Cafes & Restaurant

၂၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ Cheese Free Flow ပါရတဲ့ မူကထဘူဖေးဆိုင်

December 6, 2023

မူကထဖန်တွေအတွက် ၂၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ Cheese ကို Free Flow ရမယ့်အပြင် အရသာနှပ်ထားတဲ့ အသားနဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာအစုံကို ရွေးချယ်စရာရှိတဲ့ စမ်းချောင်းက မူကထဘူဖေးဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

အချိန်ကန့်သတ်ချက်လည်းမရှိတဲ့အတွက် အချိန်ကို ကြည့်နေစရာမလိုဘဲ အေးအေးဆေးဆေး ထိုင်စားလို့ ရပါတယ်။ ဒါ့အပြင် တန်ဆောင်တိုင်ပရိုမိုးရှင်းအနေနဲ့ ဒီဇင်ဘာ (၆) ရက်နေ့အထိ ပုံမှန်စျေး ၂၂,၉၀၀ ကျပ်ကို ၁၉,၈၀၀ ကျပ်နဲ့ အထူးပရိုမိုးရှင်း စီစဉ်ပေးထားပါတယ်။ 

သူ့ဆိုင်မှာ ပင်လယ်စာတွေဆိုလည်း ရွေးချယ်စရာ (၉) မျိုးလောက် ရှိပြီး အကင်စားဖို့အတွက် အဆင်ပြေအောင် ပုစွန်ကို တစ်ခါတည်း အခွံခွာပေးတာလေးက အသက်ပါပဲ။ အသားတွေကိုလည်း အရသာ အချို/အစပ် သေချာလေးနှပ်ထားပေးတာဖြစ်တဲ့အတွက် မီးဖိုပေါ်တင်ပြီး ကင်လိုက်တာနဲ့ အနံ့မွှေးမွှေးလေးနဲ့ စားရတာ ထိထိမိမိ ရှိပါတယ်။ Side Dish အတွက် တစ်ရက်ကို (၆) မျိုးနဲ့ မတူအောင် တစ်လှည့်စီ လုပ်ပေးပါတယ်။ အချိုပွဲမှာဆိုရင်တော့ သစ်သီးလေးတွေရယ်၊ Juice ရယ်၊ ရေခဲမုန့်အပြင် Sandwich တွေပါ ရပါသေးတယ်။ 

Advertisement

Click Here > Royal Myanmar Steel Brothers

သူ့ဆိုင်က ဘူဖေးမှာ ဘာတွေ ပါလဲဆိုရင် နယူးဇီလန်ထုတ် Quality Cheese ကို Free Flow ရမယ့်အပြင် -

ပင်လယ်စာ 
ပုဇွန်
ရေဘဝဲ
သွေးဂုံး
ဂုံးချော
ဂုံးစိမ်း
ဂုံးစောက်
ဝဂဏန်း
ပန်းခရု/နန္ဒာလှိုင်ခရု
ခရုအသားထုတ်

အသား

ကြက်ဆင်
ယုန်
အမဲမူကထ
အမဲမာလာ
အမဲအချို
အမဲပလိန်း
ကြက်မာလာ
ကြက်မူကထ
ကြက်အမြစ်အသည်း
ကြက်အချို
ဝက်မာလာ
ဝက်မူကထ
ဝက်သုံးထပ်သား
ဝက်ပေါင်သား
ထုံချိုင်းအသားလုံးများနှင့် အသီးအရွက်များအပြင်

Side Dish မှာဆို

ထမင်းကြော်
ခေါက်ဆွဲကြော်
ကြာဇံကြာ်
တရုတ်လက်ရာစစ်စစ်မာလာစီချွမ်
ကုန်းဘောင်ကြီးကြော်
ငါးအသားချောင်း 

Dessert မှာဆို

ရေခဲမုန့် ၂ မျိုး
အသီး ၂ မျိုး
အအေး ၂ မျိုး
ဂျယ်လီ
Chicken bomb stick
တရုတ်တန်းထိသွားစရာမလိုတဲ့ ဂဏန်းကော်ကြော်
Sandwich တို့ပါဝင်ပါတယ်။ 

အကင်နဲ့ တွဲစားဖို့ အချဉ်က ပင်လယ်စာဆော့စ်၊ မန်းကျည်းဆော့စ်၊ Chili ဆော့စ်နဲ့ မူကထဆော့စ်ဆိုပြီး (၄) မျိုးရှိပါတယ်။  ကိုယ်တိုင် အရသာစပ်လည်း ရသလို ဆိုင်ကို စပ်ခိုင်းလို့လည်း ရပါတယ်။ 

ဒီနေ့သွားစားမယ်ဆိုရင် ပရိုမိုးရှင်းက ရှိဦးမှာဆိုတော့ ၁၉,၈၀၀ ကျပ်နဲ့ အ၀ကြိတ်လို့ရမှာပါ။ မူရင်းစျေးကတော့ အချိန်ကန့်သတ်ချက်မရှိ အ၀စားဘူဖေးကို တစ်ယောက် ၂၂,၉၀၀ ကျပ် သတ်မှတ်ထားပါတယ်။ 

ဒီဆိုင်ရဲ့ အားသာချက်ကတော့ စျေးတန်တန်နဲ့ မူကထဘူဖေးကို Cheese များများနဲ့ တွဲဖက်စားရတာ ရှယ်မိုက်တယ်ဆိုပေမဲ့ မီးပျက်ရင် မီးစက်မမောင်းပေးတော့ အကင်အပူရှိန်ကြောင့်ရော အပြင် ရာသီဥတု ပူတာကြောင့်ရော တော်တော်လေး ပူပါတယ်။

မီးလာရင်တော့ AirCon တွေ၊ ပန်ကာတွေ ဖွင့်ပေးတာကြောင့် အေးအေးလေးနဲ့ စားရတာ ဇိမ်ရှိပါတယ်။ ဆိုင်က နည်းနည်းကျဉ်းပေမဲ့ သပ်သပ်ရပ်ရပ်လေး ရှိတာကြောင့် ထိုင်ရတာ အဆင်ပြေပါတယ်။ ဆိုင်မှာ သွားမစားခင် ဘိုကင်လုပ်ပြီး ဝိုင်းရတယ်ဆိုမှ သွားပါ။ မဟုတ်ရင် ဗိုက်ဆာဆာနဲ့ သွားပြီးမှ ခုံအလွတ်မရှိလို့ အကြာကြီး ‌စောင့်နေရပါလိမ့်မယ်။

ဆိုင်နာမည် - ရွှေထိပ် - မူကထ ဘူဖေး

လိပ်စာ - အမှတ်(၈)၊ မင်းလမ်း (ဗဟိုလမ်းမှဝင်ဝင်ချင်းထိပ်)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

ဆိုင်ဖွင့်ချိန် - 11:00am to 9:00pm

ဖုန်း - 09785184562 / 09791018617


Read 288 times.