Cafes & Restaurant

၁၉၉၀ ခုနှစ်တွေဆီ ပြန်လည်ခေါ်ဆောင်သွားမယ့် ကော်ဖီဆိုင်လေး

July 17, 2023

ဒီဆိုင်လေးက 90's born တွေရဲ့ အတိတ်ငယ်ဘဝကို ပြန်သတိရစေမယ့် ရှေးမူလက်ရာ အပြင်အဆင်တွေနဲ့ ဖန်တီးထားတာကြောင့် Retro Vibe အပြည့်ရမယ့် ကော်ဖီဆိုင်လေးပါ။ ကော်ဖီဆိုင်မလို့ ရိုးရှင်းစွာနဲ့ ပေးထားတဲ့ ဆိုင်နာမည်ကလည်း "Coffee Sine - ကော်ဖီဆိုင်" ပါပဲ။ ဒီနေရာမှာ ဆိုင်လာတဲ့ ဧည့်သည်တိုင်းကို ကိုယ့်အိမ်လာလည်တဲ့ ဧည့်သည်လို ကြိုဆိုဧည်ခံပေးလို့ အိမ်တစ်အိမ်လို နွေးထွေးမှုကို ရစေပါတယ်။

ဆိုင်အပြင်အဆင်ကို မျက်စိထဲ မြင်အောင်ပြောရမယ်ဆိုရင် ရှေးမြန်မာအိမ်တွေမှာ ရှိတတ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ သစ်သားစားပွဲလေးတွေ၊ ကြိမ်ခုံလေးတွေ၊ သစ်သားကြမ်းခင်းလေးတွေ၊ အိမ်တွင်းစိုက် အပင်လှလေးတွေ၊ စာအုပ်စင်နဲ့ မျက်စိပသာဒဖြစ်စေတဲ့ ပန်းချီကားချပ်လေးတွေက 90's Era ကို ပြန်ရောက်သွားသလို ခံစားရစေပါတယ်။  

Advertisement

Click Here > Yong Chang

ဆိုင်က နှစ်ထပ်ဖြစ်ပြီး အတွင်းလှေခါးတစ်ခုနဲ့ ဖိနပ်စင်လေး ရှိပါတယ်။ ဆိုင်အပေါ်ထပ်၊ အောက်ထပ်မှာ ထိုင်လို့ရသလို ဆိုင်အပြင်ဘက် ဘေးလမ်းကြားလေးမှာ ပုသိမ်ထီးလေးတွေနဲ့ အလှဆင်ထားတဲ့ စားပွဲဝိုင်းလေးတွေလည်း ရှိပါတယ်။

ဒီဆိုင်ငယ်လေးထဲ ကော်ဖီ၊ စာပေ၊ အနုပညာ (၃) ခုကို ပေါင်းစပ်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ကော်ဖီသောက်ရင်း စာအုပ်လေးဖတ်၊ ပန်းချီကားလှလှလေးတွေကို ခံစားနိုင်မယ့်အပြင် ဝိုင်ဖိုင်လည်းရှိတော့ Peaceful ဖြစ်တဲ့နေရာလေးမှာ အေးဆေးထိုင်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

ဒီဆိုင်လေးမှာ ရရှိနိုင်တဲ့ အစားအသောက်တွေ အကုန်လုံးက Halal ဖြစ်လို့ စိတ်သန့်သန့်နဲ့ လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပါတယ်။ စျေးနှုန်းတွေလည်း ၂,၀၀၀ နဲ့ ၅,၀၀၀ ကြားလောက်ပဲဆိုတော့ စျေးချိုတယ်လို့ ပြောလို့ရပါတယ်။ ရန်ကင်းက ဆိုင်ခွဲကတော့ ကားရပ်နားတဲ့နေရာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး အစားအသောက်ရွေးချယ်စရာလည်း ပိုများတော့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေ သွားရင် ပိုအဆင်ပြေပါတယ်။ ကျောက်တံတားဆိုင်ခွဲကတော့ အငြိမ်လေး ဖီးလ်ချင်သူတွေ၊ တိတ်တိတ်ဆိတ်ဆိတ် စာလုပ်ချင်သူတွေ၊ အလုပ်လုပ်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ ဆိုင်နေရာလေးပါ။  

Weekday တွေမှာ ဒိတ်မယ်ဆို ဒီဆိုင်လေးက မဆိုးပါဘူးနော်။ ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့ရော၊ အစားအသောက်ရော အဆင်ပြေပါတယ်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဆို လူကျတတ်လို့ ဆိုင်ကို ကြိုတင် ဖုန်းလှမ်းဆက်ထားပြီး Reserved လုပ်သွားတာ ပိုကောင်းပါတယ်။ ဆိုင်က မနက် (၈) နာရီကနေ ည (၇) နာရီအထိ ဖွင့်ပါတယ်။ တနင်္ဂနွေတစ်ရက်ကတော့ မနက် (၉) နာရီမှ ဖွင့်ပါတယ်။ တနင်္လာနေ့တစ်ရက်တော့ ဆိုင်ပိတ်ပါတယ်။ 

လိပ်စာ (၁) - အမှတ် ၁၃၄၊ ၃၉ လမ်း အောက်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

လိပ်စာ (၂) - အမှတ် (၃၃ - C)၊ မိုးကောင်းလမ်းသွယ်၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 950 434444


Read 415 times.