Cafes & Restaurant

အရသာ ထိထိမိမိနဲ့ Mexican Food အစုံအလင် ရတဲ့ Rangoonian Burritos

November 28, 2023

ဒီတစ်ခါတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် အနောက်တိုင်း အစားအစာတွေထဲက အသားတွေ၊ ချိစ့်တွေ ပျစ်ပျစ်နှစ်နှစ်ပါတဲ့ မက်ဆီကန်စာတွေ အစုံရတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့ဆိုင်လေးက အစားအသောက်ကောင်းတွေ ပေါပြီး လူစည်ကားတဲ့ စမ်းချောင်း၊ ကျွန်းတောလမ်းထဲမှာ ရှိပါတယ်။ Mexican Food ကြိုက်တဲ့သူပဲ ဖြစ်ဖြစ်၊ အသစ်အဆန်းလေးမို့ မြည်းစမ်းကြည့်ချင်တာမျိုးပဲ ဖြစ်ဖြစ် တစ်ခါလောက် သွားစားကြည့်သင့်တဲ့ ဆိုင်ပါ။ 

ဆိုင်အပြင်အဆင်လေးက အဝါရောင် နံရံလေးတွေရယ်၊ အပြာရောင် ဆိုဖာခုံလေးတွေရယ်၊ အနက်ရောင်  စားပွဲခုံလေးတွေရယ်၊ အလှမီးဆိုင်းလေးတွေရယ်နဲ့ဆိုတော့ သပ်သပ်ရပ်ရပ် လှလှပပ ရှိပါတယ်။ ဆိုင်ပုံစံက ဆိုင်ခန်းကျယ်ကျယ်ထဲမှာ အဲကွန်းအေးအေးလေးနဲ့ အေးဆေးဆေးဆေး ထိုင်လို့ကောင်းတဲ့ Cozy Vibe မျိုးပါပဲ။  ဓာတ်ပုံရိုက်လို့ လှအောင်လည်း Decoration ကို သေချာလေး ပြင်ဆင်ပေးထားပါတယ်။ 

     Advertisement

Click Here > Phyo Eain Si

ဆိုင်နာမည်က Rangoonian Burritos ဖြစ်ပြီး သူ့ဆိုင်မှာ ရရှိနိုင်တဲ့ Menu တွေကတော့ - 

Burritos

Flour Tortilla (ဂျုံဖက်ပြား) ထဲမှာ ထမင်း၊ ပဲ၊ အသားနဲ့ ဟင်းသီးဟင်းရွက်တို့ ထည့်ထားပြီး ချဥ်ချဥ်စပ်စပ်အရသာလေးနဲ့ Burritos

Birria Burritos

ပုံမှန် Burritos ကိုမှ နူးညံ့နေအောင် Pressure Cooker နဲ့ သုံးနာရီလောက် Slow-cooked ချက်ထားတဲ့ အမဲစတူး၊ Mexican Red Rice နဲ့ Refried Bean တွေ ထည့်ထားပြီး အရသာ လေးလေးစပ်စပ်လေးနဲ့ Birria Burritos

Tacos

Burritos နဲ့ Ingredient တွေ တူပေမဲ့ Burritos လို ထမင်းနဲ့ ပဲ မပါလို့ ချဥ်ချဥ်စပ်စပ် အရသာကို ပိုပြင်းပြင်းလေး ခံစားရမယ့် Tacos

Birria Tacos

Slow-cooked ချက်ထားတဲ့ အမဲစတူးနဲ့ Mozzarella Cheese အမျှင်လေးတွေ ပါဝင်ပြီး အပေါ်မှာ ဝေ့နေတဲ့ဆီလေးနဲ့ Pan Toasted လုပ်ထားလို့ ကြွပ်ကြွပ်မာမာလေးနဲ့ စားလို့ကောင်းတဲ့ Birria Tacos

Quesadillas

နံပြားလို ဂျုံသားကြားမှာ အသီးအရွက်တွေနဲ့ Mozzarella Cheese လေး ပျော်ဝင်နေလို့ Juicy ဖြစ်ဖြစ်လေးနဲ့ အမျှင်လိုက်လေး ဆွဲလို့ကောင်းတဲ့ Quesadillas

