Healthy Food

သောက်တိုင်း မကောင်းတဲ့ Energy Drinks

November 26, 2021

အားဖြည့်အချိုရည်ဆိုတာက စိတ်ကြွစေသောဒြပ်ပေါင်းတွေပါဝင်တဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပြီး အများအားဖြင့် ကဖင်းဓာတ်က စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါမှမဟုတ် ကာဗွန်နိတ်၊ သကြား၊ အခြားသော အချိုဓာတ်တွေ၊ ဆေးဖက်ဝင်အပင်တွေက ထုတ်ယူမှုတွေ၊ taurine နဲ့ အမိုင်နိုအက်ဆစ်တွေလည်း ပါဝင်နိုင်ပါတယ်။

အားဖြည့် အချိုရည်နဲ့ ပက်သက်လို့ လူကျန်းမာရေး ကောင်းကျိုး ဆိုးကျိုးကို အမေရိကန်က ဆေးပညာ အချို့က ယခုလို ပြောဆိုထား ပါတယ်။ အားဖြည့် အချိုရည်မှာ သကြားဓာတ် များစွာ ပါဝင်တာ မှန်ပါတယ်။

ဒါကြောင့် နေ့စဉ်အများ အပြား သောက်သုံးမှုက ကိုယ်အလေးချိန် တက်စေပြီး၊ သွေးချို၊ ဆီးချိုနဲ့ အခြား ဆက်စပ် ရော ဂါ ဖြစ်စေပါတယ်။ သို့ပေမယ့် ယင်းဟာ အလွန် အကျွံ သောက်သုံးခြင်း အပေါ်သာ ဆိုလိုခြင်း ဖြစ်ပြီး တစ်ရက်တစ်ဗူး သောက်သုံးမှု အတွက် ဆိုးကျိုး ဖြစ်ထွန်းနိုင်ချေ နည်းကြောင်း သိရပါတယ်။

သို့သော် အခြေအနေ၊ အချိန်အခါနဲ့လည်း သက်ဆိုပါတယ်။ ပူပြင်းသော ရာသီဥတုမှာ အားအင် ကုန်ခမ်းမှု မြန်ဆန်ခြင်း၊ ချွေးထွက် လွန်ခြင်းတို့ ဖြစ်တဲ့အခါ အားဖြည့် ချိုရည်သောက် သုံးခြင်းဟာ တစ်နေ့ ၂ ဗူး ဖြစ်သွား ရင်တောင် ဆိုးကျိုး မဖြစ်ထွန်း စေဘူးလို့ ဆိုပါတယ်။

သို့ပေမယ့် အေးချမ်းတဲ့ ရာသီဥတု၊ ပင်ပန်းနွမ်းနှယ်မှု မရှိတဲ့ အချိန်များ မှာ သောက်သုံးခြင်း မျိုးကျ ကိုယ်တွင်း သကြား ဓာတ်၊ ကိုလက်စ်ထရော တို့ကို အလျင်အမြန် တက်စေပါတယ်။ ဒါကြောင့် သွေးပေါင်တက်ခြင်း ကို ဖြစ်ပေါ်စေပြီး အခြားသော ဆက်စပ် ရောဂါတို့ကို ဖြစ်ပေါ်စေပါတယ်။

ယနေ့ မြန်မာပြည်မှာ အားဖြည့် အချိုရည်ပေါင်း များစွာ ရောက်ရှိလာပြီး ပြည်တွင်း ထုတ်ကော၊ ပြည်ပမှ ရောက်ရှိလာမှုပါစုံလင်လာပါတယ်။ သို့ပေမယ့် လိုအပ်တဲ့အခါ သောက်သုံးခြင်း ကသာ ကျန်းမာရေး အကျိုးကျေးဇူး ရရှိစေပါတယ်။

ဒါကြောင့် အားဖြည့် အချိုရည်ကို မလိုအပ်ပဲ သောက်သုံးမှုကိုရှောင်ကြဉ်ဖို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။


Read 83 times.