Up to 60% OFF

မြန်မာအစားသောက်များ၊ ဝိုင် နှင့်တွဲဖက်စားသုံးခြင်းကိုအားပေးသည့် Wolf Blass ရဲ့ Find Your Flavour ပွဲ

February 11, 2020

..
 ဩစတြေးလျရဲ့ လူသိများတဲ့ ဝိုင် တံဆိပ် တစ်ခုဖြစ်တဲ့ Wolf Blass ရဲ့ ဝိုင်နှင့် တွဲဖက်စားသုံးရတဲ့ ‘Find Your Flavour’ campaign ညစာစားပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရှိ The Pansodan Burmese Brasserie တွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့  က ကျင်းပခဲ့ပါသည်။ Wolf Blass က Michelin Guide နဲ့ ပူးပေါင်းပြီး ဤ campaign ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ မှာ စတင်ခဲ့တာ ဖြစ်ပြီး အရှေ့တောင်အာရှ တစ်ဝှမ်းတွင် အခုလို ဝိုင်နဲ့ တွဲဖက်စားသုံးခြင်းပွဲ တွေ ကို လုပ်ခြင်းအားဖြင့် အာရှအစားအစာများနှင့် ဝိုင်တို့ အရသာပေါင်းစပ်မှု ကို ပြသရန်ဖြစ်ပါသည်။
..
Wolf Blass ရဲ့ Brand Ambassador ဖြစ်တဲ့ Catherine Wong နဲ့ The Pansodan စားသောက်ဆိုင် မှ MasterChef Myanmar Season 2 Winner ဖြစ်တဲ့ စားဖိုမှူး Arkar တို့ရဲ့ masterclass နဲ့ campaign ကို စတင်ခဲ့ပါသည်။ ပွဲတက်ဧည့်သည် များကို Wolf Blass Gold Label ဝိုင်များဖြင့်တစ်ကွ ဒေသထွက်ဆော့စ်အနှစ်များဖြစ်တဲ့ ရှာလကာရည်သံပုရာဆော့စ်အနှစ်၊ ရှမ်းခရမ်းချည်သီးဆော့စ်အနှစ်၊ အုန်းနို့ဆော့စ်အနှစ်၊ မှိုဆော့စ်အနှစ် တို့နဲ့ တည်ခင်းဧည့်ခံခဲ့ပြီး ဆော့စ်များကို နှစ်သက်သလို ရောစပ်စေခြင်းဖြင့် ဧည့်သည် အကြိုက် အရသာများကို ရရှိစေပြီး ဒေသထွက် အရသာ များနဲ့ဝိုင် လိုက်ဖက်မှု ကို သိစေခဲ့ပါသည်။
..
ဒေသထွက်အစားအစာ များကို အနောက်တိုင်း အစားအစာများနဲ့ နှိုင်းယှဉ်ကြည့်ပါက ဆော့စ်အနှစ်ပိုများသည့် အလျှောက် ဆော့စ်အနှစ် သည် masterclass တွင် အသားပေးခြင်းခံခဲ့ရပြီး campaign ရဲ့ အရေးပါတဲ့ အုတ်မြစ်တစ်ခုလည်း ဖြစ်ခဲ့ပါသည်။ ဒေသထွက်အစားအစာ များ သည် ဟင်းလျာတစ်ပွဲချင်းတည်ခင်းဧည့်ခံမှုထက် မိသားစု ပုံစံ တည်ခင်းဧည့်ခံမှုများသည့် အတွက် ဝိုင်နှင့် တွဲဖက် ဖော်ပြရာတွင် အခက်အခဲများ ရှိခဲ့ပါသည်။ ဆော့စ်အနှစ် များကို ကြည့်ခြင်းအားဖြင့် ဟင်းပွဲများရဲ့ တူညီမှုတွေ ကို သိရှိခြင်းကလည်းအဆိုပါ ဟင်းလျာနဲ့ လိုက်ဖက်တဲ့ ဝိုင် ကို ရှာဖွေရာတွင် အထောက်အကူပြုပါသည်။
..
