Bars & Pubs

ကာရာအိုကေ (၃) နာရီစာအပြင် အစားအသောက် (၅) မျိုးပါတဲ့ Grammy ရဲ့ Package များ

December 13, 2023

သီချင်းတွေ ဆိုဖို့ ခံစားချက်တွေ တက်ကြွနေတဲ့  Sweet December မှာ ကာရာအိုကေ သွားဖို့ စဉ်းစားနေပြီလား? ကာရာအိုကေ သွားရင် ဘီယာလေးလည်း သောက်ရမှ အမြည်းလေးလည်း စားရမှ ကျေနပ်တဲ့ ဘော်ဒါတွေအတွက် Grammy Family KTV & Entertainment က December Package တွေကို အတန်ဆုံး စျေးနှုန်းနဲ့ စီစဉ်ပေးထားပါတယ်။ 

Package တိုင်းမှာ Grammy ရဲ့ ကာရာအိုကေ အခန်း အသုံးပြုခ (၃) နာရီစာအပြင် သတ်မှတ်ထားတဲ့ ဘီယာနဲ့ အမြည်းဟင်းပွဲ (၅) မျိုးတောင် ပါဝင်တာမို့ ကိုယ့်ဘော်ဒါတွေ အကြိုက် ရေမီးအစုံပဲပေါ့။

Grammy ရဲ့ ရွေးချယ်စရာ အခန်းအမျိုးအစားတွေကတော့  (၅) မျိုး ရှိပါတယ်။
- လူ (၆) ယောက်အထိ ဆံ့တဲ့ Small Room 

- လူ (၁၀) ယောက်အထိ ဆံ့တဲ့ Medium Room 

- လူ (၁၅) ယောက်အထိ ဆံ့တဲ့ Large Room 

- လူ (၁၈) ယောက် အထိ ဆံ့တဲ့ VIP Room 

- လူ (၃၀) ယောက်အထိ ဆံ့တဲ့ VVIP Room 

အခန်းသေး၊ အခန်းလတ်၊ အခန်းကြီး အစုံရှိတာမို့ လူနည်းနည်းနဲ့ပဲသွားသွား၊ အုပ်စုတောင့်တောင့်နဲ့  Squad လိုက်ကြီးပဲသွားသွား၊ မိသားစုတွေပဲသွားသွား အဆင်ပြေမယ့် ဆိုင်လေးပါ။ အခန်းတွေကိုလည်း Room Acoustic Treatment သေချာလုပ်ပေးထားတာမို့ Sound System တော်တော်လေး ကောင်းပါတယ်။

TV ကထွက်တဲ့ Music နဲ့ ကိုယ့် Vocal စည်းချက်ညီညီဖြစ်ဖို့ Studio Condenser Mic၊ Headphone၊ Professional Mixer တွေကို သုံးပြီး Recording လုပ်သွားလို့လည်း ရပါတယ်။ Auto Tune လည်း ပါဝင်လို့ အဆိုမကောင်းတဲ့သူတွေဆိုရင်တောင် အသံကြည်ကြည်ရှင်းရှင်းလေးနဲ့ Cover Song ဆိုနေသလိုမျိုး ဖြစ်နေမှာပါ။ 

photo_2023-01-30_17-50-16.jpg

Click Here >> Alpha & Omega Co.Ltd.

သူ့ဆိုင်ရဲ့ ဒီဇင်ဘာအတွက် အထူးပတ်ကေ့ချ်တွေကတော့ -

Small Room - 3 Hours (56,600 MMK)

Heineken Jar - 1 Pc

ကြက်တောင်ပံကြွပ်ကြော် - 1 Pc

ပန်းပွင့်ပလိန်း - 1 Pc

လက်ဖက်သုပ် - 1 Pc

ငါးမုန့်ကြော် - 1 Pc 

Medium Room - 3 Hours (76,600 MMK)

Heineken Jar - 1 Pc

ကြက်တောင်ပံကြွပ်ကြော် - 1 Pc

ပန်းပွင့်ပလိန်း - 1 Pc

လက်ဖက်သုပ် - 1 Pc

ငါးမုန့်ကြော် - 1 Pc 

Large Room - 3 Hours (96,600 MMK)

Heineken Jar - 1 Pc

ဆိတ်လက်ဖက် - 1 Pc

မာလာအာလူး - 1 Pc

ပန်းပွင့်ပလိန်း - 1 Pc

ငါးမုန့်ကြော် - 1 Pc

VIP Room - 3 Hours (137,300 MMK)

Heineken Jar - 1 Pc

ကယားဝက်အူချောင်း - 1 Pc

ကြက်တောင်ပံကြွပ်ကြော် - 1 Pc

ပန်းပွင့်ပလိန်း - 1 Pc 

ငါးမုန့်ကြော် - 1 Pc

VVIP Room - 3 Hours (183,300 MMK)

Heineken Jar - 1 Pc

ကယးဝက်အူချောင်း - 1 Pc

ဆိတ်လက်ဖက် - 1 Pc

ပန်းပွင့်ပလိန်း - 1 Pc

မာလာအာလူး - 1 Pc

ငါးမုန့်ကြော် - 1 Pc

သူငယ်ချင်းများများနဲ့ စုပြီး ကိုယ့်အဖွဲ့နဲ့ကိုယ် သောက်စားပျော်ပါးမယ်၊ သီချင်းဆိုမယ်ဆိုရင်တော့ တစ်ယောက်ကို ၁၀,၀၀၀ ကျပ်လောက်ရှိရုံနဲ့ သွားလို့ရပါပြီ။ ဆိုင်အနေအထားက လင်းလင်းထင်ထင်း ရှိပြီး မိသားစု သွားလို့ရတဲ့ Family KTV ဖြစ်တဲ့အတွက် ကောင်မလေးနဲ့ KTV ဒိတ်မယ်ဆိုလည်း အိုကေမှာ စိုပြေပါပဲနော်။  

ဒါကြောင့် သွားမယ်ဆိုရင် -

ဆိုင်နာမည် - Grammy Family KTV & Entertainment 

လိပ်စာ - အမှတ် ၁၉၅-၂၀၃ ၊ ဆာကူရာ ဟိုတယ် ၊ Penthouse Floor ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း ၊ အလုံမြို့နယ် 

ဖုန်း - 09887766100 ဖြစ်ပါတယ်။ 


Read 287 times.