ထန်းရေ ၊ ထန်းသီး တို့ကို စားသုံးခြင်းဖြင့် ရရှိလာမည့် ကောင်းကျိုးများ
ထန်းသီး၊ ထန်းရည်၏ ဆေးဘက်ဝင်ပုံနှင့် စားသုံးပုံအမျိုးမျိုး
=======================================
မြန်မာတွေရဲ့ သဘာဝလက်ဆောင်လို့ခေါ်ရလောက်တဲ့ အညာဒေသရဲ့ အမှတ်အသား ထန်းသီး၊ ထန်းရည်မှာ သဘာဝကပေးတဲ့ အန်တီဘိုင်ရောတစ်လို့ခေါ်တဲ့ ကိုယ်ခံအားကောင်းစေတဲ့ဓါတ်တွေ ဖော့စဖော့ရစ်လို့ခေါ်တဲ့ ပြာဓါတ်၊ ဖိုက်ဘာလို့ခေါ်တဲ့ အစာခြေအားကောင်းတဲ့ အမျှင်ဓါတ်တွေအပြင် လူ့ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ ဓါတ်ပေါင်းများစွာပါဝင်လို့နေပါတယ်။
ထန်းသီး
=======
အသဲပုံထန်းသီးအနုလေးတွေကို မြို့ပြဈေးတွေထဲမှာအိပ်လေးတွေနဲ့ထုပ်ပြီး ရောင်းချကြတာတွေ့ရမှာပါ။ ရာသီစာဖြစ်တဲ့အတွက် အမြဲမြင်တွေ့ရမှာမဟုတ်ပါဘူး။
ထန်းသီးနုလေးတွေကိုစားရင်အူလမ်းကြောင်းကျန်းမာရေးကောင်းစေတဲ့အပြင် အစာခံတဲ့အတွက် ဝိတ်ချချင်တဲ့လူတွေအတွက် အကောင်းဆုံးအသီးပါ။
ရင့်မှဲ့သွားရင်တော့ စားသုံးဖို့မသင့်တော်ပါဘူး ရင်ပြည့်ရင်ကယ်ဖြစ်စေပါတယ်။ ပြီးတော့ သုတ်အားကိုပွားစေတဲ့အတွက် အိမ်ထောင်ရှင်အမျိုးသားများ စားသုံးရန် သင့်တော်ပါတယ်။
စားသုံးပုံ
=====
ထန်းသီးနုကို မုန့်ပဲသရေစာအဖြစ်စားကြပါတယ်။ သကြား၊ စားအနည်းငယ်နဲ့ ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါတယ်။
လေးစိတ်စိတ်ပြီး မုန့်နှစ်နဲ့နယ်ပြီး အကြော်ကြော်သလို ကြော်စားလို့ရတဲ့အပြင် ပါးပါးလှီးပြီး ထန်းသီးသုပ်သုတ်စားလို့ရပြန်ပါတယ်။
ထန်းသီးကို ဆန်ဆေးရည် နဲ့အချဉ်တည်ပြီး ထန်းသီးချဉ်ငါးပီချက်အဖြစ် အညာဒေသခံတွေက ချက်စားကြတဲ့အပြင် ထန်းသီးအမှဲ့ရဲ့အခွံ့ကိုသုံးပြီး ထန်းသီးမုန့်အဖြစ်လည်း ပြုလုပ်စားသုံးကြပါသေးတယ်။
ထန်းရည်
=======
ထန်းရည်ကတော့ အားလုံးသိကြပြီးတဲ့အတိုင်း လူကြီးလူငယ်ကြိုက် သောက်စရာတစ်မျိုးပါ။ ဆီးရွှင်စေတယ်၊ ရေဖျန်း၊ လေဖျန်းသမားတွေအတွက် မြန်မြန်သက်သာစေတယ်။ သကြားခပ်ပြီးသောက်သုံးမယ်ဆိုရင် ဆီးအောင့်ရော်ဂါ၊ ဆီးနည်းရောဂါကို သက်သာပျောက်ကင်းစေတယ်။
ဆီးနဲ့ ကျောက်ကပ်ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ လေနိုင်အစာကြေစေလို့ အစာအိမ်ရောဂါ သမားတွေတောင် သောက်သုံးနိုင်ပါတယ်။
သောက်သံုံးပုံ
==========
ထန်းမပင် ထနို့မှ ထန်းရည်ဟာ သကြားဓါတ်ပါဝင်မှုများတာကြောင့် ချိုလေးပြီး ထန်းညက်၊ သကာရည်အဖြစ် ပြုလုပ်စားသုံးနိုင်ပါတယ်။ ယစ်မူးစေတဲ့ထန်းရည်ခါးအဖြစ်လိုချင်ရင်တော့ လျှားခေါက်ခံပြီး ထန်းရည်ကို ခံယူရပါတယ်။ ထန်းရည်ခါးဟာ ကြာမြင့်ချိန်နဲ့အပူချိန်ပေါ်မူတည်ပြီး အလ်ကိုဟောပါဝင်မှုအချိုး ပြောင်းလဲစေပါတယ်။ နေမြင့်လေ မူးလေပါ။
အစာလည်းဆေး ဆေးလည်းအစာ
Source - Internet
The Restaurants Guide