Bars & Pubs

ချောင်းလေးဘေးမှာ နေဝင်တာကြည့်ရင်း Relax လုပ်လို့ ကောင်းတဲ့ Blitz-Bar

November 30, 2023

Rooftopမှာ ဘီယာအေးလေးတစ်ကျိုက် မော့လိုက် အမြည်းတစ်ဖဲ့ ဝိုက်လိုက်နဲ့ ငြိမ့်မလား၊ မီးရောင်စုံအောက်မှာ Bartender တွေရဲ့လက်ရာ Cocktail နဲ့ Beverage အစုံအလင်ကို မြည်းစမ်းကြမလား၊ မြစ်ပြင်တစ်ဆုံးကို ငေးရင် အတွေးနယ်ချဲ့ကြမလား ဒါဆိုရင်တော့ မြောက်ဒဂုံ ဦးဝိဇာရလမ်းပေါ်က Blitz Bar ကိုသာ သတိရလိုက်ပါ။

သူ့ဆိုင်က နှစ်ထပ်ရှိပြီး အပြင်ဘက်က ကြည့်ရင်တော့ ဘာမှမထူးခြားတဲ့ သာမန် ‌Bar လေးတစ်ခုလို့ပဲ ထင်ရပါတယ်။ အထဲဝင်လိုက်မှ အတော်အသင့် ကျယ်တဲ့ Bar ဖြစ်ပြီး Rooftop ရဲ့ View ကလည်း သဘာ၀ဆန်ဆန် လှပါတယ်။

Rooftop ကနေ လှမ်းကြည့်ရင် ငမိုးရိပ်ချောင်းကို အနီးကပ်ကြီး မြင်နေရပြီး ညနေ နေအေးတဲ့အချိန်လေး သွားမယ်ဆိုရင်တော့ Sunset View အလှနဲ့ ချောင်းဘေးမှာ လေလေးတဖြူးဖြူးနဲ့ Chill လို့ ကောင်းတဲ့ Bar ပါပဲ။ ဆိုင်က Open Type မို့ နေ့လည်နေ့ခင်းဆိုရင်တော့ နည်းနည်း ပူပါလိမ့်မယ်။

Advertisement

Click Here > Real Hub

အောက်ထပ်မှာဆိုရင် ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ စသဖြင့် Sports ပွဲတွေကို Projector ကြီးနဲ့ ပြပေးထားတာကြောင့် ဘော်ဒါတွေ အတူကြည့်ရင်း ရင်ခုန်လို့ ရတာပေါ့။ ဝိုင်းတွေကတော့ အောက်ထပ် အပြင်ဘက်မှာ လွတ်လွတ်လပ်လပ် ထိုင်မလား၊ အထဲမှာပဲ အေးအေးဆေးဆေး ထိုင်မလား၊ Rooftop မှာ ပျော်ပျော်ပါးပါး Chill မလား ဝိုင်းအစုံ ရှိပါတယ်။ ရှုခင်းလှတဲ့ ဆိုင်လေးမို့ ချစ်သူနဲ့ပဲ ဒိတ်ဒိတ်၊ ဘော်ဒါတွေနဲ့ပဲ စုံပြီး ကဲကဲ လုံး၀ အလွင့်ပါပဲ။

ဒီဆိုင်မှာ ဘီယာ၊ ကော့တေး၊ ရှီရှား အဓိက ရပြီး သူတို့နဲ့ လိုက်ဖက်တဲ့ အကင်တွေ၊ အထောင်းတွေ၊ ဟင်းပွဲတွေ၊ အမြည်းတွေ တော်တော်လေး စုံပါတယ်။ ရန်ကုန်မှာ ရှာရခက်တဲ့ Burbrit က ထုတ်တဲ့ ရွှေဘီယာတောင် သူ့ဆိုင်မှာ ရပါတယ်။ သူ့ဆိုင်က အစားအသောက် အရသာကလည်း ကောင်းပြီး စျေးလည်း အရမ်းကြီးတဲ့ထဲ မပါတော့ လူငယ်တွေ၊ လူလတ်ပိုင်းတွေ ရွေးချယ်ကြတာ များပါတယ်။  

Blitz-Bar မှာ ရတဲ့ Menu တွေကိုတော့ အောက်က လင့်ခ်ကနေတဆင့် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

>> https://www.facebook.com/profile.php?id=100083141411745&sk=menu

သီချင်းလေးပါ နားထောင်ပြီး အပန်းဖြေချင်တာဆိုရင် ကြာသပတေး၊ သောကြာ၊ စနေ အဲ့ (၃) ရက် သွားပါ။ Unplugged ကိုမှ သီချင်းအေးအေး ငြိမ့်ငြိမ့်လေးတွေ ဖျော်ဖြေမှာ ဖြစ်တဲ့အတွက် နားအေးပါးအေး ကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ 

လိပ်စာ - အမှတ် - F/ ၆၇/ အေ၊ ဦးဝိဇာရလမ်း၊ ၄၂ ရပ်ကွက်၊ ခေမာမှတ်တိုင်အနီး၊ မြောက်ဒဂုံ 

ဖုန်း - 09882112121 

ဆိုင်ဖွင့်ချိန် - 10:00 AM  - 10:30 PM


Read 290 times.