ခံတွင်းတွေ့စေမယ့် ရခိုင်စာ ပူပူစပ်စပ်လေးစားရင်း ဆောင်းတွင်းကို ဖြတ်သန်းကြရ အောင်
ငွေ ၆၀၀၀ ကျပ် လောက်နဲ့ခံတွင်းမြိန်စေမယ့် (3 sisters Restaurant)ဆိုတဲ့ ရခိုင်အစားအစာနဲ့ပင်လယ်စာ ဆိုင်လေး။
(Giveaway အစီစဉ်လေးလဲပါလို့Post အဆုံးထိ သေချာဖတ်ပေးကြပါနော် . ချစ်ဆုံးတို့)
အခု မိတ်ဆက်ပေးမဲ့ဆိုင်လေးမှာက ငပလီဒေသထွက် ပင်လယ်စာ နဲ့ ရခိုင်ရိုးရာ အစားအစာတွေရတဲ့ အပြင် ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ဖက်ထမင်းနဲ့အမဲ၊ ကြက်၊ ဝက်၊ ငါးဖယ် စတာတွေကို တွဲပြီးစားလို့လည်းရပါတယ်။
ဈေးနှုန်း- ဟင်းပွဲတော်တော်များများက ပင်လယ်စာဆိုပေမယ့် ဈေးနှုန်းက 6000 ပဲ အများဆုံး ရှိတာ . အများအားဖြင့်တော့ အသုပ်ဆိုယင် ဈေးအနည်းဆုံး 1500 ကျပ်လောက် ကနေ စပါတယ် ။ ဟင်းပွဲကြီးတွေက ၂၅၀၀/၃၀၀၀ လောက်ပါပဲ . အရသာကလည်း အချို့ ရခိုင်ဆိုင်ကြီးတော်တော်များများ နဲ့ယှဉ်ရင် ပေးရတဲ့ဈေးနဲ့ ဒီဆိုင်အရသာက အပြတ်အသတ်ယှဉ်နိုင်ပါတယ်နော် ။
ရခိုင်ဆိုင် ၊ ပင်လယ်စာဆိုင်မို့ ဈေးကြီးလိမ့်မယ်တော့ မထင်လေနဲ့ ။ ဈေးကြီးပြီး ဂျင်းတွေများတဲ့ အချို့ ရခိုင်ဆိုင်တွေ ကြောင့် ရခိုင်စာ မစားဖြစ်တဲ့သူတွေ စိတ်ကြိုက်တွေ့ကိုတွေ့စေရပါမယ်လို့ အာမခံပါတယ်။
"Decoration ": ဆိုင်လေး က နှစ်ထပ်ပုံစံလေးကိုမှ အောက်ထပ်ကို မြန်မာဆန်ဆန်လေးနဲ့သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်လေးခင်းကျင်းထားပါတယ် ။ ငပလီဒေသထွက် ခရုလေးတွေနဲ့ ချစ်စရာကောင်းအောင်အလှဆင်ထားပြီး နံရံနဲ့အပေါ်ထပ်တက်တဲ့ လှေကားဘေးနံရံလေးတွေမှာ ခမောက်ကလေးတွေ ကပ်ပြီးအလှဆင်ထားပါတယ်။
အကြိုက်ဆုံးကတော့ အပေါ်ထပ်က ဆိုင်အပြင်ဆင်လေးပါ ။
ချစ်စရာကောင်းလွန်းလို့ပါ . .
ထမင်းစားပွဲပုလေးတွေချထားပြီး အောက်မှာ ဖျာကူရှင်လေးတွေခင်းထိုင် စားရတဲ့ပုံစံမို့ ကိုယ့်အိမ်က ထမင်းဝိုင်းမှာဘဲ စိတ်လွတ်ကိုယ်လွတ် စားရတဲ့ ဖီလင်လေးကိုရလိုက်တယ် ။
ဓါတ်ပုံရိုက်တာ ဝါသနာပါတဲ့သူတွေအတွက် ပန်းရောင်အသည်းပုံအကြီးကြီးကိုမှ photo booth လိုမျိုး အမှတ်တရ ဓါတ်ပုံတွေရိုက်လို့ရမဲ့ နေရာမျိုးလေးလုပ်ပေးထားတယ် ။
နောက်ထပ်အကြိုက်ဆုံးကတော့ Wifi FREE ပေးတာပါ . ဆိုင်မှာ အေးဆေးထိုင်စား စပ်စုရင်း ဘေမကုန်ဘဲ ဖုန်းလေးပွတ်ရတာ အရမ်းမိုက်ပဲ. လိုင်းလဲကောင်းတယ် .