Birria Quesadillas

နံပြားကြားထဲမှာ ညှပ်ထားတဲ့ Mozzarella Cheese များများ၊ အမဲသား၊ အသီးအရွက်နဲ့ Melted Cheese Sauce တို့ပါပြီး အရသာ လေးလေးကိုမှ အနည်းငယ်စပ်တဲ့ အရသာကို ရောပြီး ခံစားရမယ့် Birria Quesadillas

Tortas

ပေါင်မုန့်သား နူးနူးအိအိလေးမှာ အမဲသားနဲ့ အသီးအရွက်လေးတွေ ညှပ်ထားပြီး Burger တို့ Sandwich တို့ ကြိုက်သူတိုင်း စားကြည့်သင့်တဲ့ Tortas

Birria Tortas

ပုံမှန် Tortas ကိုမှ နူးညံ့နေအောင် Pressure Cooker နဲ့ သုံးနာရီလောက် Slow-cooked ချက်ထားတဲ့ အမဲစတူး၊ Mexican Red Rice နဲ့ Refried Bean တွေ ထည့်ထားပြီး အရသာ လေးလေးစပ်စပ်လေး လုပ်ထားတဲ့ Birria Tortas

Nachos

Original, Cheese နဲ့ BBQ ဆိုပြီး အရသာ (၃) မျိုး ရွေးချယ်လို့ရပြီး ဝါးလိုက်တိုင်း ကြွပ်ကြွပ်ရွရွလေးဖြစ်နေမယ့် Nachos

French Fries

အာလူးချောင်းကြော် ကြွပ်ကြွပ်ရွရွလေးကို Cheese Sauce ပျစ်ပျစ်နှစ်နှစ်လေး ဆမ်းထားတဲ့ (French Fries)

Elote

Grill လုပ်ထားတဲ့ ပြောင်းဖူးကို အပေါ်မှာ Spice လေးတွေနဲ့ Melted Cheese ဆမ်းထားပြီး ဆိမ့်ဆိမ့်လေးကိုမှ အစပ်အရသာကိုပါ တွဲဖက် ခံစားရမယ့် Elote

Birria Ramen

Japanese နဲ့ Mexican Vibe နှစ်မျိုးအရောလေး ခံစားရမယ့် Birria Ramen
(Add-on အနေနဲ့ Melted Cheese Sauce၊ Mozzarella Cheese နဲ့ အမဲနံရိုးတို့ ထပ်ထည့်နိုင်ပါတယ်)

Birria Soup

အမဲရိုးစွပ်ပြုတ်လေးထဲမှာမှ Topping အနေနဲ့ ဂေါ်ဖီ၊ ကြက်သွန်၊ နံနံပင်နဲ့ Nachos အကြွပ်ကြော်တို့ ပါဝင်ပြီး ပူပူစပ်စပ်လေးနဲ့ သောက်လို့ကောင်းတဲ့ Birria Soup

သောက်စရာအနေနဲ့ကတော့ အသီးဖျော်ရည်တွေ ရှိပါတယ်။ ဒီဆိုင်ရဲ့ အားသာချက်က ဟင်းပွဲတွေ အားလုံးက ဈေးအရမ်း မများပါဘူး။ ၂,၀၀၀ ကျော်ကနေ အများဆုံး ၁၀,၀၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ဒီဆိုင်ရဲ့ မီနူးတွေတိုင်းမှာ Cheese တွေ ပါပြီး အသုံးပြုတဲ့ Cheese တွေကလည်း ကိုယ်တိုင်ချက်ထားတဲ့ Homemade Cheddar Cheese ကိုပဲ သုံးထားတာပါ။ 

စမ်းချောင်းဘက်ရောက်တိုင်း စားနေကျ ပူပူစပ်စပ် ဟော့ပေါ့၊ မာလာရှမ်းကောတို့လို အစားအသောက်မျိုး မဟုတ်ဘဲ တစ်ခါတစ်လေ ပုံမှန်မဟုတ်တဲ့ ဟင်းခေတ်အမွှေးအကြိုင်အနံ့သင်းပြီး ချဉ်ချဉ်စပ်စပ် Mexican Food တွေလည်း စားကြည့်ချင်တယ်ဆိုရင် -

ဆိုင်နာမည် - Rangoonian Burritos

လိပ်စာ - အမှတ် ၁၂၉၊ ကျွန်းတောလမ်းမပေါ် (ဘီးလင်းကျောင်းတိုက်သစ်မျက်နှာချင်းဆိုင်)၊ စမ်းချောင်းမြို့နယ်။

ဖုန်း -  09 757 953 640


Read 219 times.