Bars & Pubs

သီချင်းဆိုရင်း သောက်ချင်တဲ့သူတွေအတွက် KTV တွဲပါတဲ့ စားသောက်ဆိုင် (၅) ဆိုင်

February 16, 2023

Music တွေ နားထောင်ရင်း Chill ရတာ မကြိုက်ဘူး၊ အေးအေးဆေးဆေး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ထိုင်သောက်ရတာလည်း မကြိုက်လို့ မူးလာရင် ဆိုလိုက်ရမှဆိုတဲ့ မိုက်ခဲလေးတွေအတွက် KTV တွဲလျက်ပါတဲ့ စားသောက်ဆိုင် (၅) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Click Here >>> Hmwe

(1) Hotel Novel Rooftop Restaurant
အခုပြောပြမယ့်နေရာကတော့ ဟိုတယ်မှာ သွားရောက် အပန်းဖြေပြီး သောက်ကြစားကြရင်း သီချင်းပါ ဆိုလို့ရမယ့် Hotel Novel Shu Khin Thar နဲ့တွဲလျက် ဖွင့်ထားတဲ့ Hotel Novel Rooftop Restaurant ပဲ ဖြစ်ပါတယ်။ ဟိုတယ်လိပ်စာလေးကတော့ အမှတ် (၈၅၂)/စီ၊ ရှုခင်းသာလမ်းမကြီး၊ သာကေတမြို့နယ်ဖြစ်ပြီး Yangon Waterboom ရေလွှာလျှောစီး အပန်းဖြေကစားကွင်းအနီးမှာဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ Rooftop လေးမှာ အေးဆေး Chill ပြီး အသံစစ်ချင်တဲ့ မိုက်ခဲလေးတွေအတွက် တကယ်ကို ရွေးချယ်သင့်တဲ့နေရာပဲ ဖြစ်ပါတယ်။

(2) Dragon Bar & Restaurant - DG Bar
နောက်ထပ် ပြောပြပေးမယ့်ဆိုင်ကတော့ တောင်ဒဂုံက အင်းဝအိမ်ရာမှာ ဖွင့်ထားပြီး စားသောက်ဆိုင်နဲ့ ဘားအပြင် ကာရာအိုကေပါ ဆိုလို့ရတဲ့ Dragon Bar & Restaurant - DG Bar ပဲ ဖြစ်ပါတယ်။ ဘီယာကို အကင်နဲ့မှ မြည်ချင်တဲ့သူတွေအတွက်လည်း အကင်အမျိုးအစား စုံလင်စွာရှိလို့ အစားအသောက် ကောင်းကောင်းနဲ့ ဝန်ဆောင်မှုကောင်းကောင်းတွေကြောင့် တစ်ခါသွားပြီးရင် ထပ်သွားချင်စိတ် ဖြစ်စေမယ့်ဆိုင်လည်း ဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေစုပြီး သောက်ကြ စားကြရင်း ဆိုကြမယ် ပျော်ကြမယ်ဆိုရင် DG Family KTV ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ 

(3) Family Music Land
ဒီဆိုင်လေးကတော့ စားသောက်ဆိုင်ကိုမှ ကာရာအိုကေခန်းလေးတွေနဲ့ပါ တွဲလျက်ဖွင့်ထားတဲ့ Family Music Land ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ ပါရမီလမ်း၊ လှိုင်မြို့နယ်ဖြစ်ပြီး ပါရမီစိန်ဂဟာနဲ့ ဘုရားလမ်းမှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားတာဖြစ်လို့ သွားရလာရ အဆင်ပြေစေမယ့် ဆိုင်နေရာလည်း ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ မိသားစုတွေနဲ့အတူ Unplugged က သီချင်းလေးတွေနာ းထောင်ရင်း Chill ပြီးလို့ အသံထပ်စစ်ချင်သေးတယ်ဆိုရင်တော့ ဒီဆိုင်လေးကို ရွေးချယ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ 

(4) Voice Industry KTV Entertainment
ဒီနေရာလေးကတော့ KTV သီးသန့်ကိုမှ အသောက်လေးနဲ့ပါ တွဲလျက် Chill ချင်တဲ့သူတွေအတွက် ဖွင့်ထားတဲ့ Voice Industry KTV Entertainment ဆိုတဲ့နေရာ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ ပထမထပ်၊ Urban Asia Center၊ ၄၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ် ဖြစ်ပါတယ်။ ကွာလတီအကောင်းဆုံး Sound System ပါဝင်တဲ့ အခန်းတွေရှိတဲ့အပြင် အစားအသောက်တွဲလျက် ပါဝင်တဲ့ "တန်မှတန် Package" တွေကလည်း ရွေးစရာအစုံ ရှိပါသေးတယ်။ 

(5) mCube Waizayantar
ခုနောက်ဆုံးပြောပြပေးမယ် နေရာကတော့ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာမှာ ဖွင့်ထားတဲ့ mCube Waizayantar ဆိုတဲ့ နေရာပဲ ဖြစ်ပါတယ်။ သီချင်းဆိုရင်း စားသောက်ချင်သူတွေအတွက် ကာရာအိုကေဆိုတဲ့ အချိန်နဲ့ အစားအစာတွေကို Package လေးနဲ့ စီစဉ်ပေးထားတာဆိုတော့ Budget save ဖြစ်စေမယ့် ဆိုင်လေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိသာစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ သောက်ရင်းစားရင်း မိုက်ခဲပြီး Stress ဖြေဖျောက်စေဖို့ ဒီဆိုင်လေးကို ရွေးချယ်ကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

The Myanmar Restaurant Guide


Read 531 times.