"Service" - ဆိုင်ဝန်ထမ်းတွေသာမက ဆိုင်ရှင်ကိုယ်တိုင် ကကို service ပေးတာပါနော် ။ ဖော်ရွေပြီး ဂရုတစိုက်နဲ့လာလာမေးလို့ ရခိုင်သူ ညီအမချောချောလေးတွေကို ခနလေးနဲ့ကို ခင်သွားမိတယ် အဟုတ် !
ဟင်းပွဲတွေမမှာခင် မီနူးကတ်ကို ကြည့်တော့ ဈေးနှုန်းတွေက ပင်လယ်စာဟင်းပွဲတွေကိုတောင် (၆၀၀၀) ပဲ အများဆုံးတွေ့လို့ တအံ့တသြနဲ့ဘုရားစူး နောက်တခေါက် ပြန်ကြည့်ခဲ့ရတယ် ။
"Menu" - ဆိုင်မီနူးလေးတွေကို အကြမ်းဖျင်းပြောပြရရင်တော့
၁ ။ရခိုင်မုန့်တီဟင်းရည်
၂ ။ကိုတံငါပင်လယ်စာဟင်း
၃ ။Seafood burger
၄ ။အသုပ်ဆိုရင်
၅ ။ပြည်ကြီးငါး ရခိုင်သုပ်
၆ ။ရေသူမပင်လယ်ခရုသုပ်
၇ ။ကမာသုပ်
၈ ။သခွတ်ပွင့် ပဲကြာဇံသုပ်
၉ ။ရခိုင်ထမင်းသုပ်
၁၀။ပင်လယ်ဂဏန်းပေါင်း
ဟင်းချိုဆိုရင် > ရခိုင်ပင်လယ်စာသောက်ဆမ်း ဟင်းချို၊ ငါးသောက်ဆမ်းဟင်းချို ၊ ကြက်ဘူးသီးသောက်ဆမ်း ၊ပင်လယ်စာ ချဉ်စပ်။
ငါးဆိုရင်
ငါးပါးနီအကောင်လိုက်ဟင်း ၊ ငါးအကြွပ်ကြော် စတဲ့ နာမည်လည်းဆန်းဆန်းလေးတွေနဲ့ ဟင်းပွဲတွေလည်း တွေ့ခဲ့တယ် ။
ဖက်နဲ့ထုပ်ထားတဲ့ ဖက်ထမင်း- အဝစားကို(၂၀၀၀/၃၀၀၀ကျပ်) ပဲရှိတယ် ။ စားတော့မစားခဲ့ပါဘူး. မီနူးကြည့်ပြီး ဟိုမေး ဒီမေးနဲ့စပ်စုခဲ့တာပါ ။
တကယ်တမ်း စားလိုက်တော့လဲ နာမည်လဲဆန်းသလို ဟင်းပွဲတွေရဲ့ အရသာကလည်း တစ်ဇွန်း ခပ်မည်းကြည့်ပြီးယင် ဆက်တိုက်စားချင်သွားအောင် တကယ် ဆွဲဆောင်နိုင်တယ်။ သူ့ဟင်းပွဲရဲ့အရသာတွေက ခံတွင်းရှင်းပြီး ထမင်းမြိန်စေတဲ့ စတိုင်လ်မျိ ုး
အရိုးထုတ်ထားတဲ့ငါးပါးနီဟင်းဆိုယင် ငါးတွေက ချိုပြီးအသားလည်းများလို့မှာစားတဲ့သူတွေအတွက် တန်ပြီး တီလားဗီလားငါးတွေထက်စာရင် ကျန်းမာရေးအတွက်လည်း ပိုကောင်းစေတယ် ။ အဆင်ပြေတယ်ပြောရမှာပေါ့။
ပြီးတော့ "ဦးလေးကြီးကိုတံငါ ပင်လယ်စာ"
ဆိုင်ရဲ့အဓိကမင်းသားကြီးပီသပါပေတယ် ။ ဒီဟင်းပွဲကို တဇွန်းခပ်မြည်းပြီးထဲက ပန်းကန်ထဲကဟင်းမကုန်မချင်းခပ်ခပ်စားတာများ ဝန်ထမ်းလေးတွေ နောက်ပွဲတွေလာချတဲ့အချိန်နဲ့ပန်းကန်ပြောင်တာနဲ့ကွက်တိ အဲလောက်ကောင်းလွန်းလို့ ဒီဟင်းတစ်မျိုးကိုတော့ အသေးစိတ်မရေးပေးတော့ဘဲ နဲနဲလျှိုလိုက်မယ် . ဟဲဟဲ . ဆိုင်မှာသွားစားကြည့်ဘို့ 100% တိုက်တွန်းပါတယ် ။
