Cafes & Restaurant

ရန်ကုန်မြို့က လူသိများ နာမည်ကြီးတဲ့ Bubble Tea ဆိုင် (၉) ဆိုင်

July 5, 2023

Bubble Tea ဆိုတာ ဒီဘက်ခေတ် လူငယ်တွေကြားမှ ရေပန်းစားနေတာ အချိန်ကာလ အနည်းငယ်တော့ ရှိပါပြီ။ အထူးသဖြင့် ဆယ်ကျော်သက် ကောင်မလေးတွေကြားထဲမှာပေါ့။ ကောင်မလေး (၁၀) ယောက်ဆို (၈) ယောက်လောက်က Bubble Tea ကို ကြိုက်ကြပါတယ်။

“Bubble Tea က မင်းဝယ်တိုက်မှ အရသာရှိတာမျိုး” ဆိုတော့ ကိုယ့်ကောင်မလေး စိတ်ဆိုးနေတယ်ဆို သူကြိုက်တဲ့ အရသာနဲ့ Bubble Tea လေးတစ်ခွက် ပို့လိုက်ရင် အနည်းနဲ့အများတော့ စိတ်ဆိုးပြေသွားမှာပါ။ ဒီတော့ ရန်ကုန်မှာ လူကြိုက်အများဆုံး Bubble Tea ဆိုင်တွေက ဘယ်ဆိုင်တွေဖြစ်မလဲဆိုတာ အောက်မှာ တစ်ချက်ကြည့်ကြည့်လိုက်ပါ။

၁။ Cheese O’Tea

Cheese O’Tea က သူ့ရဲ့ ဆိမ့်သက်တဲ့ Cheese အရသာကြောင့် နာမည်ကြီးတဲ့ Bubble Tea ဆိုင်လေးဖြစ်ပါတယ်။ သူ့ဆိုင်မှာ ပင်ပန်းနွမ်းနယ်နေရင် အားအင်တွေ ဖြည့်ပေးမယ့် ချိုစိမ့် Bubble Tea လေးတွေ၊ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေမယ့် လတ်ဆတ်တဲ့ သစ်သီး Fruity Drinks လေးတွေ၊ စိတ်တွေဝေပြီး မအီမလည်ဖြစ်နေတာကို ကင်းရှင်းစေမယ့် ချဉ်ပြုံးပြုံး Yogurt Drinks တွေနဲ့ တခြား ရွေးချယ်စရာ ဖျော်ရည်ပေါင်းများစွာ ရှိပါတယ်။ 

Fb Link - https://www.facebook.com/cheeseotea

၂။ TeaCode Drink & Snacks

ဒီဆိုင်လေးကတော့ Cheese Milk Tea တွေ အရမ်းကောင်းတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဓါတ်ပုံရိုက်လို့ လှတဲ့ ပန်းပွင့်နံရံလေးလည်း ရှိပါတယ်။ ဆိုင်လေးက ၂ ထပ်လေးဖြစ်ပြီး လူငယ်ဆန်ပါတယ်။ ဝိုင်ဖိုင်လည်းရှိတော့ အေးအးဆေးဆေး ထိုင်သုံးလို့ရပါတယ်။ မိုးအေးအေးမှာ အအေးမသောက်ချင်ဘူးဆိုလည်း ကော်ဖီပူပူလေး ရပါတယ်။ သောက်စရာ အပူ/အအေးတွေအပြင် အဆာပြေစားဖို့ Snacks တွေလည်း ရှိပါတယ်။

