Cafes & Restaurant

ရန်ကင်းက Minimalist Vibe နဲ့ ရိုးရိုးရှင်းရှင်း လှနေတဲ့ ဒိုးနတ်ဆိုင်

December 26, 2023

ကော်ဖီဆိုင်တွေ၊ ကိတ်ဆိုင်တွေ ပေါတဲ့ ရန်ကင်းမှာ ဒီလို ဒိုးနတ်ဆိုင်လှလှလေး ဖွင့်ထားတာ (၃) လကျော်လောက်ပဲ ရှိပါဦးမယ်။ ၂၀၂၀ လောက်က စပြီး ဒိုးနတ်တွေ၊ ကိတ်တွေကို အွန်လိုင်းကနေ စတင်ရောင်းပြီး နာမည်ကြီးလာတဲ့ ဆိုင်လေးပါ။ အခုကတော့ ရှယ်ပြင်ပြီး ဆိုင်ခန်းလေးနဲ့ လှလှပပလေး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

သူ့ဆိုင်မှာ ရောင်းတဲ့ ဒိုးနပ်က ရန်ကုန်မှာ စားနေကျ ဒိုးနပ်တွေနဲ့ လုံး၀ မတူပါဘူး။ ဘာမတူတာလဲဆိုရင် Cream အနှစ် အပြည့်ပါပြီး Bombolone (ဘွန်ဘိုလိုနီ) လို့ခေါ်တဲ့  အီတလီဒိုးနတ် ဖောင်းဖောင်းအိအိလုံးလုံးလေးတွေ ဖြစ်ပါတယ်။ ဒါကြောင့် စျေးနှုန်းကတော့ တခြားဆိုင်တွေထက် နည်းနည်းများပါတယ်။ 

May be an image of crumbcake and text

ဆိုင်အပြင်အဆင်လေးကို ပြောရမယ်ဆိုရင် အပြာရောင်ရယ်၊ ပန်းနုရောင်လေးရယ်နဲ့ အဖြူရောင်လေးကို တွဲစပ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းအောင် အလှဆင်ထားတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ ဓာတ်ပုံရိုက်လို့လှတဲ့ နေရာတွေကလည်း လက်ညိုးထိုးမလွဲ ရှိပါတယ်။ 

Advertisement

Click Here > Myat Mi Ba

ထိုင်ဖို့ ဝိုင်းကတော့ အများကြီး မရှိဘဲ (၇) ဝိုင်းလောက်ပဲ လုပ်ပေးထားပါတယ်။ လူနည်းနည်းနဲ့ အေးအေးဆေးဆေး ထိုင်ချင်တဲ့သူတွေအတွက်နဲ့ Minimalist Vibe ကို အပြည့်အ၀ ခံစားချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့ ဆိုင်လေးပါ။ ၀ိုင်ဖိုင်လည်း ရတဲ့အတွက် အလုပ်လုပ်မယ့်သူတွေ စာလုပ်မယ့်သူတွေလည်း အေးဆေးထိုင်လို့ ရပါတယ်။ 

May be an image of mistletoe cactus and text

Donut ကလည်း Thai Tea၊ Choco၊ Vanilla၊ Matcha၊ Cheesy၊ Oreo စသဖြင့် အရသာမျိုးစုံ ရှိပါတယ်။ နောက်ပြီး Mini Cake တွေမှာလည်း နူးနူးညံ့ညံ့လေးနဲ့ အရောင်အသွေး၊ အရသာ စုံလင်စွာ ရှိပါတယ်။ Drink ထဲမှာဆိုရင် ကော်ဖီကိုမှ အပူရော အအေးပါ နှစ်မျိုးလုံး ရပါတယ်။ ပြီးရင်တော့ Choco Series၊ Soda လေးတွေနဲ့၊ ဆိုင်ရဲ့ Special Drink မီနူးတွေလည်း ရပါသေးတယ်။ 

Dessert ချိုချိုစိမ့်စိမ့်လေးတွေ ကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒိတ်ဖို့ နေရာအသစ်လေး ရှာနေတာဆိုရင်တော့ Onze Donut Cafe လို့ အမည်ရတဲ့ အီတလီဒိုးနတ်ဆိုင်လေး ရှိပါတယ်။ သူ့ဆိုင်က မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်ပြီး တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်။ 

လိပ်စာ - အမှတ် (6/C)၊ မဂ္ဂင်းလမ်း၊ ရန်ကင်းမြို့နယ် 

ဖုန်း - 09 88 268 26 28


Read 220 times.