Eating Tips

ဒူးရင်းချစ်သူတွေအတွက် ဒူးရင်း Heaven လို့မှတ်လို့ရတဲ့ ဆိုင်လေး

January 30, 2020

ဆိုင်နာမည်လေးကတော့ Wake n’ bake တဲ့။ ဆိုင်လေးထဲကိုဝင်လိုက်တာနဲ့ ဒူးရင်းအနံ့လေးတွေက ဆွဲဆောင်နေပါတယ်။ ဒီဆိုင်လေးမှာ လူစားများတာကတော့ Durian Pillow,Durian Cake, ဒူးရင်းမလိုင်၊ ဒူးရင်းမုန့်လက်ဆောင်းလေးတွေကတော့ လူကြိုက်များပါတယ်။


ဒါ့အပြင် ဒူးရင်းနဲ့ထုတ်လုပ်တဲ့မုန့်အသစ်လေးကိုလည်း မင်မင်က sharing လုပ်ပရစေ။ မုန့်အသစ်လေးကတော့ ဒူးရင်း pizza ပါ။ ပီဇာလဲစားချင်တယ် ဒူးရင်းသီးလဲ ကြိုက်တယ်ဆိုရင်တော့ ဒူးရင်းပီဇာလေးကို မြည်းစမ်းကြည့်စေချင်ပါတယ်နော်။ ဒူးရင်းပီဇာတချပ်ကို ၉ လက်မအစိတ် (၈)စိတ်ပါဝင်ပါတယ်။

ပီဇာရဲ့ အောက်ခံပေါင်မုန့်သားကို အိအိပါးပါးလေးလုပ်ထားပြီး မျက်နှာပြင်တခုလုံးကိုလည်း ဒူးရင်းသီးအနှစ်အပြည့်သုံးပေးထားတာဆိုတော့ အရသာကတော့လုံးဝကို ကောင်းမွန်ပါတယ်။ 


တရက်ကို ၁၅ ချပ်သာရောင်းချပေးမှာဖြစ်ပြီး preorder စနစ်ဖြစ်တာမို့ တရက်ကြိုတင်ဖုန်းဆက်မှာယူဖို့တော့လိုအပ်ပါတယ်။ preorder မမှာမိဘဲ ဆိုင်မှာဘဲသွားရောက်အားပေးချင်တဲ့သူတွေအနေနဲ့လည်း တစ်နာရီလောက်ကြိုတင်ပြီး ဖုန်းဆက်မှာပေးရမှာဖြစ်ပါတယ်။ ဒူးရင်းပီဇာတစ်ခုဘဲ preorder မှာပေးရတာပါနော် ကျန်တဲ့မုန့်တွေကတော့ ဆိုင်မှာ အဆင်သင့်ရှိပါတယ်။ 


လာယူမယ့်နေ့ကျရင် ဆိုင်မရောက်ခင် ၁ နာရီ ကြိုတင်ပီး ဖုန်းလေးဆက် ပြောကြားပေးဖို့ လိုပါတယ်ရှင်။ရောက်ခါနီး ၁ နာရီ အလိုမှသာ လတ်လတ်ဆတ်ဆတ် လုပ်ပေးမှာဆိုတော့ စားလို့အရမ်းတွေ ကောင်းမှာ အသေချာပါဘဲ။


 ဈေးနှုန်းကတော့ ဒူးရင်းမျက်နှာပြင် အပြည့်ပါတဲ့ ဒူးရင်းပီဇာ ၉ လက်မ ၁ ချပ်ကို ၂၅၀၀၀ ကျပ် ပါ။ ဒူးရင်း ပီဇာလေးကို တောင်ဥက္ကလာနဲ့ လမ်းမတော် ၂ ဆိုင်တွင်သာ ဝယ်ယူရရှိနိုင်ပါတယ်။ 


Delivery နဲ့လည်းမှာယူလို့ရတာမို့ အရမ်းကိုအဆင်ပြေပါတယ်။ ဒါ့အပြင်မွေးနေ့ပွဲအတွက် ကိတ်မုန့်လေးတွေလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံပြပြီးမှာယူနိုင်ပါတယ်။


၂ လပိုင်း (၁၀)ရက်နေ့မှာဖွင့်လှစ်မဲ့ Mindama Night Market မှာလည်း ဆိုင်လေးဖွင့်ပြီးရောင်းချဖို့ရှိပါတယ်။

ဆိုင်ခွဲလိပ်စာလေးတွေက ...

...

ဆိုင် (၁) လိပ်စာ : အမှတ် ၉၄၁(က) / သစ္စာလမ်း / ၇ ရပ်ကွက် / တောင်ဥက္ကလာ။

ဖုန်း : 09-798407510, 09-798407511

ဆိုင်ဖွင့်ချိန် :  မနက် ၈ နာရီမှ ည ၁၀ နာရီထိ


ဆိုင် (၂) လိပ်စာ : အမှတ် 9E(1) / ကမ္ဘာအေးဘုရားလမ်း / နဝရတ်လမ်းသွယ် / ၈မိုင် / မရမ်းကုန်း။

ဖုန်း : 09-768751688

ဆိုင်ဖွင့်ချိန် :  မနက် ၈ နာရီမှ ည ၁၀ နာရီထိ

 

ဆိုင်(၃) လိပ်စာ : အမှတ် ၈၃ / ကိုင်းတန်းလမ်းနဲ့ အနော်ရထာလမ်းထိပ် / Junction Mawtin အနီး / လမ်းမတော်။

ဖုန်း : 09-795194532, 09896917629

ဆိုင်ဖွင့်ချိန် :  မနက် ၈ နာရီမှ ည ၁၀ နာရီအထိ

Page Link : https://www.facebook.com/wakenbakelanmadaw/


Read 862 times.