Special Deals

လူကြိုက်များသော Korea ရိုးရာအစားအစာများ

March 4, 2020

Korea Drama တွေကို တဖြည်းဖြည်းလူကြိုက်များလာကြသလို Korea အစားအသောက်တွေကို စားသုံးရတာကိုလည်း နှစ်သက်လာကြပါတယ်။ အဲ့အတွက် လူကြိုက်များတဲ့ Korea ရိုးရာအစားအသောက်လေးတွေနဲ့ စတင်ဖြစ်ပေါ်လာပုံလေးတွေကို လေ့လာသိရသလောက်ဝေမျှပေးပါမယ်။

BiBimBap 
==========
Bibimbap သည်ဟင်းသီးဟင်းရွက်များ၊ အသားများနှင့်ကင်မ်ချီများပါဝင်သည့် ကိုရီးယားအစားအစာဖြစ်သည်။ 
ပန်းကန်ထဲမှာ ပါဝင်တဲ့ Bibimbap ဟာအရသာမျိုးစုံရှိပြီးတော့ ချက်ပြုတ်စဉ်မှာပါဝင်တဲ့ အသီးအရွက်နဲ့ အသားပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ဂျိုဆွန်းမင်းဆက်လက်ထက်မှာတော့ goldongban အဖြစ် လူသိများပြီးတော့ ၂၀ ရာစုနောက်ပိုင်း မင်းဆက်တွေမှာတော့ bibimbap ဆိုတဲ့ ရိုးရာအစားအစာ အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ 

 

Kimchi
=======
ကင်ချီကတော့  ကမ္ဘာပေါ်မှာလူသိအများဆုံးသော ကိုရီးယားရိုးရာ အစားအစာဖြစ်ပါတယ်။ များသောအားဖြင့် မုန်ညှင်းဖူးဖြူ ကိုကင်ချီအတွက် အဓိကအသုံးပြုတာဖြစ်ပြီး အခြားဟင်းသီးဟင်းရွက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေအပေါ်မူတည်ပြီးတော့ ကင်ချီလုပ်နည်းမျိုးစုံရှိပါတယ်။ ကင်ချီဟာ ဘီစီ ၃၇ ကနေ ၇ အေဒီထိ အုပ်ချုပ်ခဲ့သော ကိုရီယားမင်းဆက်ကနေ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယူနက်စကိုကနေ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတာလည်း ဖြစ်ပါတယ်။ 

 

Samgyetang
============
Samgyetang ကတော့ ကြက်သားနှင့် ဂျင်ဆင်းဟင်းချိုဖြစ်ပြီး ဟင်းချိုထဲပါဝင်တဲ့ ကြက်သွန်ဖြူ ကို ချိုတဲ့အရသာထွက်လာတဲ့အထိ ထုပ်ပိုးထားတာဘဲဖြစ်ပါတယ်။ Samgyetang သည် ပူပြင်းတဲ့ နွေရာသီမှာ စားသုံးမယ်ဆိုရင်တော့ နွေရာသီရဲ့ပူပြင်းတဲ့ဒဏ်ကြောင့်ဖြစ်တဲ့ ပင်ပန်းမှုတွေကို ခံနိုင်ရည်ရှိပြီး ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်လို့ ကိုရီယားလူမျိုးတွေက ဆိုကြပါတယ်။ insam-ju လို့ခေါ်တဲ့ ဂျင်ဆင်းဝိုင်တစ်မျိုးဟာ Samgyetang နဲ့တွဲသောက်ဖို့ အကောင်းဆုံးဝိုင်ဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ပြက္ခဒိန်မှာပါဝင်တဲ့ Chubok, Jungbok နှင့် Malbok ရက်တွေမှာ Samgyetang ကိုစားရတာကို ပိုနှစ်သက်ကြပါတယ်။ 

 

Seolleongtang
=============
Seollongtang ဆိုသည်မှာ အမဲရိုးဟင်းချိုလို့လူသိများကြပါတယ်။ ဂျိုဆွန်းမင်းဆက်ကနေစတင်ပြီး ရာစုနှစ်ပေါင်းမြောက်များစွာ ပုံမှန်စားသုံးလာတဲ့ ကိုရီးယားအစားအစာလည်း ဖြစ်ပါတယ်။ နို့ရည်အဖြူ ကဲ့သို့သော အရောင်ဖြစ်ပြီး အမဲသားအရိုးများ၊ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနဲ့ ကြက်သွန်မိတ်တို့ ပါဝင်ပါတယ်။ ဒီဟင်းချိုကိုတော့ ထမင်း(သို့)ခေါက်ဆွဲ ဖြင့်စားသုံးပါတယ်။

 

Bulgogi
========
Bulgogi ကိုအမဲသားဒါမှမဟုတ်ဝက်သားနဲ့ပြုလုပ်ထားပြီး အသားများကို ကင်ခြင်း(သို့မဟုတ်) ကြော်ခြင်းဖြင့် ပြင်ဆင်လေ့ရှိပါသည်။ Bulgogi သည်ဘီစီ ၃၇ မှ Goguryeo အချိန်ကတည်းကကိုရီးယားအစားအစာတွင်ပါဝင်ခဲ့သည်ဟုယူဆရပြီး Joseon မင်းဆက်တွင် neobiani ဟုခေါ်ဆိုခဲ့သည်။

 

အဆိုပါ အစားအသောက်တွေကတော့ လူကြိုက်များတဲ့ ကိုရီးယားရိုးရာအစားအသောက် အချို့ဖြစ်ပါတယ်။


Read 1351 times.
2 Reviews

Reviews

Wynn Latt | March 2020
Food

Good

Did you find this review helpful?

0
Thet Aung | March 2020
Thanks

4 sharing knowledge.

Did you find this review helpful?

0