နောက်ထပ် မင်မင် စားခဲ့တဲ့ အစားအသောက်လေးတွေကိုလည်း ဒီမှာဆိုစာအရမ်းရှည်မှာစိုးလို့ အောက်ကပုံ တပုံချင်းစီမှာ အသေးစိတ် ရေးပေးထားပါတယ်နော်
စားပြီးတော့ အစပ်ပြေ ချထားပေးတဲ့ ရခိုင်ကြံထန်းညက်လေးဝါး ရေနွေးလေးသောက်ရင်း ဒီဆိုင်က ပင်လယ်စာတွေက တော်တော် လတ်ဆတ်တယ်နော် လို့ဆိုင်ပိုင်ရှင်ကို မေးလိုက်တော့ ပင်လယ်စာတွေကို ငပလီကနေတိုက်ရိုက်သွင်းတာမို့ပါတဲ့
ဒီလိုအရသာရှိတဲ့ ဟင်းပွဲတွေကို ချက်ပြုတ်ပြင်ဆင်ပေးတဲ့ စားဖိုမှူ း တွေကလည်း ဆိုင်ပိုင်ရှင် ညီအမသုံးယောက် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပေးတယ်ဆိုတာပါ။
(ချောချောလေးတွေချည်းနော် )
ပြီးတော့ သစ်သီးဖျော်ရည်စစ်စစ်ကို တစ်ထောင်ပဲတဲ့. .မင်မင်တော့ ဗိုက်မဆံ့တော့လို့မသောက်ခဲ့ပေမဲ့ သူများဝိုင်းတွေအတွက် ဖျော်နေတာကိုတွေ့လိုက်တာ တန်ချက်ကြီးဆိုတာ . ။
စိတ်တိုင်းကျလွန်းလို့ကိုယ့် page လေးမှာ ရီဗျူးလေး share ပေးမယ်ပြောတော့ သူတို့က ကျေးဇူးတွေတင်ပြီး တင်မဲ့ပိုစ့်လေးမှာ လက်ဆောင်လေးထည့်ပေးမယ်ဆိုလို့ Giveaway (3) ယောက်စာ မဲဖောက်ပေးမယ်နော် ။
ဒီပိုစ့်လေးအောက်မှာ အပေါ်က မီနူးတွေထဲက ကိုယ်စားချင်တဲ့ ဟင်း(2) မျိုးကို အတူသွားစားချင်တဲ့ သူငယ်ချင်းတွေကို mention ခေါ် comment ရေးပေးရုံပါပဲနော် .
ဝင်ပြီးကံစမ်းနိုင်တဲ့ရက်က October လကုန်ထိပဲနော် အချစ်တို့
လုံးဝဈေးမကြီးဘဲ ရခိုင်လက်ရာ အရသာစစ်စစ် ဈေးတန်တန်ကို ခံစားချင်တယ်ဆိုရင်တော့ -
လိပ်စာ - 7/E-001 သုဝဏ္ဏအိမ်ရာ၊ သုဝဏ္ဏ ပန်ခြံအနီး၊ သံသုမာလမ်းမကြီး ၊ (သုံးပန်လှနဲ့မျက်နှာချင်း သိပ်မဝေး) ကျောင်းလမ်း မှတ်တိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ၊ရန်ကုန် ။
ဖုန်းနံပတ် - ၀၉ ၄၀၂၃၉ ၃၀၀၃
Website - www.threesister.com
Facebook - https://www.facebook.com/3-Sisters-Restaurant
Source - May Lay Khin ။
The Restaurants Guide