အစားတလိုင်းရဲ့ Happy Hour Promotion
August လထဲမှာ Happy Hour Promotion အစီစဉ်လေးထပ်လုပ်ပေးလိုက်ပါပြီနော်..။
Hot Pot ဘူဖေးအဝစား 8800 Ks Only
August လကုန်အထိ Happy Hour လေးရှိနေအုံးမှာဆိုတော့ အသဲတို့အားတဲ့ တရက် လာရောက်အားပေးပါအုံးလို့ ဖိတ်ခေါ်လိုက်ပါတယ်နော်..။
ပုံမှန်ဈေးနဲ့တောင်အရမ်းတန်နေတာ Happy Hour ဈေးနူန်းနဲ့ ဆိုရင်တော့ တန်ပြီးရင်း တန်နေတော့မယ့် ဟော့ပေါ့ဘူဖေးအဝစား အစီအစဉ်...
မိသားစုနဲ့ အတူတူလာစားမလား... အပေါင်းအသင်းသူငယ်ချင်းတွေနဲ့အတူတူလာမလား..လုပ်ဖော်ကိုင်ဖက်တွေကို လိုက်ကျွေးချင်လား... အားနာစရာမလို စိတ်ကြိုက်အဝကျွေးလို့ရမဲ့ အစားတလိုင်း ဟော့ပေါ့ဘူဖေး ဖြစ်ပါတယ်နော်..။
Happy Hour အချိန်အတွင်း အဝစား တစ်ဦးလျှင် 8800 Ks သာကျသင့်မယ့်.......
ရန်ကုန်မြို့ရဲ့အတန်ဆုံး ဟော့ပေါ့ Buffet..
ဟော့ပေါ့အပြင် အရံဟင်းများစွာနဲ့...အချိူ ပွဲအဖြစ် အသီးအနှံ...ရေခဲမုန့် နဲ့...အချိူ ရည်အအေး တို့ပါ တည်ခင်းပေးထားလို့ တနေရာထဲမှာ စုံစုံလင်လင်နဲ့ စိတ်ကြိုက်အဝစားနိုင်မဲ့ အစားတလိုင်းဟော့ပေါ့ဘူဖေး ဖြစ်ပါတယ်နော်..။
ဟော့ပေါ့ဟင်းရည်အနေနဲ့ကတော့ အချိူ ၊ အစပ်၊ မာလာ၊ တုန်ယမ်း ဆိုပြီးတော့ ဟင်းရည် ၄ မျိူးစီစဉ်ပေးထားပြီး ကြိုက်နှစ်သက်ရာ ဟင်းရည်ကိုရွေးချယ် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။
ဟော့ပေါ့ထဲ ထည့်စားဖို့အတွက်ကတော့ ကဏန်း၊ ပုဇွန်၊ ပြည်ကြီးငါး၊ ရေဘဝဲ၊ ဂုံး၊ မရွတ်၊ ယောက်သွား၊ သွေးဂုံး၊ ခရု၊ ကြက်သားလွှာ၊ ကြက်မဲ၊ ကြက်ဆင်၊ ဝက်သားလွှာ၊ အမဲသားလွှာ၊ ဝက်မှိုလုံး၊ ကြက်ကြောလုံး၊ ငါးဖယ်လုံး၊ ရေညှိလိပ်၊ ပုဇွန်ဖက်ထုပ်၊ ပိန်းဥ၊ ကြာစွယ်၊ အပ်မှို၊ နှင့် အခြားဟော့ပေါ့ အမယ် များစွာကို စုံစုံလင်လင် ထည့်သွင်းပေးထားပါတယ်နော်..။
ဟော့ပေါ့နဲ့ တွဲဖက်သုံးဆောင်နိုင်ဖို့ အသင့်စပ်ပြီးသား အချဉ် ၄ မျိူးထားရှိပေးထားပြီး... အချဉ်နဲ့ ဟော့ပေါ့ဟင်းရည်ကို စိတ်ကြိုက်ဖန်တီးနိုင်ရန်အတွက်လည်း စီစဉ်ပေးထားပါတယ်နော်..။
ဟင်းရည်အရသာလေးလေးပင်ပင်ကြိုက်သူများ အဆင်ပြေစေရန် အရသာမှုန့် အရသာအနှစ်များ ထားရှိပေးတဲ့အတွက် ဟင်းရည်အရသာ အချိူ အစပ် အပေါ့အလေး လိုအပ်သလို ထပ်မံဖြည့်စွက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်.။
