Eating Tips

Wow ၃၅၀၀ တန် မာလာရှမ်းကောပွဲကြီးတဲ့..

November 19, 2019

နောက်မှ တန်လွန်းလို့ ဆိုပြီး အုပ်လိုက်ကြီး မရောက်သွားကြပါနဲ့လို့။

..

ကြိုပြောထားတယ်နော်... ဘက်ဂျက်ဆိုင်ဆိုတာ။

..
..

..ဒါ ကြည့်မြင်တိုင်မှာ ရှိတဲ့ဆိုင်ပါ..

ကြည့်မြင်တိုင် ညဈေးနားဆိုတာလေ စားကောင်းတဲ့ဆ်ုင်တွေ ရိုက်သတ်မကုန်အောင်ပေါတာနော်။ အန်တီတိုးဒူးရင်းမလိုင်တို့၊ Noodi တို့၊ Little Boss ဖက်ထုပ်တွေ၊ နောက် အသီးတွေ၊အကင်တွေ၊ဆိုင်တွေ အများကြီးပဲ။

ခုထပ်ပေါ်လာပြန်ပြီ ဘက်ဂျက် အစုံရတဲ့ဆိုင်လေး။

ဘက်ဂျက် အစုံဆိုလို့ အထင်မသေးသွားနဲ့။

ထိုင်းစာ အထောင်းတွေ ရတယ်။
၂ယောက်စားစာ Hot Pot ၇၀၀၀ ပဲပေးရတာ ရတယ်။
၂ယောက်လောက်ဖြိုရမယ့် မာလာရှမ်းကောကိုမှ ပင်လယ်စာနော် အဲ့ပုံထဲကလိုပွဲတွေကို ဘုရားစူး ၃၅၀၀ တည်းနဲ့ရတယ်။

ထိုင်း၊ တရုတ်၊ အခေါက်အသားကင်၊ milk Tea တွေ၊ ဖျော်ရည်တွေ၊ အအေး ၊ မာလာရှမ်းကော၊ ကွေ့တီယို အကုန်ရတယ်။

မာလာရှမ်းကော ၃၅၀၀ ကတော့ တစ်ခါမှ မကြားဖူးတဲ့ဈေးကြီး။ အရသာကတော့ အထုံမပါဘူး။ အစပ်ကဲပြီး အသားလုံးနဲ့ပင်လယ်စာတွေပါတယ်။ ခပ်ပြင်းပြင်း ခပ်ရှရှ ခပ်ထုံထုံ မဟုတ်သေးဘူး။ ဈေးကတော့ တန်တယ်။ တစ်ပွဲကိုအများကြီး။

ဟော့ပေါ့က ၂ယောက်စားစာ ၇၀၀၀ တဲ့။ အသားတွေပါတယ်။ အသားလုံးနဲ့အရွက်တွေပါတယ်။ သူကပြုတ်ပြီးသားချပေးတာ။ အဆင်သင့် သောက်ရုံပဲ။ ပြုတ်ရမီးပူခံရတဲ့အလုပ်တွေသက်သာလိုက်တာဆိုတာ။ အရသာတော့ ပုံမှန်လေးပဲ။ အရည်က သောက်ကောင်းတယ်။ လိုတာ ပြင်ပေးတယ်။

စားလို့ တော်တော်အရသာရှိတာက အထောင်းတွေ။

ကဏန်းထောင်းဆို သဘောသီးဖတ်မနည်းရှာရတယ်။ ၂၅၀၀ ပဲပေးရတယ်။ ကဏန်းများတယ်။

ပင်လယ်စာထောင်းလည်း အဲ့လိုပဲ။ အကုန်အစုံပါတယ်။ သူကျ ၄၅၀၀ တဲ့။

အထောင်းတွေက ချိုချိုစပ်စပ်ကြီးတွေမဟုတ်ဘူး။ အရည်က သံပုရာရည်နံ့သင်းတယ်။ ချဉ်စပ်လေး။ တော်တော်လေး အဆင်ပြေတယ်။

အခေါက်ကင်ကတော့ ဆော့စ်အချိုလေးကောင်းတယ်။ ငရုတ်နှစ်ထက်ဆော့စ်နဲ့ချည်းတို့စားတာ မိုက်တယ်။ အသားကတော့ ခပ်ရိုးရိုးပဲ။

နောက်ပြီး Brown Sugar Milk Tea တွေလည်းရတယ်တဲ့။ မှာသောက်ခဲ့တာ ချိုတာမည်းနည်းလျှော့ပြီး ပိုဆိမ့်ရင် ပိုသောက်ကောင်းမှာ။ ဈေးတော့မကြီးဘူး။

ပြောရရင် အကုန်အစုံလည်း မှာလို့ရတယ်။
ဘက်ဂျက်ဆိုင်လည်း ဖြစ်တယ်။
ဈေးလည်း မဆိုးဘူးဆိုတော့ အဲ့နေ့က ဝင်ထိုင်စားတာ ပြန်ရတဲ့အရသာကို စိတ်ကျေနပ်တယ်။

နောက်ပြီး အကင်တွေလည်း ညနေဆိုရပြီတဲ့။ တွဲဖက်သောက်စရာကတော့ ကိုယ့်ဟာကိုယ်ဝယ်သောက်ပေါ့လေ။

သန့်ရှင်းမှုကတော့ ဘက်ဂျက်ဆိုင်ဆိုတော့ ဆိုင်ကြီးတွေလောက်မဟုတ်ပေမယ့် သူ့ဟာနဲ့သူ သပ်သပ်ရပ်ရပ်လေးထားထားတာတွေ့ရတယ်။

လိုတာတွေလည်း ပြောပါပြင်ပါမယ်ဆိုလို့ အားမနာတမ်း ပြောခဲ့ပါတယ်။သူတို့ကလည်း ချက်ချင်းပြင်ပေးတယ်။ အဲ့တော့ သွားစားရင်လည်း လိုတာပြင်ခိုင်းပါ။

ဆိုင်လေးက ရောင်းချင်စိတ်များနေတာတော့တွေ့ရတယ်။ သွားအားပေးလိုက်ပါ။ လိုတာအကြံပေးလိုက်ပါလို့။

ဆိုင်နာမည်က "Fresh Orange” ပါ။ ဒါပေမယ့် ဆိုင်ရှေ့မှာ "Chef” ဆိုတဲ့ Vinyl ကြီးနဲ့ မီနူးတွေပဲတွေ့ရမယ်။

မနက် ၉ ကနေ ည ၁၀ ထိဖွင့်ပါတယ်တဲ့။

လိပ်စာက- ကြည့်မြင်တ်ုင်ညဈေး ပိတောက်ပင်လမ်းနဲ့ ဗိုလ်သူရလမ်းထိပ်မှာ သူတစ်ဆိုင်တည်း ရှိပါတယ်။

ဪ... အဲ့နားရောက်ရင် အလုံ သစ်တောလမ်းထဲဝင် ရွှေတင့်တယ်စတိုးကရန်ကုန်မှာ နာမည်ကြီး ရေခဲချောင်းလေးတွေစားခဲ့ဖို့ မမေ့နဲ့နော်။
Credti #စားမယ် သွားမယ်
(Your Trusted Food Blog)


Read 470 times.