Fb Link - https://www.facebook.com/TeaCode2018

၃။ Tealand

ရိုးရိုး Milk Tea တွေအပြင် Tealand ကနေ Cheese Milk Tea လေးသောက်ဖို့ ညွှန်းပေးပါရစေ။ ဒီ Cheese Milk Tea မှာ အသက်က Cheese ပါပဲ။ Milk Tea ကို ပျစ်ပျစ်လေး ဖျော်ထားပြီး သူ့ရဲ့အပါ်မှာ ချိုဆိမ့်မဟုတ်တဲ့ ငန်ဆိမ့်ဆိမ့်အရသာရှိတဲ့ Cheese Foam လေး တင်ပေးထားတော့ လုံး၀ရှယ်ကြီးပါပဲ။ သူ့ဆိုင်မှာ Milk Tea တွေအပြင် Fresh Tea၊ Fruit Tea၊ Coffee နဲ့ Smoothie တို့လည်း ရပါသေးတယ်။       

Fb Link - https://www.facebook.com/tealandmyanmar

၄။ Gongcha

Gongcha ရဲ့ လူကြိုက်များတဲ့ Signature  ကတော့ Milk Foam Black Tea လေး ဖြစ်ပါတယ်။ သူက Tea အရသာစစ်စစ်ကို Milk Foam အရသာစိမ့်စိမ့်လေးနဲ့ ပေါင်းစပ်ထားတော့ သောက်နေကျ သာမန်လက်ဖက်ရည်အရသာနဲ့မတူဘဲ တစ်မူထူးခြား ကောင်းမွန်ပါတယ်။ Gongcha မှာက အပူသောက်မလား၊ အအေးသောက်မလား ရွေးချယ်လို့ ရပါတယ်။ Bubble Tea တွေ၊ Milk Tea တွေအပြင် Fruit Milk Series တွေလည်း ရှိပါတယ်။ အအေးသောက်ရင် Toppings လေးနဲ့မှ ဆိုတဲ့သူတွေအတွက်လည်း Topping တွေ စိတ်ကြိုက်ရွေးလို့ရပါတယ်။

Fb Link - https://www.facebook.com/gongchamyanmar

Advertisement

Click Here > Yarobi

၅။ Ocha

Ocha မှာ Bubble Tea တွေအပြင် ရာသီဥတုအေးအေးလေးနဲ့ လိုက်ဖက်တဲ့ ပူပူနွေးနွေး Waffle လေးတွေကို Topping ရွေးပြီး စားလို့ရပါတယ်။ Waffle ကို Kaya၊ Chocolate၊ Peanut Butter၊ Strawberry နဲ့ Honey အရသာ (၅) မျိုးရှိပါတယ်။ သူ့ဆိုင်မှာ Bubble Tea၊ Milk Tea တို့အပြင် Smoothie၊ Yogurt၊ Latte နဲ့ တခြားအအေးတွေလည်း အစုံရပါတယ်။ 

Fb Link - https://www.facebook.com/Ochabubble

၆။ Moment - Bubble Tea & Private Cinema

ဒီဆိုင်က Bubble Tea သီးသန့်ရောင်းတဲ့ဆိုင်တော့ မဟုတ်ပေမဲ့ Bubble Tea သောက်ရင်း Private ဆန်ဆန် Movie Date လို့ရမယ့် နေရာလေးပါ။ ရုပ်ရှင်ကြည့်ရင်း Bubble Tea၊ ပေါက်ပေါက်စုပ်၊ ခေါက်ဆွဲဘူးနဲ့ Snack လေးတွေ မှာစားလို့ရပါတယ်။ ရုပ်ရှင်ကြည့်ဖို့ ရွေးချယ်စရာ အခန်းအမျိုးအစားကတော့ (၃) မျိုးရှိပါတယ်။ အခန်းတိုင်းရဲ့ TV မှာ မြန်မာစာတန်းထိုးကားတွေ စုံတဲ့ ရုပ်ရှင် App ရယ်၊ Netflixရယ် ထည့်ပေးထားတာမလို့ ရုပ်ရှင်ကတော့ ကြိုက်ရာ ရွေးကြည့်ရုံပါပဲ။ Moment မှာက သောက်စရာတွေအနေနဲ့ Bubble Tea၊ Milkshake၊ Yogurt နဲ့ Soda အအေးတွေ ရပါတယ်။