masterclass အပြီးမှာတော့ ဗမာညစာစားပွဲကို တူညီတဲ့ ဆော့စ်များနှင့် တည်ခင်းခဲ့ပြီး ဝိုင်တွဲဖက်စားသုံးခြင်း နှီးနှောဖလှယ်ပွဲ ကို ပြုလုပ်ခဲ့ပါသည်။ ညစာတည်ခင်းရာတွင် အသုံးပြုခဲ့တဲ့ ဝိုင် အမျိုးအစားတွေကတော့ Gold Label Riesling 2017၊ Gold Label Pinot Noir 2013၊ Gold Label Cabernet Sauvignon 2015 နဲ့ Gold Label Shiraz 2015 တို့ဖြစ်ပါသည်။
..
Catherine Wong မှ “ကျွန်မတို့ က Wolf Blass ဝိုင်တွေဟာ ဒေသထွက် ဗမာအစားအစာ များနဲ့ ကောင်းမွန်တဲ့ လိုက်ဖက်မှု ပေးစွမ်းနိုင်တယ်ဆိုတာကို ပြသချင်ခဲ့တာပါ။ ပုံမှန်အားဖြင့် လူတွေက အာရှ အစားအစာကို ဝိုင်နဲ့ တွဲဖက် စားသုံးဖို့ စဉ်းစားလေ့မရှိကြပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ရဲ့ ဧည့်သည်တော် တွေက တော့ ထူးခြားတဲ့ တွဲဖက်မှုတွေကြောင့် အမြဲတမ်း ကျေနပ်မှုတွေနဲ့ အံ့အားသင့် ကြပါတယ်။ ကျွန်မတို့ အနေနဲ့ campaign တစ်လျှောက် စားသုံးသူတွေကို ဝိုင်အရသာနဲ့ အာရှအစားအစာ ပေါင်းစပ်မှုကို ကျင်းပဖို့ အားပေးပါတယ်။ ပြီးတော့ မိတ်ဆွေရဲ့ ပြီးပြည့်စုံတဲ့ အရသာကို ပရိုတင်းတွေ အစား ဆော့စ်အနှစ်တွေကို ကြည့်ပြီး ရှာဖွေနိုင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
..
ပွဲအခမ်းအနားကိုတော့ မီဒီယာ အမြောက်အမြားနှင့်တစ်ကွ ဝိုင်နဲ့ အစားအသောက် ကို ချစ်မြတ်နိုးသူတွေဖြစ်တဲ့ Awn Seng, Win Min Than, Ah Boy, Myat Yadanar Kyaw, Christina Lim, Thu Rain Kyaw Moe နဲ့ Cho Wut Yee တို့ က တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် ဧည့်သည်များထဲက Win Min Than မှ “အာရှ အစားအစာတွေက အရသာပိုပြင်းပြီး ကွဲပြားတာကြောင့် တစ်ခါတစ်လေ ကျွန်မ အာရှဆိုင်တွေကို သွားစားတဲ့အခါ ဘယ်ဝိုင်သောက်ရမလဲဆိုတာ စဉ်းစား ရခက်ပါတယ်။ ကျွန်မထင်တာတော့ ဒီ masterclass က နောက်တစ်ခေါက်ဗမာ အစားအစာတွေစားတဲ့အခါ မှန်ကန်တဲ့ဝိုင်ရွေးချယ်မှု အတွက် အထောက်အကူပြုမယ်ထင်ပါတယ်။ ဝိုင်နဲ့ပတ်သက်ပြီး ဗဟုသုတတိုးပွါးဖို့ ပျော်စရာနည်းလေးတစ်ခုပါပဲ” ဟု ပြောကြားသွားခဲ့ပါသည်။
..
