စက်တင်ဘာလကုန်ထိ ရှိမယ့် မင်းလမ်းရဲ့ Happy Hour Promotion
foodies တို့ရေ ဒီလို မိုးအေးအေးလေးမှာ ပူပူစပ်စပ် အရသာရှိတဲ့ အစားအစာတွေ စားလိုက်ရရင်ဖြင့် ဘယ်လောက် ကောင်းလိုက်မလဲ..။
ဘယ်ဆိုင်သွားရမလဲ ရွေးရခက်နေရင် မင်းလမ်းမုန့်တီဆိုင်လေးကို ညွှန်းပေးချင်ပါတယ်..။
ခုဆိုရင် မင်းလမ်းဆိုင်ခွဲတိုင်းမှာ Happy Hour Promotion တွေလည်း ပေးနေပါပြီ။
Happy Hour အချိန်ကတော့ နံနက် 10 နာရီမှ ညနေ 3 နာရီအတွင်း...
ဘယ်ဆိုင်ခွဲမှာ ဖြစ်ဖြစ် 10,000 ကျပ်ဖိုး အထက် သုံးဆောင်ပါက ရခိုင်ရိုးမထွက် အသီးအနှံ များဖြင့် ချက်ပြုတ်ထားတဲ့ အထူးဟင်းပွဲများထဲမှ မိမိကြိုက်နှစ်သက်ရာ ဟင်းပွဲ (1) ပွဲ လက်ဆောင် ပေးနေပါပြီနော်..။
ရက်ကတော့ 20.08.2020 ကနေ 30.09.2020 အထိ ဖြစ်ပါတယ်..။ Promotion ရက်က အများကြီးပေးထားတာဆိုတော့ foodies တို့အတွက် အဆင်ပြေပြီပေါ့..။
သူ့ဆိုင်ရဲ့ အားသာချက်က
ရခိုင်ရိုးမထွက် ရာသီပေါ်သီးနှံများနဲ့ ပင်လယ်စာများကို ရခိုင်ရိုးရာပုံစံ ချက်ပြုတ်ထားတာဖြစ်ပြီး မိုးတွင်းကာလနဲ့လည်း အလွန်ကို လိုက်ဖက်လှတဲ့ ခံစားမှုမျိုး ရရှိမှာဖြစ်ပါတယ်..။
အဲလို မိုးတွင်းကာလနဲ့ လိုက်ဖက်မှုရှိတဲ့ မင်းလမ်းရဲ့ 'တံငါသည်'ဟင်းလည်း ရှိပါသေးတယ်..။
ကိုတံငါတို့ကို အစွဲပြုပြီးခေါ်ထားတဲ့ 'တံငါသည်'ဟင်းက မင်းလမ်းရဲ့ လူကြိုက်များတဲ့ ဟင်းပွဲ တစ်ပွဲဖြစ်ပြီး ပုံကို မြင်တာနဲ့ တန်းသိလောက်အောင် နာမည်ကြီး လူကြိုက်များတဲ့ Min Lan ရဲ့ Menu တစ်ခုလည်းဖြစ်ပါတယ်။
မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါးဝိုင်းဖွဲ့စားသောက်လို့ရပြီး တစ်ပွဲကို လူ ၃၊ ၄ ယောက် စားလို့ ရတဲ့ အပြင် ဈေးနှုန်းကလည်း ကျပ်တစ်သောင်း ဝန်းကျင်သာ ရှိပါတယ်။
တံငါသည်တို့ ငါးဖမ်းသွားတဲ့အခါ ငါးရတာလည်း ရှိသလို၊ ငါးမရတဲ့အခါလည်း ရှိတာမို့ ဖမ်းလို့ရတာလေးတွေ စုပြီး တစ်အိုးတည်းမှာ ချက်ပြုတ်စားသောက်ပုံကို မှီငြမ်းပြီးဖြစ်ပေါ်လာတဲ့ တံငါသည်ဟင်းမှာ ငါး၊ ကဏန်း၊ ပုစွန်၊ ရေဘဝဲ၊ ကင်းမွန် ပင်လယ်စာအစုံကို ချဉ်ချဉ်စပ်စပ်လေးချက်ပြုတ်ထားလို့ ထမင်းနဲ့စားတဲ့အခါမှာလည်း မြိန်စေသလို အမြည်းအနေနဲ့လည်းလိုက်ဖက်မှု ရှိပါတယ်နော်..။
သူ့ရဲ့ ဆိုင်ခွဲတွေကတော့..
၁။ ပါရမီဆိုင်ခွဲ (အမှတ်(16)၊ ပါရမီလမ်းမကြီး၊ အနောက်မေခလမ်းထိပ်၊ မရမ်းကုန်းမြို့နယ်)
၂။ ရှင်စောပုဆိုင်ခွဲ (77/C, ရှင်စာပုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်း)
၃။ ကန်တော်ကြီးဆိုင်ခွဲ (နတ်မောက်လမ်းနှင့်ဖိုးစိန်လမ်းထောင့်၊ Chatrium Hotelနှင့် မျက်နှာချင်းဆိုင်)
၄။ ဝေဇယန္တာဆိုင်ခွဲ (အမှတ် (69)၊ ဝေဇယန္တာလမ်းမကြီး၊ တောင်ဥက္ကလာပမြို့နယ်)
၅။ အင်းလျားဆိုင်ခွဲ (အင်းလျားကန်ဘောင်၊ ကမာရွက်မြို့နယ်)
၆။ သာကေတဆိုင်ခွဲ (296/D6, ဧရာဝဏ်လမ်းမကြီး၊ သာကေတမြို့နယ်)
ကဲ ဒါဆိုရင် foodies တို့လည်း မိုးအေးအေးလေးမှာ ပူပူစပ်စပ် အရသာမျိုးကိုမှ စားချင်ရင်တော့ Happy Hour Promotion ပေးနေတဲ့ မင်းလမ်းမုန့်တီဆိုင်ကို သွားစားကြဖို့ အကြံပြုလိုက်ပါတယ်..