Eating Tips

ဝေဟင်နားက အမယ်စုံ ဆိုင်လေး “ Tom Yam Koong “ ...

November 14, 2019

" စောင့်ရတာကြာနေပြီ ၊ ဗိုက်ကလဲဆာလာတယ် " ????
..
..
" လေဆိပ်ကို အစောကြီးရောက်သွားတယ်။ ဗိုက်ကလည်း ဆာနေလေရဲ့။ ကိုယ်တိုင်က ဂျီးများပြန်တော့ ဟင်းကောင်း၊ ထမင်းကောင်းမှ စားချင်တယ်။ ဒါတင်မကဘူး၊ Dining Place က Luxury ဖြစ်ရမယ်၊ Staff Service တွေလည်း ကောင်းရဦးမယ်။ "

" မေမေတို့က ထမင်း၊ ဟင်းစားချင်တယ်။ သားသားမီးမီးတို့က ကွေ့သယို၊ ဖတ်ထိုင်း တို့လို One Portion လေးတွေပဲ စားချင်နေကြတယ်။ "


ဒီလိုမျိုးဆိုရင်တော့  ဒီဆိုင်လေး ကိုမိတ်ဆက်ပေးလိုက်မယ်နော်..


ဆိုင်နာမည်က Tom Yam Koong ပါ.. မင်္ဂလာဒုံ လေဆိပ်နားက အသံလွှင့်ရုံလမ်းမှာ ရှိတဲ့ ဆိုင်ပါ..လေဆိပ်နဲ့လည်း နီးပါတယ်..


" Tom Yam Koong Yangon ဆိုတာ"
==========================

<<>>     Tom Yam Koong ကို မန္တလေးမြို့မှာ ဆိုင်ခွဲ(၃)ဆိုင်၊ ရန်ကုန်မြို့မှာ ဆိုင်ခွဲ (၁)ဆိုင်ဖွင့်လှစ်ထားပါတယ်။


<<>>     Tom Yam Koong မှာ ရရှိတဲ့ အစားအစာတွေကို ထိုင်းနိုင်ငံက ဝါရင့်စားဖိုမှူးတွေကိုယ်တိုင် စီမံကြီးကြပ်ပြီး ချက်ပြုတ်ကြတာဖြစ်လို့ ထိုင်းနိုင်ငံရဲ့ စစ်မှန်တဲ့ အရသာကို ခံစားရရှိစေမှာပါ။


<<>>     Tom Yam Koong Yangon မှာတော့ Breakfast အနေနဲ့ မြန်မာ့ရိုးရာ မနက်စာတွေအပြင် Dim Sum တွေကိုလည်းသုံးဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ Dim Sum က မန္တလေးမြို့ရဲ့ နာမည်ကြီး Dim Sum ဆိုင်တွေထဲမှာ တစ်ဆိုင်အပါအဝင်ဖြစ်တယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အသားကုန်ကြမ်းတွေနဲ့ပဲ ချက်ပြုတ်ထားပါတယ်။


<<>>     နေ့လည်စာ နဲ့ ညစာအချိန်တွေမှာတော့ ထိုင်းရိုးရာဟင်းပွဲတွေကို သုံးဆောင်နိုင်ပါတယ်။ ဒါ့အပြင် ကွေ့သယို ၊ မူခဖောင်း ၊ ကြက်ဆီထမင်းတို့လို One Portion တွေကိုလည်း ဖန်တီးပြုလုပ်ထားပါတယ်။


<<>>     ပြီးတော့ BBQ အသားကင်တွေလည်း ရရှိနိုင်ပြီး ညပိုင်းအချိန်တွေမှာ အေးအေးဆေးဆေး Chill ချင်သူတွေအတွက် Roof Top Bar ကိုလည်းဖန်တီးထားပါသေးတယ်။


<<>>     ဆိုင်Decoration ကိုလည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ဧည့်သည်တွေကို ဧည့်ခံတည်ခင်းကျွေးမွေးလိုတဲ့အခါ ဖြစ်စေ၊ ပါတီဧည့်ခံပွဲတွေဖြစ်စေ၊Tourism Service များကိုအဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။

အယ်ဒီလိုမျိုးဆိုင်လေးနော် ..


