Special Deals

20% Off နဲ့ Table Hood မှာ Lunch စားမယ်

October 10, 2023

ဒီဆိုင်လေးကတော့ အစားအသောက်ကောင်းတွေ စားရင်း ဒိတ်ချင်သူတွေ၊ အနုပညာကို ခုံမင်တဲ့ လူငယ်တွေ၊ အလုပ်လုပ်မယ့်သူတွေ၊ စာလုပ်မယ့်သူတွေ၊ အကောင်းစား ကော့တေးတွေနဲ့မှ Chill ချင်သူတွေအတွက် ဆုံမှတ်လို့ ပြောလို့ရပါတယ်။ 

ဆိုင်ပုံစံလေးက အနောက်တိုင်းဆန်ပြီး  ခမ်းခမ်းနားနား ရှိတာကြောင့် Luxury Vibe ကို ခံစားရစေပါတယ်။ ဆိုင်က အရမ်းမကျယ်ပေမဲ့ အဖြူရောင်နောက်ခံလေးရယ်၊ စိမ်းစိုလှပနေတဲ့ သစ်ပင်လေးတွေရယ်၊ ကြိမ်ခုံနဲ့ သစ်သားခုံလေးတွေကြောင့် ကြည့်လိုက်တာနဲ့ ဓာတ်ဖမ်းလို့ကောင်းတဲ့ ဆိုင်မှန်း သိသာပါတယ်။ 

သူ့ဆိုင်ရောက်ရင် Asian နဲ့ European စတိုင် ဟင်းလျာတွေအပြင် တမူထူးခြားပြီး အမျိုးအစား စုံလင်လှတဲ့ Cocktails တွေကိုပါ တွဲဖက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ သက်သတ်လွတ်သမားတွေအတွက် အထူး Menu တွေလည်း ရနိုင်ပါတယ်။

သောက်စရာအနေနဲ့ကတော့ Cocktails ကိုမှ အရသာ၊ ပုံစံအမျိုးမျိုးနဲ့ ရနိုင်မှာဖြစ်ပြီး Smoothies၊ Beer နဲ့ Soft Drinks တွေကိုလည်း မှာယူသုံးဆောင်လို့ ရပါတယ်။

ပရိုမိုးရှင်းကတော့ အောက်တိုဘာလကုန်အထိ Table Hood မှာ ရနိုင်တဲ့ ဟင်းပွဲတွေကို ဆိုင်မှာ သွားထိုင်စားရင် 20% Off ရရှိမှာ ဖြစ်ပါတယ်။  သတ်မှတ်ထားတဲ့ အချိန်ကတော့ မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်းဖြစ်တဲ့အတွက် နေ့လည်စာကို Table Hood မှာ ပရိုမိုးရှင်းနဲ့ သွားစားလို့ ရပါပြီ။ 

သူ့ဆိုင်မှာ မကြာခဏဆိုသလို Art နဲ့ ပတ်သက်တဲ့ Workshop တွေ စီစဉ်ပေးသလို အေးချမ်းတိတ်ဆိတ်တဲ့ နေရာမှာ ပန်းချီထိုင်ဆွဲချင်တဲ့သူတွေအတွက်လည်း လိုအပ်တဲ့ Tools တွေကအစ ငှားပေးပါတယ်။ အိမ်မှာ တိလေးတွေ မွေးထားရင်လည်း ဆိုင်ကို ခေါ်သွားလို့ ရသေးတယ်နော်။ 

227, 36th Street, Upper Block, Kyauktada Township, Yangon

01 377 318


Read 212 times.