Cafes & Restaurant

ခေါက်ဆွဲ  အစပ်ကို lvl နဲ့ စားချင်သူတွေအတွက် OPPA Spicy Level-7 Korean Noddles

December 7, 2022

Spicy Noddles ကို အစပ် lvl များများလေးစားချင်တဲ့သူတွေအတွက် လှည်းတန်းမှာဖွင့်ထားပြီး တောင်ဥက္ကလာမှာလည်း ဆိုင်ခွဲရှိတဲ့  OPPA Spicy Level-7 Korean Noddles ဆိုတဲ့ ဆိုင်လေးအကြောင်းတင်ပေးလိုက်ပါတယ်။ ကိုရီးယားခေါက်ဆွဲအစပ် lvl ကတော့ lv 0.5 ကနေစရှိပြီး အစပ် lvl 7 အထိရွေးလို့ရမှာဖြစ်ပါတယ်။

Spicy Noddles ကို အစပ်ကို lvl တွေနဲ့ စားလို့ရတဲ့ အပြင်အစပ်ပြေစားဖို့အတွက် အသားကနူးညံ့ပြီး အရသာရှိလွန်းတဲ့ Beef steak ကို မြည်းစမ်းကြည့်ကြဖို့လဲ Recommend ပေးချင်ပါတယ်။

ဆိုင်ခွဲ 2 ဖြစ်တဲ့ တောင်ဥက္ကလာပ ဆိုင်မှာဆိုရင်တော့ ခုရက်ပိုင်းခေတ်စားနေတဲ့ SeaFood Tom Yam Hotplate နဲ့ မာလာရှမ်းကော ပါ ထပ်ရသေးတာမလို့ Branch (1/2) ၂ ဆိုင်လုံးကို သွားရောက်အားပေးကြဖို့ အကြံပေးချင်ပါတယ်။

မာလာရှမ်းကော စားချင်တဲ့သူတွေအတွက်ကတော့ ကြက်၊ ဝက်၊ ပင်လယ်စာ ဆိုပြီး ၃မျိုးရရှိမှာဖြစ်ပါတယ်။ တချို့က အစပ်ကြိုက်ပြီး အထုံလျော့ချင်တဲ့သူတွေအတွက်ကတော့ အထုံလျော့ခိုင်းလို့ရပါတယ်။ Hot Plate ဆိုရင်လဲ သူကတုန်ယမ်းအရသာပါထည့်ချက်ထားတဲ့ဟင်းလျာဖြစ်ပြီး အနည်းငယ်ငန်တဲ့အတွက် ထမင်းနဲ့တွဲစားရင် ကွက်တိပဲဖြစ်ပါတယ်။ နောက်ထပ်ရရှိတာကတော့ Breakfast Menu တွေလည်းရသေးတယ်လို့သိရပါတယ်။

ဆိုင်ခွဲ (၁) လှည်းတန်း စင်တာမျက်နှာစောင်းထိုး၊ လှည်းတန်း ၁ လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉ ၇၇၀၄၃၇၅၅၄
ဆိုင်ခွဲ (၂) သံသုမာလမ်းမကြီး၊ ၃၁ မှတ်တိုင်၊ မေတ္တာလမ်းထောင့်၊ တောင်ဥက္ကာလာပမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉ ၄၀၂၆၄၈၀၈၉

Fb Link >>> OPPA Spicy Level -7 Korean Noodles


Read 403 times.