Bars & Pubs

မြို့လယ်ခေါင်ကြီးမှာ ဟီးထနေအောင် ဖွင့်ချထားတဲ့ 99 Bottles Bar & Restaurant

November 7, 2023

အသောက်တလိုင်းတွေအတွက် အေးအေးဆေးဆေး Chill လို့ကောင်းမယ့် နေရာအသစ်တစ်ခုကို ရန်ကုန်မြို့လယ်ခေါင်မှာ တွေ့ရှိထားပါတယ်။ ဆိုင်က အချက်အချာကျတဲ့ အထက်ပန်းဆိုးတန်းလမ်းမပေါ်မှာ ဖွင့်လှစ်ထားပြီး ဆိုင်နာမည်က 99 Bottles Bar & Restaurant ဖြစ်ပါတယ်။ ဘော်ဒါတွေ အတူ ဆုံမယ့် နေရာအဖြစ် ရွေးချယ်စရာ Bar အသစ်ပါပဲ။

ဆိုင်ရဲ့ အပြင်အဆင်ကတော့ ကျယ်ကျယ်ဝန်းဝန်းရှိပြီး အမိုက်စား Decoration တွေနဲ့ Vintage ဆန်ဆန် ပြင်ဆင်ထားပါတယ်။  အထပ်က နှစ်ထပ်ရှိပြီး Tabel ဝိုင်း ပုံစံတွေ အမျိုးမျိုးရှိတာကြောင့် ကိုယ်ထိုင်တဲ့ ဝိုင်းပေါ်မူတည်ပြီး Vibe အမျိုးမျိုးကို ရစေနိုင်ပါတယ်။ ဓာတ်ပုံရိုက်လို့လည်း ကောင်းပြီး နေရာအကျယ်ကြီးမို့ လွတ်လွတ်လပ်လပ်  Chill လို့ ရပါတယ်။ သံစဉ်တွေ နားထောင်ရင်း အပန်းဖြေချင်သူတွေအတွက် Unplugged အစီအစဉ်လည်း ရှိပါတယ်။ 

Click Here > Rhino

ဒီဆိုင်မှာ ထူးခြားတာက စျေးတန်တဲ့ ၁,၅၀၀ ကျပ်တန် Cocktail လေးတွေပါ။ နောက်ပြီး မြန်မာဆန်ဆန် နာမည်ဆန်းဆန်းလေးတွေ ပေးထားတဲ့ သူ့ဆိုင်ရဲ့ Signature Cocktail လေးတွေကလည်း တစ်ခွက်ကို ၅,၅၀၀ ကျပ်ပဲ ရှိပါတယ်။

Shisha အပြင် သောက်စရာအတွက် Cocktail၊ Shot၊ Whiskey နဲ့ Beer တို့အပြင် အရောင်အသွေး စုံလင်တဲ့ တခြား သောက်စရာ Drink Menu တွေလည်း ရနိုင်ပါသေးတယ်။ Alcohol ရှောင်ထားတဲ့သူတွေအတွက် Smoothies တွေလည်း ရှိပါတယ်။

Bar သွားပြီး အမြည်းချည်းပဲ စားတတ်တဲ့ ဘော်ဒါတွေ ပါလာရင်တောင် အပြုံးမပျက် ရွေးလို့ရမယ့် စုံလင်လှတဲ့ အစားအသောက်မီနူးတွေ သူ့ဆိုင်မှာ ရပါတယ်။ Appetizer၊ Salad၊ Snack၊ Soup၊ Vegetable၊ Main Course၊ Rice၊ Noodle၊ Burger နဲ့ Sandwich စသဖြင့် ရွေးချယ်စရာ မီနူးပေါင်း (၂၀၀) လောက်ရှိတာကြောင့် စိတ်ကြိုက် အမုန်းဆွဲလို့ ရပါတယ်။

Bar ဆိုပေမဲ့ သူ့ဆိုင်က Main Chef ရဲ့ လက်ရာတွေက အဆင်ပြေတာကြောင့် Foodstuff တွေ ကောင်းတယ်လို့ နာမည်ကြီးတဲ့ Bar လည်း ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ ပြောရမယ်ဆိုရင် ၃,၀၀၀ ကျပ်ကနေစပြီး ၁၀,၀၀၀ ကျော် ဝန်းကျင်လောက်အထိ ရှိတာကြောင့် ပုံမှန်ပါပဲ။ 

မျက်စိသိပ်မရှုပ်တဲ့အတွက် လူငယ်တွေဖြစ်ဖြစ် လူကြီးတွေဖြစ်ဖြစ် အကြိုက်တွေ့မယ့် ဆိုင်လေးပါ။ ဖွင့်ထားတာ မကြာသေးတဲ့ ဆိုင်သစ်လေးမှာ ဘော်ဒါတွေနဲ့ အတူ ဆုံမယ်ဆိုရင် လိပ်စာကတော့ -
အမှတ် ၇၅/၇၇၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် (Pacific Hotel မျက်နှာချင်းဆိုင်) ဖြစ်ပါတယ်။ 

ဖုန်း - 09 757 344 534

ဆိုင်ဖွင့်ချိန် - 12 AM to 11 PM


Read 339 times.