Special Deals

အရပ် (၄) ပေ ရှိသူတိုင်း Foodfare က (၄) ပေတိုရှည် ဖရီးကြိတ်မယ်

November 15, 2023

Foodfare လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်မိတာက မြန်မာနိုင်ငံရဲ့ ပထမဆုံး (၄) ပေ ရှည်တဲ့ တိုရှည်အချပ်ကြီးကိုပဲ ဖြစ်ပါတယ်။ သူ့ဆိုင်မှာပဲ ရတဲ့ ၅,၀၀၀ ကျပ်တန် (၄) ပေ တိုရှည်ကို အရပ် (၄) ပေ ရှိတဲ့ ကလေး၊ လူကြီး မရွေး ဖရီးစားလို့ရမယ့် အခွင့်အရေး ရှိပါတယ်။ 

Foodfare မှာက မနက်ခင်း အစားအသောက် အစုံအလင်အပြင် နေ့လည်စာ၊ ညစာနဲ့ သောက်စရာ အစုံအလင် ရရှိပါတယ်။ အထူးသဖြင့် သူ့ဆိုင်မှာ အိန္ဒိယစတိုင် ဟင်းပွဲတွေ ရရှိပြီး အာရပ်ဆိတ်ပေါင်ဒံပေါက်နဲ့ အာရပ် သိုးနံရိုးပေါင်းတို့က အရမ်းကို နာမည်ကြီးပါတယ်။

Advertisement

Click Here > Shwe Byain Phyu

ဒီအာရပ်ပွဲကြီး (၂) ပွဲကို မှာစားချင်တယ်ဆိုရင် ဆိုင်ကို (၂) ရက်လောက် ကြိုတင်ပြီး မှာထားပေးဖို့ လိုပါတယ်နော်။ Foodfare ရဲ့ မနက်စာချိန်တွေတိုင်းမှာ မပါမဖြစ် ကျွဲနို့စစ်စစ်နဲ့ နို့ပေါင်း လက်ဖက်ရည် ဆိမ့်ဆိမ့်လေးကိုလည်း စားသုံးသူတိုင်းက အကြိုက်တွေ့ပါတယ်။ 

သူ့ဆိုင်ရဲ့ နောက်ထပ် Signature မီနူးကတော့ လူတစ်ရပ်စာ ရှည်တဲ့ (၄) ပေ တိုရှည် ဖြစ်ပါတယ်။ နိုဝင်ဘာ (၁၅) ရက်နေ့ကနေ (၁၇) ရက်နေ့အထိ အရပ် (၄) ပေ ရှည်တဲ့ ကလေး၊ လူကြီး မရွေး (၄) ပေ တိုရှည်ကို ဖရီးကြိတ်လို့ရမှာ ဖြစ်ပါတယ်။ တိုရှည်နဲ့ တွဲဖက်စားဖို့ ပဲဟင်းရည်၊ ချက်တနီနဲ့ ခရမ်းချဉ်သီးအနှစ်ဆိုပြီး (၃) မျိုး ပေးပါတယ်။ 

တစ်ခုရှိတာက အရပ် (၄) ပေမှာ ပိုလို့လည်း မရသလို လိုလို့လည်း မရပါဘူးနော်။ (၄) ပေ ကွက်တိရှိမှ ဒီအခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။ အချိန်ကတော့ နေ့လည် (၂) နာရီကနေ ည (၉) နာရီအတွင်း ကြိုက်တဲ့အချိန် သွားစားလို့ ရပါတယ်။ စည်းကမ်းချက်ကတော့ တစ်ဝိုင်းစာကို တစ်ယောက်ပဲ ရရှိမှာ ဖြစ်ပါတယ်။

လိပ်စာ - အမှတ် ၁၀၂၊ ကျိုက္ကဆံလမ်း၊ အလုပ်သမားဆေးရုံအနီး၊ ထ(၅) ကျောင်းရှေ့၊ တာမွေမြို့နယ်။

ဖုန်း - 09770099638

6:30 AM to 09:30 PM


Read 556 times.