Special Deals

ဆဲလ်မွန်မီနူး (၃၀) နီးပါး ပါဝင်တဲ့ O Sushi Classic ရဲ့ (၄) သောင်းတန် ဆဲလ်မွန်ဘူဖေး

December 21, 2023

ဆူရှီမှာဆို ဆဲလ်မွန်ဆူရှီတွေကို ပိုကြိုက်တယ်၊ ဆာရှီမှာဆိုလည်း ဆဲလ်မွန်ဆာရှီမီမှ ဆိုတဲ့ ဆဲလ်မွန်ခရေဇီတွေအတွက် ဆဲလ်မွန်မီနူးအမျိုးပေါင်း (၃၀) ကို စိတ်ကြိုက် ဘူဖေးအ၀စားနိုင်မယ့် အခွင့်အရေးက O Sushi Classic မှာ ဒီဇင်ဘာ လကုန်အထိ ရှိနေမှာပါ။ ဆာရှီမီတစ်ပွဲကို (၁) သောင်းကျော် (၂) သောင်းနီးပါး ပေးနေရတဲ့ အချိန်မှာ ၄ သောင်းကျပ်တန် ဒီဆဲလ်မွန်ဘူဖေးထဲက ဆဲလ်မွန်ဆာရှီမီချည်း စားရတာနဲ့တင် တန်နေပါပြီ။ 

O Sushi Classic ရဲ့ ဆဲလ်မွန်ဘူဖေးမှာ -

- Sashimi

- Nigiri

- Gunkun

- Temaki

- Special Roll

- Maki

- Yakimono

- Domono စတဲ့ ဆဲလ်မွန်မီနူးအမျိုးအစား (၈) မျိုး ပါဝင်တဲ့အပြင် တခြားအရံဟင်း မီနူးတွေနဲ့ ဆူရှီလိပ်တွေကို အချိန် (၂) နာရီအတွင်း စိတ်ကြိုက် သုံးဆောင်လို့ ရပါတယ်။ 

ဘူဖေးထဲမှာတော့ ရွေးချယ်စရာ မီနူးအမျိုးပေါင်း (၃၀) နီးပါး ပါဝင်ပါတယ်။ စျေးနှုန်းကတော့ တစ်ယောက်ကို အပြီးအစီး ၄၃,၇၀၀ ကျပ် ဖြစ်ပြီး Soft Drink Free Flow လည်း ပါပါတယ်။ 

     Advertisement

Click Here > Great Modern

ဒါ့အပြင် ဆဲလ်မွန်ဘူဖေးကို Japanese Whiskey လေးနဲ့ တွဲဖက် မြည်းစမ်းကြည့်ချင်တယ်ဆိုရင် ၁၀,၀၀၀ ကျပ် အပိုဆောင်း ထပ်ပေးရုံနဲ့ Beer နဲ့ Japanese Whiskey ကိုလည်း ဘူဖေးသတ်မှတ်ချိန် (၂) နာရီအတွင်းမှာ စိတ်ကြိုက် သောက်လို့ရပါတယ်။ 

ဒီဇင်ဘာ ပရိုမိုးရှင်းအနေနဲ့ -

၂ ယောက် သွားစားရင် 2% Off 

၅ ယောက်နဲ့ အထက်သွားစားရင် 5% off

၁၀ ယောက်နဲ့ အထက်သွားစားရင် 10% Off ရရှိဦးမှာပါ။ 

ဒီဆိုင်ရဲ့ အပြင်အဆင်က လုံး၀ ဂျပန်စတိုင် ဖြစ်ပါတယ်။ ကီမိုနို ဝတ်စုံလေးတွေ အခမဲ့ ငှားရမ်း ဝတ်ဆင်ပြီး အမှတ်တရဓာတ်ပုံလေးတွေလည်း ရိုက်ခဲ့လို့ ရပါတယ်။ 

Opening Hours : 10:00AM - 10:00PM (Open Daily , Last Order 09:30 PM) 

Reservation : 09 5057516 

Location : No.10 (A/B), Yadanar Road, 16/2 Quarter, Thingangyun Township, Yangon


Read 271 times.