လူကြိုက်များ ရေပန်းစားတဲ့ Ice Lolly
ရာသီဥတုကလည်း ပူ၊ Covid-19ကလည်း Second waveအဖြစ် ပြန်ကူးစက်လာတဲ့အခါ Stay Homeကြောင့် ပျင်းနေမယ့်အစား အရသာရှိတဲ့ အစားအစာလေးတွေနဲ့ အပျင်းဖြေသင့်ပါတယ်။
Modern problems require modern solutionsဆိုသလိုပဲ ခေတ်သစ်ရဲ့ တောင့်တမှုတွေကို ခေတ်သစ်နည်းနဲ့ဖြေရှင်းကြတဲ့အခါ အစားအသောက်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ ထီထွင်ဆန်းသစ်မှုတွေဟာ ထွက်ပေါ်လာပါတယ်။ ၎င်းဆန်းသစ်မှုတွေထဲကမှ တစ်ခုဖြစ်တဲ့ အမြင်ဆန်းပြီး စားချင်စဖွယ်ဖြစ်စေမယ့် သဘာဝအသီးအရသာစစ်စစ်ကို စားနေရသလို ခံစားရေစမယ့် Modern Ice ရဲ့ သစ်သီး အရသာ Ice Lolly လေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။
လူကြိုက်များပြီး ရေပန်းစားနေတဲ့ Ice Lollyကို ဘယ်မှာဝယ်ရမလဲ။ ဘယ်လိုမှာရမလဲဆိုပြီး ခေါင်းစားမနေပါနဲ့တော့...
ဆိုင်နာမည်က Modern Iceဖြစ်ပြီး ပင်ရင်း ဒိုင်ဖြစ်ပါတယ်။ နယ်မြို့အသီးသီးကိုလည်း ၎င်းဆိုင်မှ ဖြန့်ချီနေတာဖြစ်ပါတယ်။ ဆိုင်က လေးထောင့်ကန်လမ်းမကြီး၊ မေခ အိမ်ရာရှေ့super AAA ကားပစ္စည်းဆိုင်ဘေး ဘဝမြင့်မှတ်တိုင်နား၊သင်္ကန်းကျွန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး ညနေ ၆နာရီဆိုပိတ်တယ်တဲ့နော်....
ဆိုင်မှာရရှိတဲ့ Ice Lolly အမျိုးအစားတွေကတော့ ဒူးရင်းသီး(Durian Ice Lolly)၊ အုန်းသီး(Coconut Ice Lolly)၊ ထောပတ်(Avocado Ice-cream Bar)၊ သရက်(Mango Ice Lolly)၊ စတော်ဘယ်ရီ(Strawberry Ice Lolly) အပြင် သီးစုံအရသာလည်း ရှိပါတယ်။ သီးစုံမှာ kiwi၊ နဂါးမောက်သီး၊ နနတ်သီး၊ sunkist၊ စပျှစ်သီး စတဲ့ အသီးတွေပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် အသည်းပုံကိတ်လေး(Ice-cream Cake)လည်း ရှိတယ်ဆိုတော့ လုံးဝကိုစားချင်စဖွယ်ပါပဲ။အသည်းပုံကိတ်လေးက ကိတ်မုန့်ရယ်၊ ချောကလက်ရယ်၊ ရေခဲမုန့်ရယ် သုံးလွှာပါရှိမှာ ဖြစ်ပါတယ်။ Vanillaအရသာလေးကတော့ မင်မင်အကြိုက်ဆုံးပါပဲ။
ဈေးနှုန်းအနေနဲ့ကတော့ အလွန်သက်သာပါတယ်။ အသည်းပုံကိတ်(Ice-cream Cake)နဲ့ ဒူးရင်းသီး(Durian Ice Lolly)က ၆၀၀ကျပ်ဖြစ်ပြီး ကျန်တဲ့အမျိုးအစားတွေကတော့ ၅၀၀ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။
ကဲ...တန်လည်းတန် အရသာလည်း ရှယ်ကောင်းတဲ့ Modern Iceဆိုင်က Ice Lollyကို မြန်မြန်လေးသွားဝယ်ပြီး မြည်းစမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျို့။ တစ်ခုတော့ မှာချင်ပါတယ်...ဆိုင်ကအရမ်းရောင်းကောင်းပြီး လူကြိုက်များတဲ့အတွက်ကြောင့် တစ်ခါတည်းများများဝယ်လာကြဖို့ မမေ့ပါနဲ့နော်...
ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ -၀၁၈၅၅၁၀၅၅
By Wyk(Myanmar Restaurant Guide)