Bars & Pubs

လူငယ်တွေ Chill ဖို့ ဘတ်ဂျတ်ဖြစ်တဲ့ ပါရမီစိန်ဂေဟာရှေ့က TKN Bar

December 12, 2023

၁၂/မသောက်ရမနေ (နိုင်) တွေအတွက် ဘတ်ဂျတ်တန်ပြီး အမြည်းစုံတဲ့ Bar လေးကို ဒီနေ့အတွက် မျှဝေပေးချင်ပါတယ်။ အိတ်မဖောင်းရင်တောင် ဘော်ဒါတွေနဲ့ အတူစုံပြီး အေးဆေး Chill နိုင်မယ့် Bar မျိုးမို့ ပြတ်တုန်းလပ်တုန်းမှာ Bar ထိုင်ချင်တယ်ဆိုရင် ရွေးချယ်သင့်ပါတယ်။ 

ဆိုင်အပြင်အဆင်ကို ပြောရမယ်ဆိုရင် ပုံမှန် Bar တွေလိုပဲ ရောင်စုံနီယွန်းမီးတွေရယ်၊ ထိုင်ခုံဝိုင်းတွေရယ်၊ နံရံပေါ်က စာတန်းတွေရယ်၊ Bar Counter ရယ်နဲ့ သပ်သပ်ရပ်ရပ် ရှိပါတယ်။ Bar အကြီးကြီးတွေလိုတော့ ဆိုင်နေရာ မကျယ်ဝန်းပေမဲ့ နှစ်ထပ်ရှိပြီး ထိုင်လို့ကောင်းတဲ့ Bar မျိုးပါ။

နှစ်ထပ်ရှိတာကြောင့် Vibe (၂) မျိုး ရပြီး အောက်ထပ်မှာ Unplugged ရှိတာမို့ သီချင်းတွေ လိုက်ငြီးရင်း Relax လုပ်လို့ရသလို အပေါ်ထပ်မှာဆို အငြိမ်လေး Chill လို့ ရပါတယ်။ Unplugged အချိန်က 6:30 ကနေ 10 pm အထိ ဖြစ်ပါတယ်။  

Ye Optical 1

Advertisement

Click Here >>> Ye' Optical

ဆိုင်မှာက အမြည်းအတွက် ကြက်/ဝက်/ပင်လယ်စာ အကင်တွေအပြင် ထိုင်းအထောင်း၊ အသုပ်၊ အနှစ်ချက်၊ အကြော်၊ အလှော်၊ အရည်သောက် အစုံရပြီး သောက်စရာအတွက် ဘီယာ၊ ကော့တေး၊ ဝီစကီ အကုန် ရနိုင်ပါတယ်။ သူ့ဆိုင်မှာ မာလာရှမ်းကော၊ မာလောမောက်ချိုက်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်တို့လည်း ရပါတယ်။ 

အကင်တွေမှာ အသီးအရွက်ဆို ၁,၀၀၀ ကျပ်၊ အသားဆို ၂,၀၀၀ ကျပ် - ၃,၀၀၀ ကျပ် အစားအစား ရှိပါတယ်။ တခြားသော မီနူးဟင်းပွဲတွေဆို ၃,၀၀၀ ကျပ်ကနေ စျေးအများဆုံး ၁၀,၀၀၀ ကျပ်လောက်အထိပဲ ရှိပါတယ်။ ဆိုင်ရဲ့ စျေးအများဆုံး Signature Cocktail တွေကိုမှ တစ်ခွက် ၅,၀၀၀ ကျပ် - ၆,၀၀၀ ကျပ်ပဲ ကျပါတယ်။

ဒါ့အပြင် သူများဆိုင်တွေ ပရိုမိုးရှင်းပေးထားသလောက် စျေးတွေနဲ့ Set Menu တွေလည်း ရှိပါသေးတယ်။ ဘီယာအတွက် ရွေးချယ်စရာ Set A / Set B ဆိုပြီး ရနိုင်တဲ့အပြင် Lady တွေအကြိုက် Cocktail ပါဝင်တဲ့ Set C / Set D လည်း ရသေးတာနော်။

Beer (1) Tower နဲ့ ‌အမြည်း (၃) ပွဲပါ Set A / Set B ကိုမှ ၃၀,၀၀၀ ကျပ် ဖြစ်ပြီး Cocktail (1) Jar ပါဝင်တဲ့ အမြည်း (၃) ပွဲပါ Set C / Set D ကို ၂၅,၀၀၀ ကျပ်ပဲ ရှိတာမို့ တစ်ပွဲချင်းမှာတာထက် Set နဲ့ မှာပြီး ဘော်ဒါတွေ စုရှင်းရင် ပိုတန်ပါတယ်။ 

Set A - 30,000 Ks

Beer (1) Tower 

ကြက်ကြွပ်ကြော်

ပုစွန်ထောင်း

ကြက်တုံယမ်းဟင်းချို

Set B - 30,000 Ks

Beer (1) Tower

ငါးခဲပတ်

ကန်စွန်းပလိန်း

ကြက်ဂွေးတောက်

Set C - 25,000 Ks

Cocktail (1) Jar

ကြက်မာလာရှမ်းကော

အပ်မှိုထောင်း

ငါးမုန့်ကြော်

Set D - 25,000 Ks

Cocktail (1) Jar

ဂဏန်းပျော့ကြော်

ကြက်ဂွေးတောက်

ငါးမုန့်ကြော်

ဒါကြောင့် လူငယ်တွေအကြိုက် ဘတ်ဂျတ်ကိုက်‌ပြီး Bar ထိုင်ချင်တယ်ဆိုရင် TKN Bar (Thaw Ka Nyein Seafood & BBQ ) ကို သတိရလိုက်ပါ။ ဝန်ထမ်းတွေ၊ သင်တန်းတက်နေတဲ့ ကျောင်းသားတွေ အကြိုက်တွေ့မယ့် ဆိုင်ဖြစ်ပါတယ်။ Reservation ကြိုလုပ်ထားချင်တယ်ဆိုရင်တော့  09787841500 ကို ဆက်သွယ်လို့ ရပါတယ်။

လိပ်စာ - No.37 , Parami Road , 16 Quarter , Hlaing Township, Yangon (ပါရမီစိန်ဂေဟာ မျက်နှာချင်းဆိုင်) 


Read 274 times.