Eating Tips

ကပ်ကြီးပြီးရင် Clubကြီးမသွားဘဲ Café Deja Brew မှာ Coffee Date ကြရအောင်လေ

October 22, 2020

ကိုဗစ်ကြောင့် စားသောက်ဆိုင်တွေ ယာယီပိတ်ထားရပြီး အသွားအလာ ကန့်သတ်ချက်တွေကြောင့် အိမ်မှာပဲ နေကြရပြီး ငြီးငွေ့နေကြမှာ သေချာပါတယ်....

ဒါမယ့် မင်မင်ကတော့ ရောဂါမဖြစ်အောင် အိမ်တွင်းအောင်းမယ်....ရောဂါကြီးပြီးတာနဲ့ ရှယ်ကဲမယ် ဓာတ်ပုံတွေရိုက်မယ်....လျှောက်သွားမယ်....ဆိုပြီး မောင်းတင်ထားပါတယ်....

မင်မင်လို တွေးထားတဲ့ သူတွေလည်း ရှိမယ်လို့ မျှော်လင့်ပါတယ်....ဘာလို့ဆို အိမ်ထဲနေရတာ အရမ်းပျင်းဖို့ကောင်းမှန်း ဒီကာလမှာ သေချာသိသွားကြလို့ပါပဲ....

သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် စုံတွဲတွေဖြစ်ဖြစ် " ကပ်ကြီးပြီးရင် ကလပ်ကြီး ဒိုးမယ် " ဆိုတဲ့ သူတွေလဲ ရှိသလို " Cafe ဆိုင်လေးမှာ ဓာတ်ပုံလေးရိုက်ပြီး အေးအေးဆေးဆေး စကားတွေဖောင်ဖွဲ့ကြမယ့် " သူတွေလဲရှိနေပါတယ်....

ဒါ့ကြောင့် ဓာတ်ပုံရိုက်ဖို့ ကောင်းတဲ့ အပြင် အေးအေးဆေးဆေး Chillလို့ရမယ့်  လူငယ်တွေကြား ရေပန်းစားနေတဲ့ ကော်ဖီဆိုင်လေးတွေ အချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်...


" cafe' Deja Brew "

ဒီဆိုင်လေးကတော့ " ကာဖီသောက်ပါ " ဆိုပြီး Facebook မှာ သာမက Social Media မှာ Hot သွားတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်...

cafe' Deja Brew cafe & art space ဆိုတဲ့အတိုင်းပဲ ဆိုင်ရဲ့ အပြင်အဆင်တွေက Recycle ပစ္စည်းလေးတွေနဲ့ အနုပညာ ဆန်ဆန် ဆန်းသစ်ထီထွင်ထားပြီး အရမ်းချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်...

ဆိုင်ရဲ့ အပြင်အဆင်ကြောင့် ဓာတ်ပုံရိုက်လို့ ကောင်းရုံသာမက ကော်ဖီကလည်း ရှယ်ကောင်းဆိုတော့ အဆွေးသမားလေးတွေ စုံတွဲတွေအတွက် အလန်းစားနေရာ တစ်ခုဖြစ်ပါတယ်...

Cafe' DejaBrew ( I ) ရဲ့ ဆိုင်လိပ်စာကတော့ အမှတ် ၁၃၄ ၊ ၃၇ လမ်း ( အလယ်ဘလောက် ) ကျောက်တံတား မြို့နယ်...

Cafe' DejaBrew ( ll ) ကို မပိုလမ်း နှင့် သုခ လမ်းထောင့် ၊ မြေနီကုန်းမှာ ထပ်မံဖွင့်လှစ်ထားပြီးဖြစ်ပါတယ်...

ဆိုင်ရဲ့ Facebook Page >>> https://www.facebook.com/cafeDejaBrew.mm/

By Wyk ( The Myanmar Restaurant Guide )

Café Deja Brew


Read 509 times.