Fb Link - https://www.facebook.com/momentprivate

၇။ CoCo Cheese & Bubble Tea 

ဒီဆိုင်မှာက CoCo Ice Coffee၊ Cheese Milk Tea၊ CoCo Milk Tea၊ CoCo Cheese Mocha၊ CoCo Mango Series၊ CoCo Green Tea၊ Soda Juice စသဖြင့် သောက်စရာအစုံရှိတဲ့အပြင် ကွေ့တီယိုနဲ့ အထောင်းတွေပါ ရပါတယ်။ ဒါ့အပြင် အဆာပြေစားဖို့ မာလာအာလူးချောင်း၊ ဘာဂါ၊ မာလာအနှစ်နဲ့ ကင်ထားတဲ့ ထုံချိုင်းအကင်တွေလည်း ရပါသေးတယ်။  

Fb Link - https://www.facebook.com/profile.php?id=100063798407867

၈။ Easy Ray 

မြန်မာနိုင်ငံမှာ Bubble Tea ခေတ်မစားခင်တည်းက မန္တလေးမြို့မှာ (၂၀၀၁) ခုနှစ်လောက်တည်းက စဖွင့်ခဲ့တဲ့ Brand တစ်ခုပါ။ နှစ်(၂၀) ကျော် ရပ်တည်ခဲ့တဲ့ Easy Ray ဆိုင်မှာ ဘာတွေ အဓိက ရလဲဆိုရင် Milk Tea၊ Green Tea၊ Milkshake၊ Bubble Shake၊ Jelly Shake၊ Fruit Tea နဲ့ Smoothie တွေလို လူငယ်အကြိုက် အအေးအမျိုးအစား (၇၀) နီးပါး ရနိုင်ပါတယ်။ ပြီးတော့ အဆာပြေစားမယ်ဆိုရင် Cake လေးတွေ၊ Icecream Waffle လေးတွေ၊ မာလာအာလူးကြော်၊ ဘာဂါ၊ ဆန်းဝှေ့ချ်၊ မာလာအနှစ်နဲ့ ကင်ထားတဲ့ မာလာအကင်တွေရယ်က အဆင်ပြေပါတယ်။

ရန်ကုန်ဆိုင်ခွဲလိပ်စာ - အမှတ်(၂၄၀)၊ ဗားဂရာလမ်းနှင့် မဟာဘောဂလမ်းထောင့်၊ ‌မြေနီကုန်း၊ စမ်းချောင်းမြို့နယ်

Fb Link - https://www.facebook.com/EasyRayMDY

၉။ Tea Black
ဒီဆိုင်လေးက တရုတ်တန်းထဲမှာ ဖွင့်ထားတာ (၈) နှစ်လောက် ရှိပါပြီ။ အခု (၁၉) လမ်း အောက်ဘလောက်မှာ ပြောင်းဖွင့်ထားတာ သိပ်မကြာသေးပါဘူး။ ဒီဆိုင်မှာ ထိုင်ဝမ် ဘာဘယ်တီး အမျိုးစား ၆၀ ကျော်၊ Homemade ရေခဲမုန့် ၉ မျိုး၊ Sausage နဲ့ Waffle အစုံရတယ်။ စျေးနှုန်းတွေကလည်း ၃၀၀၀-၄၀၀၀ ကြားလေးတွေဆိုတော့ တန်လည်းတန်ပါတယ်။
Fb Link - https://www.facebook.com/teablackyangon.mm

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ Bubble Tea ဆိုင်တွေကို အောက်က လင့်ခ်မှာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက်ဖြစ်ဖြစ်၊ မြို့နယ်အလိုက်ဖြစ်ဖြစ် အလွယ်တကူဝင်ရောက် ရှာဖွေနိုင်ပါတယ်။

>> https://shorturl.at/fixW


Read 460 times.