Eating Tips

အရသာရှိလှတဲ့ Hotpotနဲ့မာလာရှမ်းကောကိုဈေးတန်တန်နဲ့စားလို့ရမဲ့ဆိုင်လေး

February 5, 2020

HotPot နဲ့မာလာရှမ်းကော ဟာဆိုရင်ဖြင့် အခုနောက်ပိုင်း လူတော်တော်များများရဲ့ အသဲစွဲအစားအသောက်တစ်ခုဖြစ်လာတယ်ဆိုရင်တော့ လက်ခံကြတယ်မှတ်လား။အရသာရှိ၊ ဈေးနှုန်းလဲသင့် လတ်ဆတ်တဲ့ဆိုင်ကိုလည်း  သေချာရွေးတတ်ဖို့လိုပါတယ်နော်။

......

အခုပြောပြမဲ့ဆိုင်လေးကတော့ Budjet လည်းသက်သာတဲ့အပြင် ကိုဆိုင်အပြင်အဆင် နဲ့ အရသာကလည်းတကယ့်ကိုရှယ်။ ဘာလို့ ရှယ်လဲဆိုတော့ ဆိုင်ကကုန်ကြမ်းပစ္စည်းတွေကို အကောင်းဆုံးကိုမှရွေးချယ်ဝယ်ယူပြီး HotPot ဟင်းရည်အတွက်သုံးတဲ့ အနှစ်ကို  ဆိုင်ရှင်ကိုယ်တိုင် ချက်ပြီး Ready Made အနှစ်ကို လုံးဝမသုံးပါဘူး။

......

ထိုင်ဝမ်၊ယိုးဒယား၊မလေးရှားက အသားလုံးတွေကိုမှာယူပြီး အသုံးပြုတာဖြစ်ပါတယ်။ ဟင်းရည်အနေနဲ့ က ကြက်၊ဝက်၊အမဲသားအရည်ကိုမှ အချို၊မာလာအစပ်၊တုန်ယမ်းချဉ်စပ်ဆိုပြီး ရွေးလို့ရပါတယ်။အသားလုံးတွေကိုတော့ ၁၀၀ ကျပ်ကနေ စတင်မှာယူနိုင်ပြီး  အသားတွေနဲ့ပင်လယ်စာတွေကိုတော့ ၁၀၀၀ ကျပ်ကနေစတင်မှာယူနိုင်ပါတယ်။ 

......

နောက်တစ်ခုအနေနဲ့ကတော့ မာလာရှမ်းကော ။ ကြက်၊ဝက်၊အမဲသား၊ပုစွန် ဆိုပြီး ရွေးချယ်လို့ရပြီး set လိုက်ကိုမှ ၆၀၀၀ ထဲ။ ပုစွန်ရှမ်းကောဆိုရင် ပုစွန်အကောင်အကြီး ၆ ကောင်လောက်ပါတယ် လူ ၂ ယောက်လောက်အေးဆေးစားလို့ရတယ်။

......
 ကင်းမွန်ကြော်၊ ဖက်ထုပ်ရည်၊ဖက်ထုပ်ကြော်၊ပုစွန်မွှေးကြော်၊ဘဲကင်နဲ့ ဝက်ကင် စတဲ့ ဟင်းပွဲတွေကိုလည်းမှာယူနိုင်ပါတယ်။  ဂျုံခေါက်ဆွဲ ကတော့ တပွဲ ၂၅၀၀ ဖြစ်ပြီး ဆိုင်မှာ ကိုယ်တိုင်လုပ်တာဖြစ်ပြီး ဓာတုပစ္စည်းလည်း လုံးဝမပါဝင်ပါဘူး။

......

လာစားတဲ့သူတယောက်ချင်းဆီကိုလည်း အချိုပွဲလေးတစ်ခုစီ အလကားကျွေးပါတယ်။ဂျယ်လီလိုအိအိလေးတွေကို အရည်ကရှောက်ယိုအရသာလိုအေးအေးလေး၊မုန့်စားထားလို့အီတာတွေဘာတွေအဲ့တာလေးစားလိုက်ရင်ပျောက်သွားရော။အကင်နဲ့ဘီယာကိုရနိုင်ဖို့အတွက်လည်း အမြန်ဆုံးကြိုးစားနေပါတယ်တယ့်။ 

......


ဆိုင်နာမည်လေးကတော့ ...

Water Pearl Hotpot( ရေပုလဲချွမ့်ချွမ့်ရှမ်းဟော့ပေါ့)

===================================
ဆိုင်ကတော့ မနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီခွဲထိဖွင့်ပါတယ်။


လိပ်စာ : အိမ်နံပါတ် ၂၈(a+b) သုမင်္ဂလာ လမ်း နှင့်
နဝရတ် လမ်း ထောင့် ဆယ်သိန်းရပ်ကွပ်
သင်္ဃန်းကျွန်မြို့နယ် ရန်ကုန်မြို့..


ဖုန်: ၀၉၄၀၀၈၀၀၁၆၈,၀၉၄၅၀၀၄၁၁၁၈


*Junction ဇဝန city mark နှင့် ကမ္ဘောဇ ဘဏ် ကြားထဲက သုမင်္ဂလာ လမ်းဝင်ပြီး ဘယ်ဘက်ခြမ်း၅ လမ်းမြောက် ပန်းရောင်ခြံ*..


#Google maps မှာ Water pearl hotpot လို့ရိုက်ထဲလိုက်ရင် တွေ့လိမ့်မည်#
သင်္ကန်းကျွန်းဘက်ရောက်လို့Hotpot စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကိုသတိရလိုက်နော်။


Read 441 times.