Best Cuisine

30% Discount ရမဲ့ Mr.Cow ရဲ့ Promotion

September 20, 2019

အကင်တွေ ၃၀% လျှော့ဈေးတဲ့ ...

Yangon International Hotel ဝန်းထဲမှာ...

ကြိုက်တဲ့အကင်စား ဘာစားစား ၃၀% ထိတောင် ဈေးလျှော့ပေးနေတဲ့ နိုင်ငံခြားအကင်ဆိုင်ကြီး...


ဒီအချိန် ၃၀% တောင် အယ်စတုံကြီး လျှော့တုန်းမှ...ဒီလို BBQ အကင်တွေနဲ့ မာလာအိုးလိုက်ကြီး မဆွဲရင် ဘယ်ချိန်ဆွဲမလဲပြော....ပထမဆုံးပြောချင်တာက TGIF မယ့်သူတွေ...ဘီယာလည်း ကစ်မယ်...အကင်ကိုလည်း အဝစားမယ်..အဝကိုတောင် ကောင်းပေ့ဆိုတာမှ စားချင်တယ်ဆိုတဲ့ ဘော်ဒါတွေ အဖွဲ့လိုက်ကြီး ဆိုင်တစ်ဆိုင်လုံး လူမပြည့်ခင် ပြေးရမယ့်ဆိုင် ဆိုလို့ ဒီဆိုင် ခုမှ တွေ့ပါပြီနော်။


ဘာလို့ ဒီဆိုင်မှ ဒီဆိုင် ညွှန်းလဲ သွားသင့်လဲဆို-မနက် ၁၁ ကနေ ည ၂ နာရီထိဖွင့်တဲ့အကင်ဆိုင် ဆိုလို့ ဒီဆိုင်ပဲရှိသေးတယ်။ ည ၂နာရီဆိုတော့ Club , Bar အပြန်လည်း သာယာတယ် အကင်တွေ တော်တော်လေးကောင်းတယ်။ အကင်ကို အမွှေးနံ့သာတွေ ထုံနေ၊မွှန်နေတာမျိုးမဟုတ်ဘဲ အသားအရသာလေးနဲ့ မန်ကျည်းချဉ်စပ်စပ်လေးနဲ့ စားချင်တဲ့သူတွေအတွက် လုံးဝ ကွက်တိ ထိငြိမယ့်အရသာ။ သူ့ဆိုင်က မန်ကျည်းချဉ်ကအသက်။
အကြိုက်တကာ့အကြိုက်ဆုံး ၂ခုရှိတယ်။

ပထမတစ်ခုက သုံးထပ်သားတွေ၊ ဝက်အူမကြီးတွေ၊ အခေါက်တွေ၊ အူတွေ၊ အသားလုံးတွေနဲ့ အသီးရွက်တွေအကုန်လုံးကို ပွက်ပွက်ဆူနေတဲ့ မာလာဟင်းရည်အိုးကြီးထဲ ထည့်ထားတဲ့ ဟော့ပေါ့အိုးကြီး။တစ်အိုးလုံး ပုံမှန်ဈေး ၁၆၅၀၀ တောင်တော်တော်တန်နေပြီ။ ဘာလ်ု့ဆိုဂတုတ်တွေချည်းတင် အချောင်း ၂၀ ကျော်တယ်။ အဲ့ဒါကိုမှ ၃၀% ဆိုတော့ စဉ်းစားသာကြည့်။ တသောင်းစွန်းလေးနဲ့ စားရတာ။


တော်တော်တန်နေပြီ။ အရည်က တော်တော်လေးကို ကောင်းတာ။ မစပ်ပြဲနေ၊မမွှန်နေဘူး။ အရသာ အရမ်းရှိ။
ဒုတိယတစ်ခုက Cheese ထမင်းပေါင်း။ အပေါ်က Mozarella Cheese အပြည့်ဆမ်းပြီး ထမင်းကို မြေအိုးနဲ့ပေါင်းထားတာ။ အီတာတော့ တော်တော်အီစိမ့်ပြီး ကောင်းတာ။ Cheesy Lover တွေအကြိုက်။

ဆိုင်နာမည် မတရားတွေ သိချင်နေပြီဆို အလင်းပြမယ်။

Mr.Cow Myanmar(烤大爷) တဲ့။

ဒီ ဇူလိုင် ၁၁ ကနေ သြဂုတ် ၁၁ ထိ ၃၀% ကို ဘာ အစားစာ မှာမှာ ဈေးလျှော့ပေးနေတာ။တန်မတန် ကိုယ့်ဟာကိုယ်သာစဉ်းစားကြည့်တော့။


အစက Mr.Cow ဆိုတော့ အမဲသားအဓိက ထင်တာ။ ဝက်သားတွေ၊ကြက်သား၊ အမဲသား အစုံရတာကိုမှ ထူးထူးဆန်းဆန်းလေးတွေ အရွက်တွေနဲ့ ကင်ပေးတယ်။ဝါတွင်းမို့လို့ မပူနဲ့တဲ့။ သက်သက်လွတ်အကင်တွေချည်းလည်းရတယ် ဆိုပဲ။တကယ် တန်တဲ့ ဆိုင်ကြီးမို့ကို လက်တို့လိုက်တယ်။ သောက်စရာလည်း အကုန်တော်တော်များများရှိတယ်။နောက်ဆို Shisha ပါရပြီတဲ့။

ကဲ...Yangon International Hotel ဝင်းထဲ ဝင်ဝင်ချင်း ညာဘက်မှာ နောက်လ ၁၁ ရက်နေ့မတိုင်ခင်ထိ ညတိုင်း BBQ နဲ့ သောက်စရာ ပူစရာမလိုတော့ဘူးနော်။ခုပဲ ဘော်ဒါတွေသာ မဲဆွယ်တော့။


Credit #စားမယ် သွားမယ် (Your Trusted Food Blog)
#Good_Eat
#ဂွတ်၏

 


Read 286 times.