Best Cuisine

တစ်နေ့တာလုံး လန်းဆန်းတက်ကြွစွာ အစပြုနိုင်မယ့် Artisan Amour ရဲ့ breakfast အသစ်

August 6, 2020

Foodies တို့ရေ ကိုယ့်ရဲ့တစ်နေ့တာအစမှာ breakfast ကို ဘာစားရမလဲဆိုပြီး စဉ်းစားရခက်နေရင်တော့ 
Cake & Cafe အစုံအလင်ရနိုင်တဲ့ Artisan Amour ဆိုင်ကို ညွှန်းပေးချင်ပါတယ်..။

ခုဆိုရင် Artisan Amour နဲ့ Oliva Cafe တို့ ပူးပေါင်းပြီးတော့ breakfast set အသစ်တွေ ရနေပါပီနော်..။
သန့်ရှင်းလတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့  breakfast ကို coffee နဲ့တွဲပီး သုံးဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

နောက်ပြီး သူ့ဆိုင်ရဲ့ အဓိက လူကြိုက်အများဆုံးက Pancake ပါပဲ..။ ပန်ကိတ်အရသာတွေကတော့
 ပဲနီလေးပန်ကိတ်၊ ချိစ်ပန်ကိတ်၊ ချောကလတ်ပန်ကိတ်၊ မြေပဲထောပတ်ပန်ကိတ်နဲ့ အုန်းသီးပန်ကိတ်တွေပဲ ဖြစ်ပါတယ်။

sandwich ဆိုရင်လည်း ထောပတ်သီး၊ ကြက်ဥလိပ် အစရှိတဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ သန့်ရှင်းလတ်ဆတ်အောင် ပြုလုပ်ထားတော့ အရသာကတော့ ဘာလိုသေးလဲနော်..။

ထပ်ပြီးတော့ Artisan Amour နဲ့ Burmese Blend တို့ collaboration လုပ်ထားတဲ့  organic smoothie တွေလည်း ရနိုင်ပါသေးတယ်.။ organic စိုက်ပျိုးရေးနည်းကို အသုံးပြုထားလို့ သဘာဝစစ်စစ် အရသာကို ခံစားမိစေမှာ အမှန်ပါပဲ။

 

အဲဒါကြောင့် foodies တို့လည်း ကိုယ့်ရဲ့တနေ့တာအချိန်ကို လန်းဆန်းတက်ကြွစွာ စတင်နိုင်ဖို့ Artisan Amour ရဲ့ breakfast set အသစ်တွေနဲ့အတူ အရသာစုံလင်တဲ့ Pancake တို့ကို သွားရောက် မြည်းစမ်းကြည့်ရအောင်လား.. ။

Source:Artisan Amour

#restaurantguidemyanmar.com


Read 309 times.