The Pansodan ရဲ့ စားဖိုမှူး Arkar ကလည်း အရသာရှိတဲ့ ဝိုင်တွဲဖက်မှုလေး ဖြစ်ဖို့ အတွက် ယခု လို အကြံဉာဏ်တစ်ချို့ကိုပြောပြခဲ့ပါတယ်။ “ဒီလို ဝိုင်နဲ့ အာရှအစားအစာတွဲဖက်မှု က လူတော်တော် များများ အတွက် အသစ်အဆန်း တစ်ခုလို ဖြစ်နေတာကြောင့် ကျွန်တော်တို့ အနေနဲ့ ဝိုက်သောက်သုံးတဲ့သူတွေ အတွက် ရင်းနှီးမှုရှိစေရန် လိုက်ဖက်မှုရှိမဲ့ မီနူးတစ်ခု ကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့ပါတယ်။ ဥပမာ ရှမ်းခေါက်ဆွဲ နဲ့ ဝိုင် ကလိုက်ဖက်မယ်လို့ မိတ်ဆွေတို့ ထင်မိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Wolf Blass Gold Label Pinot Noir 2013 နဲ့ တွဲဖက်လိုက်တဲ့အခါ ထူးခြားဆန်းသစ်တဲ့ အရသာပေါင်းစပ်မှုတစ်ခု ဖြစ်သွားပါတယ်။ ဒီ Pinot Noir ရဲ့ ချယ်ရီနဲ့ စတော်ဘယ်ရီ ဆီ က ထင်ရှားတဲ့ အနံ့က ရှမ်းခေါက်ဆွဲမှာ ပါတဲ့ ခရမ်းချဉ်သီးရဲ့ အချဉ် အရသာ ပျော့ပျော့ လေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။ အိမ်မှာ ရှိတဲ့ လူတွေအနေနဲ့လည်း ဒီလို တွဲဖက်မှုမျိုးကို အလွယ်တစ်ကူလုပ်ဆောင်နိုင်ပြီး မတူညီတဲ့ အရသာခံစားမှုမျိုးကို စမ်းသပ်နိုင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
..
‘Find Your Flavour’ campaign ကို အရင်ကလည်း တစ်ခြား အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း နဲ့ ထိုင်ဝမ်တို့မှာ Michelin-starred စားသောက်ဆိုင်တွေက စားဖိုမှူးတွေနဲ့ပေါင်းပြီး Wolf Blass Gold Label ဝိုင် တွေရဲ့ အရသာနဲ့ လိုက်ဖက်မဲ့ ဒေသထွက် ဟင်းလျာတွေကို ဖန်တီးခဲ့ပါသည်။ ဤ campaign ကတော့ ဝိုင်သောက်သုံးသူတွေရဲ့ လွဲမှားနေတဲ့ နားလည်မှုတစ်ခုဖြစ်တဲ့ အာရှဒေသထွက်အစားအစာတွေက ဝိုင်နဲ့ မလိုက်ဖက်ဘူးဆိုတာကို ပြောင်းလဲဖို့ ရည်ရွယ်ပါသည်။ ‘Find Your Flavour’ ကတော့ ၂၀၂၀ ခုနှစ် ဇွန်လ မတိုင်ခင် အထိ တစ်ဆင့်ပြီး တစ်ဆင့် ကျင်းပသွားမှာဖြစ်ပါတယ်။
..
..
Wolf Blass အကြောင်း
..
Wolf Blass ကို Barossa Valley မှာ ၁၉၆၆ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး သိုလှောင်ခန်း အသေးလေးကနေ ကမ္ဘာ့ အအောင်မြင်ဆုံး နဲ့ ဆု အရဆုံး ဝိုင် တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတွင်းနဲ့ နိုင်ငံတကာဝိုင် ပြပွဲတွေ ဆီ ကနေ ဆုပေါင်း ၁၀,၀၀၀ ကျော်ကို ရရှိခဲ့ပြီး Wolf Blass ရဲ့ အရသာ ကတော့ ခံစားချက်အပြည့်နဲ့ ဂရုတစိုက် စောင့်ရှောက်လာတဲ့ အတိတ်နဲ့ လက်ရှိ မှာ လည်း ဝိုင်အရသာတန်ဖိုးကို မပြောင်းလဲပဲ ဖြစ်အောင် အမြဲကြိုးစားလျက်ရှိပါသည်။
..
ထပ်မံသိရှိလိုပါက ဤ website (https://www.wolfblass.com) မှ တစ်ဆင့်ကြည့်သိရှိနိုင်ပါသည်။ 


Read 757 times.