Bars & Pubs

ဘတ်ဂျတ်နည်းနည်းနဲ့ ကဲလို့ရမယ့် ပါရမီလမ်းပေါ်က "Queen Bar"

July 6, 2023

နာမည်မှာတင် ဩဇာအပြည့်ရှိနေတဲ့ ဒီဘားလေးက ဖွင့်ထားတာလည်း (၄) လလောက်ပဲ ရှိဦးမယ်ဆိုတော့ လူတွေသိပ်သိကြဦးမှာ မဟုတ်ပါဘူး။ ဒီဘားရဲ့ ထူးခြားချက်က ကော့တေးတစ်ခွက်ကို မြန်မာငွေ ထောင့်ငါးရာကျပ်တည်းနဲ့ သောက်လို့ရတာပါ။ Queen Bar က ဘတ်ဂျတ်နည်းနည်းနဲ့ လူငယ်ဆန်တဲ့ Vibe ရချင်သူတွေ၊ အသည်းကွဲချင်သူတွေ၊ ဖီးလ်ချင်သူတွေ၊ ကဲချင်သူတွေ သွားရမယ့် နေရာလေးပါ။

ဆိုင်က သိပ်အကျယ်ကြီးတော့ မဟုတ်ပေမယ့် အစားအသောက်တွေ အရသာကောင်းပြီး၊ စျေးနှုန်းတွေက တန်လို့ ညွှန်ပေးလိုက်ပါတယ်နော်။ ဒီဆိုင်မှာ ရနိုင်တဲ့ မီနူးတွေက ပေါ့ပေါ့ပါးပါး အမြည်းတွေ၊ အကင်တွေ၊ အရွက်ကြော်တွေ၊ အထောင်းနဲ့ အသုပ်တွေ၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ မာလာရှမ်းကောနဲ့ Soup တွေ ရပါတယ်။

 

Advertisement

Click Here > Better World

စျေးနှုန်းတွေဆိုလည်း အကင်တွေဆို ၅၀၀ - ၁,၀၀၀ လောက်ကနေ စရှိပြီး အရွက်ကြော်၊ အထောင်းနဲ့ အသုပ်တွေဆိုလည်း ၂,၀၀၀ - ၃,၀၀၀ ကြားပဲ ကျပါတယ်။ ဒီဆိုင်ရဲ့ Special Menu တွေဖြစ်တဲ့ ဝက်နံရိုးမီးတောက်နဲ့ ငါးသံပုရားပေါင်းကို ၇,၅၀၀ လောက်ပေးပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။ သောက်စရာတွေဆိုလည်း ဘီယာ၊ ဝီစကီ၊ ဂျင်၊ ဗော့ကာ၊ ကော့တေး စသဖြင့် ဖျော်ရည်၊ ယမကာ အစုံ ရပါတယ်။ စျေးနှုန်းတွေကတော့ ၂,၀၀၀ ကျပ်လောက်ကနေ စပြီး ရှိပါတယ်။

Queen Bar မှာ အရမ်းတန်တဲ့ Promotion တွေလည်း ထပ်ရှိပါသေးတယ်။ အဲ့ဒါတွေက ဘာလဲဆိုရင် -  

မိန်းကလေးသုံးယောက်နဲ့ အထက်သွားမယ်ဆိုရင် ကော့တေးတစ်လီတာအိုး (၁) အိုး ဖရီးတိုက်ပါတယ်။ သူ့ကို Strawberry၊ Mango၊ Blueberry၊ Passion ဆိုပြီး အရသာ (၄) မျိုးထဲမှာမှ ကြိုက်တာ မှာသောက်လို့ ရပါတယ်။ 

May be an image of drink

နောက်တစ်ခုက Happy Hour အစီအစဉ်ပါ။ နေ့တိုင်း (၃) နာရီကနေ (၇) နာရီအတွင်း လာသောက်မယ့် သူတိုင်း အောက်က ကော့တေးတွေကို ၁,၅၀၀ ကျပ်တည်းနဲ့ ဝယ်သောက်လို့ရမှာပါ။ 

- Rum Sour

- Rum Cola

- Whisky Cold

- Mojito

- Cuba Libra

- Mai Tai

နောက်ပြီး သူငယ်ချင်းအဖွဲ့လိုက်စုပြီး စားရင် တန်တဲ့ Cocktail Package တွေ၊ Beer Package တွေ၊ Food Package တွေလည်း ရှိပါသေးတယ်။ ဒီခေတ်မှာ ဒီလိုစျေးတန်တန်နဲ့ မူးပြီး မှောက်နိုင်မယ့် ဘားက ရွှေလို ရှားနေပါပြီ။ တေးသွားတွေကြား ငြိမ့်ရင်း Chill နိုင်ဖို့ Queen Bar မှာ Unplugged အစီအစဉ်တွေလည်း ရှိပါတယ်နော်။ 

ဆိုင်ဖွင့်ချိန် : 1:00 PM - 12:00 PM

ဖုန်း : 09 455799366

လိပ်စာ : အမှတ် ၁၇၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်းမပေါ်၊ ပါရမီစိန်ဂေဟာအနီး၊ ရန်ကုန်မြို့။


Read 397 times.