Bars & Pubs

ရေကူးကန်ဘေးမှာ သံစဉ်တွေနဲ့ ငြိမ့်ရင်း Chill လို့ရမယ့် Shambála Bar

June 5, 2023

ရေကူးပြီးပဲ Relax လုပ်မလား?

သံစဉ်ငြိမ့်ငြိမ့်လေးတွေကြား စီးမျောမလား?

ဘီယာနဲ့ BBQ အမြည်းလေးတွေ စားရင်း Chill မလား?

Advertisement

Click Here > Ye Optical

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဘော်ဒါတွေနဲ့ သီးသန့်ဆန်ဆန် အပန်းဖြေ အနားယူချင်တဲ့သူတွေအတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်မယ့် Shambála Bar ဆိုတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်မှာ ကားအစီး (၈၀) ကျော်ကို စိတ်ချလက်ချ ရပ်ထားခဲ့လို့ရတဲ့ ကျယ်ဝန်းတဲ့ ကားပါကင်လည်း ရှိပါတယ်။

ဆိုင်ရဲ့ အရှေ့မှာ ရေကူးကန်လည်း ရှိတာမို့ ရေကူးချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ရေကူးကန် ဝင်ကြေးကတော့ လူကြီး - ၈၀၀၀ ကျပ်၊ ကလေး - ၅၀၀၀ ကျပ် ပေးရပါတယ်။ ရေလေးကူးလိုက် မောလာရင် ဘီယာလေးပြေးသောက်လိုက်၊ အမြည်းလေးစားလိုက်နဲ့ အပန်းဖြေ အနားယူလို့ရပါတယ်။ ဆိုင်အပြင်က ရေကူးကန်ဘေးမှာပဲဖြစ်ဖြစ်၊ အဲကွန်း အေးအေးလေးနဲ့ ဆိုင်ထဲမှာ ထိုင်ချင်ရင်ပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာ ရွေးထိုင်လို့ရအောင် စီစဥ်ပေးထားပါတယ်။ 

ဒီဆိုင်မှာ ရတဲ့ မီနူးတွေကတော့ စုံလင်လှတဲ့ Alcohol အမျိုးအစားတွေရယ်၊ Bar သွားတိုင်း သောက်ဖို့ အရေးထက် စားဖို့ပဲ သိတဲ့ အစားတစ်လိုင်းတို့အတွက် မြည်းစရာ BBQ တွေရယ်၊ ပင်လယ်စာတွေနဲ့ ထိုင်း၊ တရုတ်အစားအစာ၊ အသီးဖျော်ရည် စသဖြင့် စားသောက်ဖွယ်ရာ မျိုးစုံရတဲ့ ဆိုင်လေးဖြစ်ပါတယ်။

အပြင်က ယူလာတဲ့ ဘယ်ဝီစကီအမျိုးအစားကိုမဆို (ဘီယာ မပါဝင်ပါ) Shambála မှာ လာထိုင်သောက်ပြီး Shambála က ခွက်တွေကို Bottle Charges ပေးစရာ မလိုဘဲ သုံးလို့ရပါတယ်။ Shambála ရဲ့ ထူးခြားချက်က ဆိုင်တွင် လာရောက်သုံးဆောင်သူတွေကို သောကြာနေ့တိုင်း (၅) သောင်းဖိုး ပြည့်ရင် ဟင်းပွဲတစ်ပွဲ လက်ဆောင်၊ ဘီယာ (၅) ပုလင်း ပြည့်ရင် ဘီယာတစ်ပုလင်း လက်ဆောင်ပေးပါတယ်။

နောက်ထပ်ထူးခြားချက်က သင်ဟာ သင်္ဘောသားတစ်ယောက်ဆိုရင် သင့်ရဲ့ SID ကတ် (သို့)  CDC (သို့) Passport လေးကို ပြပြီး ဘီယာတစ်လုံးနဲ့ မြေပွဲတစ်ပွဲက Welcome Drink အနေနဲ့ ရမှာဖြစ်တဲ့အပြင် တစ်ဝိုင်းလုံးရဲ့ Food Order တွေကို 10% Discount ကလည်း ထပ်ပေးထားပါသေးတယ်။ 

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းကတော့ Ladies Lala Night ဖြစ်ပြီး မိန်းကလေး လေးယောက်နဲ့ အထက်လာရင် Pink Lady Cocktail  တစ်ခွက်စီ Free ရပါတယ်။

ဆိုင်နေရာက ကျယ်ဝန်းပြီး အပြင်အဆင်တွေကလည်း Classic ဆန်ဆန် လှတော့ မွေးနေ့ပွဲ၊ နှစ်ပတ်လည်ပွဲ၊ ဂုဏ်ပြုပွဲ၊ Staff Party၊ ကျောင်းပွဲတွေ လုပ်ချင်တယ်ဆိုရင်လည်း စီစဉ်ပေးပါတယ်။  

ဒါ့အပြင် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ဆိုရင် Shambála Bar ရဲ့ ရေကန်လေးဘေးမှာ Unplugged Music ဖျော်ဖြေမှု‌လေးရှိ‌တော့ ညမီးရောင် မှိန်မှိန်အောက်မှာ စားသောက်ပျော်ပါးပြီး သီချင်းလေးတွေပါ လိုက်ဆိုလို့ရပါတယ်။ 

ဆိုင်လိပ်စာ - လေးထောင့်ကန်လမ်းမ၊ Junction ဇဝနအနီး၊ Myanmar Sports Hotel ဝန်းထဲ၊ သင်္ဃန်းကျွန်းမြို့နယ်။

ဖုန်း - 09 263 148 136

ဆိုင်ဖွင့်ချိန် - မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ


Read 545 times.