Cafes & Restaurant

ထုံထုံစပ်စပ် မာလာထန် ပူပူနွေးနွေးလေး စားချင်သူတွေအတွက် Dragon Pot Malatang

October 9, 2023

ဒီဆိုင်လေးက ဖွင့်ထားတာ (၁) လလောက်ပဲ ရှိသေးပေမဲ့လည်း မာလာထန်ဖန်တွေကြား မှတ်ချက်ကောင်းတွေနဲ့ နာမည်ကြီးနေတဲ့ ဆိုင်အအသစ်လေးပါ။ ဆိုင်ကတော့ လူအသွားအလာများတဲ့ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်မှာ ရှိပါတယ်။  

ဆိုင်အနေနဲ့ နှစ်ထပ်ရှိပြီး အနီရောင် Theme လေးနဲ့ဆိုတော့ တရုတ်ဆန်ပါတယ်။ ကားပါကင် ကျယ်ကျယ်ဝန်းဝန်း ရှိတာကြောင့် ကားနဲ့ သွားမယ့်သူတွေလည်း အေးအေးဆေးဆေး ထိုင်လို့ ရပါတယ်။ 20% OFF ပရိုမိုးရှင်းလည်း ရှိတဲ့အတွက် အောက်မှာ ဆက်ဖတ်ကြည့်ကြနော်။ 

သူ့ဆိုင်မှာ အဓိက ရောင်းတာကတော့ မာလာထန်ပဲ ဖြစ်ပါတယ်။ တခြား‌ ရွေးချယ်စရာ များများစားစား မရှိပေမဲ့ မာလာထန်ကို စောင့်နေရင်း အဆာပြေစားလို့ရမယ့် မာလာအာလူးချောင်းကြော်၊ မာလာဝက်ကြွပ်ကြော်တို့တော့ ရှိပါတယ်။

မာလာထန်စားရင် ထုံထုံစပ်စပ်မှ ကြိုက်သူတွေအတွက် စီချွမ်အရသာ၊ ပျစ်နှစ်ထိမိတဲ့ အဆိမ့်အရသာမှ လိုချင်သူတွေအတွက် မာလာထန်အရိုးပြုတ်ရည်ဆိုပြီး မာလာထန်အတွက် အရည်အရသာကို (၂) မျိုး ရွေးလို့ရပါတယ်။ သူ့ဆိုင်က အရိုးပြုတ်ရည်က ဝက်အရိုးကို ၆ နာရီကြာအောင် ပြုတ်ထားတဲ့ အရိုးပြုတ်ရည်မို့ အရသာ ထိထိမိမိ ရှိပါတယ်။ ဒါကြောင့် သူ့အရိုးပြုတ်ရည်ကို စီချွမ်အရသာထက် လူပိုကြိုက်ကြပါတယ်။ Spicy Level ကိုတော့ 1 ကနေ 4 အထိ ကိုယ်စားနိုင်သလောက် အနေအထားကို ရွေးချယ်နိုင်ပါတယ်။

ဒါ့အပြင် သူများဆိုင်တွေမှာ မရတဲ့ မာလာပန်ပန်ဆိုတဲ့ တစ်မျိုးဆန်တဲ့ စတိုင်နဲ့ လုပ်ထားတဲ့ ခေါက်ဆွဲနဲ့ အသား/ပင်လယ်စာတွေပါ မာလာအသုပ်ဗန်းကြီးလည်း ရှိပါတယ်။ မီနူးတိုင်းအတွက် တရုတ်ပြည်က ပါဝင်ပစ္စည်းတွေပဲ သုံးထားတာကြောင့် မာလာအရသာစစ်စစ်ကိုလည်း ခံစားရစေပါတယ်။  

မာလာထန်အတွက် ရွေးချယ်စရာ လတ်လတ်ဆတ်ဆတ် အသီးအရွက်၊ အသားနဲ့ ပင်လယ်စာတွေ အမျိုးပေါင်း (၈၀) ကျော်ရှိနေတာမို့ စိတ်ကြိုက် ရွေးရုံပါပဲ။ ဒီဆိုင်မှာ Set အလိုက် ရွေးရတာမျိုး မဟုတ်ဘဲ ဂရမ်နဲ့ ချိန်ပြီး ပေးရတာပါ။ ရွေးချယ်စရာအနေနဲ့က အသားလွှာထဲမှာဆိုရင် လူကြိုက်များတဲ့ ကြက်မဲ၊ ကြက်ဆင်အပြင် ကြက်သားလွှာ၊ ဝက်သားလွှာ၊ အမဲအသားလွှာ၊ ယုန်သားလွှာလေးတွေ ရပါတယ်။

ပင်လယ်စာအနေနဲ့ကတော့ ရွေးချယ်စရာ အများကြီးတော့ မရှိသေးပေမဲ့ ပုဇွန်တို့ ရေဘဝဲတို့ ဂုံးတို့ရပါတယ်။ တခြား အသီးအရွက်၊ မှို၊ ခေါက်ဆွဲ၊ ပဲလိပ်နဲ့ ကိုရီးယားအကင်တွေ၊ အသားလုံးတွေလည်း ရှိပါတယ်။ အချဉ်အတွက်လည်း ကိုယ်တိုင်စပ်ဖို့ နေရာသီသန့် လုပ်ပေးထားပေမဲ့ မစပ်တတ်လည်း ကိစ္စမရှိပါဘူး။ ဆိုင်က လုပ်ပေးပါတယ်။ စျေးနှုန်းတွေကတော့ - 

အသီးအရွက်ဆိုရင် ၁၀၀ ဂရမ်ကို ၁,၇၀၀ ကျပ်

အသားနဲ့ ပင်လယ်စာဆို ၁၀၀ ဂရမ်ကို ၃,၅၀၀ ကျပ်

အရည်ဖိုးကတော့ - ၂,၀၀၀ ကျပ် ဖြစ်ပါတယ်။ 

မာလာထန် စားပြီးလို့ အစပ်ပြေ အအီပြေဖြစ်ဖို့ သောက်စရာ Green Tea၊ Lemon Tea တို့အပြင် Fresh Juice နဲ့ Soda Drinks အချိုရည်တွေလည်း ရောင်းပါတယ်။ 

အပြင်သွားရင် ပိုက်ဆံအိတ် မသယ်ချင်တဲ့ သူလေးတွေအတွက် Dragon Pot Malatang မှာ Payment အတွက်ဆို ငွေသားအပြင် KBZPay၊ VISA၊ MPU၊ Master Card တွေနဲ့ လည်း လက်ခံပါတယ်။

ပရိုမိုးရှင်းကတော့ အောက်တိုဘာ (၉) ရက်နေ့မှာ Foodpanda ကနေ မှာရင် ၂၀% လျှော့စျေးနဲ့ မာလာထန်ကို စားလို့ ရမှာဖြစ်ပါတယ်။ 

Dragon Pot မှာ မာလာထန်စားဖို့ YBS စီးမှာလား? ဒါဆိုရင် -
YBS 21, 105, 61 တွေရောက်တဲ့ မြေနီကုန်း(ပြည်လမ်း) မှတ်တိုင်
YBS 11, 77, 118 တွေရောက်တဲ့ မြေနီကုန်း (ဗားကရာလမ်း) မှတ်တိုင်ကနေ (၃) မိနစ်လောက် လမ်းလျှောက်လို့ ရပါတယ်။ 

လိပ်စာ - အမှတ်(၇၆)၊ ဓမ္မာရုံလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
ဖုန်း - 09 88000 5285
ဆိုင်ဖွင့်ချိန် - 10 AM to 9 PM


Read 367 times.