Special Deals

ဘီယာတစ်ခွက် (၉၀၀) ကျပ်နဲ့ အ၀သောက်လို့ရမယ့် Eurasia 93 Bar & Kitchen

August 15, 2023

၂၃ တောင် မရောက်သေးဘဲ လတစ်ဝက်လောက်တည်းက ပြတ်လပ်နေပြီလား? ဒါဆိုရင်တော့ မလိုအပ်ဘဲ အပိုငွေတွေ ထပ်မကုန်ရအောင် Eurasia 93 Bar & Kitchen ရဲ့ ပရိုမိုးရှင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။    

Eurasia 93 Bar & Kitchen မှာ ဩဂုတ်လ (၁၇) ရက်နေ့အထိ Chang စည်ဘီယာတစ်ခွက်ကို (၉၀၀) ကျပ်နဲ့ သောက်နိုင်မှာဖြစ်ပါတယ်။ Happy Hour ပရိုမိုးရှင်းမဟုတ်တဲ့အတွက် အချိန်ကန့်သတ်ချက်မရှိဘဲ ဆိုင်ဖွင့်ချိန်ကနေ ပိတ်ချိန်အထိ အဲ့စျေးနဲ့ သွားသောက်လို့ရပါတယ်။ ရုံးဆင်းချိန် နောက်ကျတတ်တဲ့ ဘော်ဒါတွေအတွက်လည်း အဆင်ပြေတာပေါ့။ 

ဆိုင်က Indoor နဲ့ Outdoor  နှစ်မျိုး ထိုင်လို့ရပါတယ်။ Indoor က Aircon အေးအေးလေးနဲ့ အေးဆေးထိုင်ချင်ရင် ထိုင်ပါ။ မိုးအေးအေးမှာ လေလေးတဖြူးဖြူးနဲ့ Chill ချင်ရင်တော့ Outdoor လေးမှာ ထိုင်ပေါ့။

Advertisement

Click Here > Lyfe

ဒီဆိုင်မှာက ဘီယာ၊ ရှန်ပိန်၊ ဝိုင်၊ ဝီစကီ၊ ရမ်၊ ကော့တေး စသဖြင့် ယမကာအစုံ ရပါတယ်။ Alcohol မသောက်တတ်တဲ့သူတွေအတွက်လည်း ကော်ဖီ၊ မစ်ရှိတ်၊ ဆိုဒါနဲ့ အသီးဖျော်ရည်တွေအပြင် သောက်စရာအမျိုးပေါင်း (၈၀) ကျော်ကို ရွေးချယ်နိုင်ပါတယ်။ သူ့ဆိုင်မှာ အသီးလေးတွေ ထည့်စိမ်ပြီး စပ်ထားတဲ့ မြေအိုးခေါင်ရည်ကော့တေးလေးကလည်း ထူးခြားပါတယ်။ 

ဒါ့အပြင် အဆာပြေမုန့်တွေဖြစ်တဲ့ ဘာဂါ၊ ပီဇာ၊ ဆန်းဝှေ့ချ်၊ အာလူးချောင်းကြော်၊ တန်ပူရာကြော်တို့လည်း ရှိပါတယ်။ စားစရာအနေနဲ့ ကြက်၊ ဝက်၊ အမဲ၊ ဆိတ် ဟင်းပွဲတွေအပြင် အသားကြော်၊ နံရိုးမီးတောက်၊ တုတ်ထိုးအကင်တွေ၊ ယိုးဒယားအထောင်းတွေ၊ ကိုရီးယားအစားအစာတွေ၊ မာလာရှမ်းကော၊ မာလာကျိထန်နဲ့ တခြားအမြည်းတွေ တော်တော်လေး စုံပါတယ်။

ဥရောပအစားအစာတွေရော အာရှအစားအစာတွေပါ တစ်နေရာတည်းမှာ ရနိုင်တဲ့ EURASIA 93 ဆိုင်မှာ အကြိုက်မတူတဲ့ သူငယ်ချင်းတွေလည်း သူ့အကြိုက် ကိုယ့်အကြိုက် လိုက်ညှိစရာမလိုတော့ဘဲ စားချင်တာကို စိတ်ကြိုက်မှာစားရုံပါပဲ။ အသောက်တလိုင်းမှ မဟုတ်ဘူး၊ အစားသမား သူငယ်ချင်းတွေ ဆုံကြမယ်ဆိုလည်း အဆင်ပြေမယ့် ဆိုင်ပါ။ 

ဆိုင်မှာ ထိုင်မသောက်ချင်ဘူး၊ အိမ်မှာပဲ မှောက်ချင်တယ်ဆိုရင်လည်း သောက်စရာတွေရော၊ စားစရာတွေပါ ဖုန်းဆက် လှမ်းမှာလို့ရပါတယ်။ တောင်ဥက္ကလာပမြို့နယ်တွင်းဆို နေ့ချင်း ညနေ ၆ နာရီအတွင်း ပို့ပေးပါတယ်။ တခြားမြို့နယ်တွေကဆို တစ်ရက် ကြိုမှာပေးရပါတယ်။ 

အပတ်စဥ် သောကြာ၊ စနေနေ့  ညတိုင်းမှာ ချစ်စကားတွေပြောရင်း သီချင်းလေး လိုက်ငြီးမယ့်သူတွေအတွက် Unplugged ဖျော်ဖြေရေး အစီအစဉ်ရှိပါသေးတယ်။  

Opening Time - 11AM  -  11PM

Phone - 09 757048489

Address - No.518, Myittar Road, 9th Quarter, South Oakkalar, (Between Waizayantar Road & Thu Mingalar  Street ), Yangon


Read 290 times.