျင်သည့် စားဖိုမှူးကြီး Madam Thor Ah Nya ဧည့်သည် စားဖိုမှူးကြီး ရှစ်ဦးနှင့်အတူ ပူးပေါင်းချက်ပြုတ်ရမည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသည့် ဆီဒိုးနား ဟိုတယ်ရန်ကုန်၏ Executive Chef ဖြစ်သူ Edmund Ng က “မလေးနိုင်ငံသား စားဖိုမှူးတစ်ဦးဖြစ်တဲ့ ကျွန်တော့် အနေနဲ့ ပီနန် အစားအစာတွေက ဆွေမျိုးမေ့လောက်အောင်ကို အရသာ ထူးကဲပါတယ်လို့ သေသေချာချာ ပြောနိုင်ပါ တယ်။
ပီနန်မြို့ကနေ အထူးဖိတ်ကြားထားတဲ့ စားဖိုမှူးတွေနဲ့အတူ ဆီဒိုးနားဟိုတယ်ရန်ကုန်မှာ ဟင်းလျာတွေ ပြင်ဆင်ချက်ပြုတ်ခွင့်ရလို့ ကျွန်တော်တို့အတွက် ဝမ်းသာဂုဏ်ယူစရာပါပဲ။ ဘာလို့လဲဆိုတော့ ဒီ စားဖိုမှူးတွေက ပီနန်မြို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင်တန်းတွေက စားဖိုမှူးတွေဖြစ်ပြီး လက်ရှိလည်း ပီနန်မြို့မှာ အားလုံး နှစ်သက်စွာ သုံးဆောင်နေကြတဲ့ နာမည်ကြီး စားသောက်ဆိုင်တန်းတွေမှာ ပီနန် ဟင်းလျာစစ်စစ်တွေ ချက်ပြုတ် ပေးနေတဲ့ သူတွေ ဖြစ်လို့ပါပဲ” ဟု ပြောကြားခဲ့ပါတယ်။
အကောင်းဆုံး ပီနန် အစားအသောက်ပွဲတော်ကို ဆီဒိုးနားဟိုတယ်ရန်ကုန်တွင် ပုံမှန် တည်ခင်းထားသော နိုင်ငံတကာ အစားအစာများနှင့် အချိုပွဲ ဘူဖေးများနှင့်အတူ တည်ခင်းကျင်းပသွားမည် ဖြစ်ပါတယ်။ ဧည့်သည်တော်များအနေဖြင့် D’Cuisine စားသောက်ခန်းမ၊ ပီနန် စားသောက်တန်းများတွင် ရောင်းချသည့် အကောင်းဆုံး ဟင်းလျာများကို နေ့လယ်စာနှင့် ညစာစားချိန်များတွင် သုံးဆောင်နိုင်မည် ဖြစ်ပါတယ်။
နေ့လယ်စာကတော့
* တနလာၤနေ့မှ သောကြာနေ့အထိ (နံနက် ၁၁ နာရီခွဲ မှ နေ့လယ် ၂ နာရီခွဲ အထိ) -
တစ်ဦးလျှင် ၂၅ ဒေါ်လာ (ဘီယာ နှင့် ဝိုင် အခမဲ့ အပါအဝင်)
* စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ (နံနက် ၁၁ နာရီခွဲ မှ နေ့လယ် ၃ နာရီ အထိ) -
တစ်ဦးလျှင် ၃၃ ဒေါ်လာ (လတ်လတ်ဆတ်ဆတ် ပင်လယ်စာ ကောင်တာ၊ အသားကင် ကောင်တာ၊
ဝိုင် နှင့် စပါကလင်ဝိုင် အခမဲ့ သောက်သုံးခွင့်နှင့် ရေကူးကန် အခမဲ့ အသုံးပြုနိုင်ပါသည်။)
ညစာ -
* တနလာၤနေ့မှ ကြာသပတေးနေ့အထိ (ည ၆ နာရီခွဲ မှ ည ၁၀ နာရီ အထိ) - တစ်ဦးလျှင် ၃၃ ဒေါ်လာ
* စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ (ည ၆ နာရီခွဲ မှ ည ၁၀ နာရီ အထိ) -
တစ်ဦးလျှင် ၃၆ ဒေါ်လာ (လတ်လတ်ဆတ်ဆတ် ပင်လယ်စာ ကောင်တာ၊ အသားကင် ကောင်တာ၊
ဝိုင် နှင့် ဘီယာ အခမဲ့ အပါအဝင်)
မကြာမီ ကျရောက်တော့မည့် သီတင်းကျွတ်ပွဲတော်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆီဒိုးနားဟိုတယ်ရန်ကုန်မှ ကိတ်မုန့်များကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဧည့်သည်တော်များ အနေဖြင့် ချောကလက် ကိတ်မုန့်၊ Raspberry Mousse ကိတ်မုန့် သို့မဟုတ် Classic ချိစ်ကိတ်မုန့်များကို အထူးဈေးနှုန်း ၂၂ ဒေါ်လာဖြင့် ဝယ်ယူနိုင်ပါတယ်။