Bars & Pubs

Valentine’s Day မှာ Chill ချင်တဲ့ စုံတွဲတွေအတွက် ပရိုမိုးရှင်းပေးနေတဲ့ စားသောက်ဆိုင် (၅) ဆိုင်

February 13, 2023

ချစ်သူများနေ့မှာ တစ်ခြားစုံတွဲလေးတွေလို ကော်ဖီဆိုင်လေးထိုင် ပန်းခြံထဲသွားပြီး ရိုရတာကို ငြီးငွေ့နေပြီလား? ရိုမန့်တစ်မဆန်ဘဲ ဘီယာအတူတူသောက်ရင် အပီအပြင် Chill ချင်တဲ့ စုံတွဲလေးတွေအတွက် Budget save ဖြစ်ပြီး ပရိုမိုးရှင်းတွေပေးနေတဲ့ စားသောက်ဆိုင် (၅) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Click Here >>> Super Apollo

1. ( May's Bistro )
ပထမဆုံးပြောပြပေးမယ့် ဆိုင်နာမည်လေးကတော့ စမ်းချောင်းမှ ဖွင့်ထားတဲ့ May's Bistro ဆိုတဲ့ဆိုင် ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာ အဓိကရရှိတဲ့ အစားအစာအနေနဲ့ကတော့ ဥရောပအစားအစာဖြစ်ပြီး  သောက်စရာ ကတော့ Soft Drink အမျိုးမျိုးရရှိတဲ့အပြင် ဘီယာ၊ ကော့တေးမျိုးစုံ လည်းရရှိမှာဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ချစ်သူများနေ့ ပရိုမိုးရှင်း အစီအစဉ်လေးကတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၄ ရက်အတွင်း လာရောက်အား‌ပေးတဲ့ချစ်သူစုံတွဲ အားလုံးတိုင်း May's Bistro ရဲ့ 20% Discount Coupon လေးရရှိမယ့် ပရိုမိုးရှင်းအစီအစဉ်လေးပဲဖြစ်ပါတယ်။

2. ( La Pie Sa )
ဒီဆိုင်လေးကတော့ ပရိုမိုးရှင်းတွေ စဉ်ဆက်မပြတ် ပေးနေတဲ့ ရန်ကုန်မြို့ရဲ့ လူသိအများဆုံး နေရာဖြစ်တဲ့ Time City မှာဖွင့်ထားတဲ့ La Pie Sa ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးမှာပေးထားတဲ့ ပရိုမိုးရှင်းအစီအစဉ် လေးကတော့ Valentine Set Menu တွေကို ကိုယ့်ချစ်ရတဲ့ကောင်မလေးနဲ့အတူ သုံးဆောင်ပြီး ဘဝတစ် သက်တာ မမေ့နိုင်မယ့် အမှတ်တရနေ့လေးကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ Valentine Set Menu တွေကတော့ အာရှအစားအစာကြိုက်နှစ်သက်သူတွေအတွက် Asian Menu ၊ ဥ‌ရောပအစားအစာကြိုက်နှစ်သက်သူတွေ အတွက် Western Menu ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိသာ ရရှိမှာပဲဖြစ်ပါတယ်။

 

3. ( Freesia Rooftop Bar )
ငွေကျပ် ၄၅,၀၀၀ ထဲနဲ့ အရမ်းကို Romantic ဖြစ်မဲ့ Dinner လည်းစားရင် Chill ချင်တယ်ဆိုရင်တော့ Freesia Rooftop Bar ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဆိုင်လေးကတော့ Valentine's Day မှာ ချစ်သူလေးနဲ့ Dinner တူတူစားဖို့ စိတ်ကူးရှိတဲ့ စုံတွဲလေးတွေအတွက် Freesia ရဲ့ Couple Set ပရိုမိုးရှင်းလေးကိုရရှိမှာဖြစ်ပါတယ်။ ချစ်သူလေးနဲ့ အတူ ရန်ကုန်မြို့ရဲ့ ညနေခင်း ဆည်းဆာအလှကို ခံစားရင်း အရာသာရှိလှတဲ့ ထိုင်းနဲ့ ဥရောပ အစားအစာနဲ့ Cocktail တို့ပါဝင်တဲ့ စုံတွဲ Set ကို မှ ၄၅,၀၀၀ ပဲကျမှာဖြစ်ပြီး ပရိုမိုးရှင်းကာလကတော့ ဖေ‌ဖော်ဝါရီ လကုန်အထိဖြစ်ပါတယ်။

4. ( Flex Caf'e & Bar
အခုပြောမယ်ဆိုင်လေးကတော့ ရန်ကုန်မြို့ရဲ့ အချက်အချာအကျဖြစ်တဲ့ Night Market မှာဖွင့်ထားတဲ့ Flex Caf'e & Bar ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်ကတော့ ဘီယာတစ်တာဝါကို ၁၅,၀၀၀ ကျပ်နဲ့ နှစ်တာဝါသောက်ရမယ့် အစီအစဉ်အပြင် အရသာ ၃ မျိုး ရရှိနိုင်မဲ့ Mixed light Tower Cocktail Buy1 Get 1 ပရိုမိုးရှင်းအစီအစဉ်လေးပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဖေဖော်ဝါရီလ တစ်လလုံးရရှိမှာ ဖြစ်ပါတယ်။

5. ( Cafe Corner )
နောက်ဆုံး လမ်းညွှန်ပေးမယ့်ဆိုင်လေးကတော့ လှည်းတန်စင်တာ မှာဖွင့်ထားတဲ့ Cafe Corner ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ အချစ်ရဲ့သင်္ကေတ Cafe Corner Cocktail လှလှလေး တစ်ခွက် ရယ် ပုစွန်အကြီးကြီး ပါတဲ့ အကိတ် ပုစွန်ကော်ပြန့်လိပ်ကြော် တစ်ပွဲ ဝယ်စားလိုက်တာနဲ့ နောက်ထပ် Cafe Corner Cocktail တစ်ခွက် Free ရရှိမှာမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဖေဖော်ဝါရီ ၁၄ တစ်ရက်တည်းပဲရှိတာမို့လို့ မြန်မြန်လေးသွားရောက်မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါကြောင့် မနက်ဖြန် ကျရောက်မယ် ချစ်သူများနေ့မှာ ချစ်တဲ့သူနဲ့အတူ အရမ်းတန်ပြီး အရသာရှိတဲ့ ဟင်းပွဲလေးတွေကို ဘီယာ (သို့မဟုတ်) ကော့တေလေးတွေနဲ့ သောက်ရင် အမှတ်တရနေ့လေးဖန်တီးလို့ရအောင် ပရိုမိုးရှင်းပေးနေတဲ့ စားသောက်ဆိုင် (၅) ဆိုင်ကိုလမ်းညွှန်ပေးလိုက်ပါတယ်။
 

The Myanmar Restaurant Guide


Read 658 times.