Best Cuisine

မလေးရှား ဘူဖေး စားဖူးပြီလား

September 26, 2019

မလေးရှား ဘူဖေး စားဖူးပြီလား

Malaysia buffet ဆိုတာကြီးကြည့်ပြီး ငါကြိုက်တာတွေ ပါမှာမဟုတ်ဘူူးလို့တော့ မထင်လိုက်နဲ့

Buffet ရောက်ရင် အရင်ဆုံးပြေးရှာရတဲ့ Lobster,king crab,Sashimi counter တွေအပြင် မြန်မာပါးစပ်နဲ့ ကိုက်ညီတဲ့အစားအသောက်တွေမှ
တကယ့်အများကြီး

A taste of Malaysia ဆိုတာက ပုံမှန်ခင်းနေကျ International Buffet ကိုမှ Malaysia counter တစ်ခုထက်တိုးပြီး Halal food တွေကို hightlight လုပ်ထားလို့ အဲ့နာမည်ပေးထာတာ

မလေးရှားအစားအစာဆိုပေမဲ့ ဟင်းခတ်အမွှေး
အကြိုင်တွေအရမ်းကြီး မသုံးထားလို့ စားရတာ
အဆင်ပြေတယ် နဲနဲပေါ့တယ်လို့တောင်ခံစားရတယ်

မလေးစာတွေ မကြိုက်ဘူး ဆိုလည်း ကိစ္စမရှိဘူး

အမျိုးစားတော်တော်ဆုံတဲ့ sashimi တွေ ကင်ထားတဲ့ lobster ကြီးတွေ ၊ ကင်းမွန်အစာသွပ်ကင်၊
ဘဲကင် ၊ satay ၊ dimsum ၊ cold cut ၊ salad နဲ့ dissert တွေကရွတ်ပြလို့တောင် ကုန်မှာမဟုတ်လို့
နောက် ဆုံးမှာ photo လေးနဲ့ list လေးတောင်လုပ်
ပေးထားရတဲ့အထိကိုစုံတာ

soft drinks only ပဲ serve လုပ်လို့ beer သောက်
ချင်တဲ့ ကိုကိုတွေ မမတွေ အတွက်ကတော့ ဒီတစ်ချက်မှာ တော်တော်လေး အားမလိုအားမရ ဖြစ်မှာ
သေချာတယ်

Taste of malaysia buffet week က
ဒီလ (၂၁) ရက်နေ့ကနေ လကုန်အထိပဲနော်

malaysia week လေးပြီးသွားရင် ပုံမှန်အတိုင်း international buffet ကဆက်ရှိနေမှာဖြစ်ပြီး
non halal counter တစ်ခုပါထက်တိုးဦးမှာဆိုတော့ ရွေးချယ်စရာတွေပိုများလာတာပေါ့

မိသားစုတွေသွားစားလို့ အသက် (၁နှစ် - ၆နှစ်)
ကလေးပါလာရင်လဲ ကလေးအတွက်က free ၊
(၇နှစ် -၁၂နှစ်)ကလေးဆိုမှ တစ်ဝက်ပေးရုံပဲ ၊
လူကြီးတွေအတွက်သာတစ်ယောက်ကို
USD 32 nett ကျသင့်မှာ

International buffet (malaysia hightlight) ဆိုပေမဲ့ ကိုယ်တွေအတွက်က sashimi တွေ
ပင်လယ်စာတွေကို မခိုမကပ်ပဲခင်းပေးထားလို့ mini seafood night buffet လေးလားတောင်ထင်မိတယ်

ကဲ ပြောနေတာကြာတယ်.... စိတ်ဝင်စားတယ်ဆို

Address
No 11, Corner of Kan Yeik Thar Road & U Aung Myat Road, Mingalar Taung Nyunt Township, Yangon, Myanmar, Yangon 11221

+951 9377188 ကိုဆက်ပြီး reservation လေး
ကြိုလုပ်လို့ရပါတယ်

Time 6:00 PM to 10:00 PM

#A_Taste_of_Malaysia_Buffet_Dinner #Hunger_is_the_spice
#At_SPOON
#Wyndham_Grand_Yangon_Hotel

Admin #PK & #Anna #Good_Eat #ဂွတ်၏


Read 204 times.