ဧည့်သည်တော်များ အရသာရှိစွာ သုံးဆောင်နိုင်ရန်အတွက် မေတ္တာလက်ဆောင်အဖြစ် အရံဟင်းလျှာများကိုလဲ အလှည့်ကျထည့်သွင်းပေးထားပါသေးတယ်နော်.။ အများအားဖြင့် မာလာရှမ်းကော၊ ကဏန်းချဉ်စပ်၊ ဝက်နံရိုး၊ ကြက်အရေခွံကြော်၊ ကြက်ခြေထောက်မာလာ၊ ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ငါးမုန့်ကြော်၊ အစရှိသော ဟင်းလျှာများ ပါဝင်မှာဖြစ်ပါတယ်။
အချိုပွဲအနေနဲ့ ပိန်းဥ၊ နို့၊ ချောကလက်၊ စတော်ဘယ်ရီ၊ သစ်ခွအရသာနဲ့ ရေခဲမုန့် ၅ မျိုး ကျောက်ကျော၊ ဖရဲသီး၊ သင်္ဘောသီး အပြင် အအီပြေသောက်ဖို့ အအေး ၃ မျိုး ထားရှိပေးထားမှာ ဖြစ်ပါတယ်။
ဒါတွေအားလုံး စိတ်ကြိုက်စားအဝစားမှ Happy Hour အချိန်အတွင်း 8800 Ks Only ပါနော်...
( ပုံမှန်ဈေး 11000 Ks အပြီးအစီး )
ဆိုင်ဖွင့်ချိန်ကတော့( မနက် ၁၁နာရီ မှ ည ၁၀နာရီ )ဖြစ်ပါတယ်နော်.။
ဈေးသက်သက်သာသာ နဲ့ စုံစုံလင်လင် စိတ်ကြိုက် အဝ ကြိတ်ချင်တယ်ဆိုရင်တော့ အစားတလိုင်းဟော့ပေါ့ဆိုင် ကို အရောက်လာခဲ့ဖုိ႔ ဖိတ်ခေါ်လိုက်ပါတယ်နော်..။
ကဲ....ဘော်ဒါတွေထဲမှာ အစားတလိုင်းလေးတွေရှိတယ်ဆိုရင် မန်းရှင်းခေါ်ပြီး ဒိတ်လိုက်တော့နော်...ဟော့ပေါ့ဆိုတာမျိူးက အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး စားမှ ပိုပြီး အရသာရှိပြီး စားလို့ဝင်တာမဟုတ်လား..။
..အစားတလိုင်းလေးတွေအတွက် အစားတလိုင်းဟော့ပေါ့..
- မနက် (၁၁)နာရီ မှ ညနေ (၄)နာရီ အထိ Happy Hour အချိန် အတွင်း စားသုံးပြီးစီးတဲ့သူတိုင်းကို 20% Discount ပေးသွားမှာ ဖြစ်လို့ တစ်ဦးလျှင် 8800ကျပ် အပြီးအစီးသာ ကျသင့်တော့မှာမို့ အမြန်လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.. ။
( စနေ၊ တနင်္ဂနွေ နှင့် အစိုးရုံးပိတ်ရက်များ မပါဝင်ပါ။)
_ လိပ်စာက....ပုဏ္ဏမီမှတ်တိုင်၊ သစ္စာလမ်း၊ တောင်ဥက္ကလာ မှာ ရှိပါတယ်.......
_ ကားမှတ်တိုင်နဲ့ တည့်တည့်ပဲမို့ YBS နဲ့လာမယ်ဆိုလဲ Ok ပါပဲ ။ လမ်းအများကြီးလျှောက်စရာ မလိုဘူးပေါ့။
12, 29, 38, 83, 87 YBS တွေ ရောက်ပါတယ်နော်...
ph: 09796551141
အစားတလိုင်း Hot Pot Buffet
11000 Ks per pax
Ph: 09796551141
ပုဏ္ဏမီမှတ်တိုင်၊ သစ္စာလမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့။
YBS 12, 29, 38, 83, 87