ဒါအပြင် ဒီဆိုင်လေးမှာ ဘာတွေရနိုင်သလဲဆိုတော့ ………


###   မနက်စာ - Dim Sum / မုန့်ဟင်းခါး/ကွေ့သယို /ကော်ဖီ/လက်ဖက်ရည်။ မနက်စာအတွက် သားသားမီးမီး ဖိုးဖိုးဖွားဖွား ဦးဦးဒေါ်ဒေါ် ကိုကိုမမတို့ အားလုံးကြိုက်တဲ့ "Dim Sum"ရှိတယ်။ DimSumတွေကရွေးစရာများ၊ လတ်ဆတ်ပြီးကောင်းတော့ တစ်အိမ်လုံးရဲ့ အကြိုက်ပဲပေါ့ဗျာ။မုန့်ဟင်းခါး၊ကွေ့သယို၊Sandwich ပါ စားလို့ရတော့ သိပ်အဆင်ပြေတာပေါ့။


" Tom Yam Koong ရဲ့ Dim Sum "

========================

Love at first Bite!
▪︎သန့်ရှင်းတယ်။
▪︎လတ်ဆတ်တယ်။
▪︎အမျိုးအမည်စုံလင်တယ်။
▪︎မန္တလေးမြို့မှာ အရောင်းရဆုံး ဆိုင်ထဲက တစ်ဆိုင်ပါ။
▪︎တစ်ပေါင်းကို မြန်မာငွေ (၉၀၀)ကျပ်ထဲနော် ။


###   Cafe - Coffee/ European Foods /snacks တွေကိုလည်း Cafe De Yangon မှာသုံးဆောင်လို့ရတယ်။ Cafe De Yangonအောက်ထပ်မှာပါတွဲဖွင့်ထားသော ကော်ဖီကောင်းကောင်းရယ်၊ European Foodsရယ်၊ Pasta၊ Steakတွေရယ်နဲ့ ရွေးစရာအများကြီးရှိတယ်ဗျ။


###   နေ့လည်စာ/ညစာ -Authentic Thai Foods။ ထိုင်းစားဖိုမှူးတွေ ကိုယ်တိုင်ချက်တဲ့ အရသာစစ်မှန်သော ထိုင်းစာ။နေ့လယ်စာ ညစာအတွက် ထိုင်းစဖိုမှူးတွေကိုယ်တိုင်ချက်တဲ့ ထိုင်းစာစုံစုံလင်လင်ရှိတယ်။ ထိုင်းလက်ရာစစ်လို့ စားကောင်းတယ်။ သန့်ရှင်းပြီးလတ်ဆတ်တယ်။ ဈေးတန်ပြီး ပွဲများတယ်။ ထိုင်းစာအမယ်စုံ ၊ one portion တွေစုံစီနဖာလေးဆိုတော့ လူများများ နည်းနည်းအဆင်ပြေတယ်။

#   ဒါ့အပြင် တစ်ကိုယ်တည်း အမြန်စားလို့ရမယ့် တစ်ယောက်စာ One Portion ဟင်းလျာမျိုးစုံလည်းရှိတယ်။


###   ညအခါ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး Chill ချင်သူတွေအတွက် Roof Top Bar…
Rooftop Bar မှာ အကင် - Cocktails ,unplugged လည်းရှိတယ်ဗျ။ ညပိုင်း Rooftop Barမှာ အေးဆေးChillsပြီး အကင်လေးစား၊ unpluggedလေးနားထောင်နဲ့ ဘယ်လောက်သာယာဝပြောမလဲနော်။


အော် တန်ဆောင်တိုင် Promotion အနေဖြင့်  ..…


_ က္ကသစ်မကျီးသီးငါးပေါင်း (သို့)
_ က္ကသစ်ကျွဲကောသီးသုပ်(သို့)
_ စပါကယ်တီ၁ပွဲ မှာယူသုံးစွဲသူတိုင်းကို
_ Pink Lady (or)
_ Blue Margerita (or)
_ Mocktail 1ခွက် လက်ဆောင်ပေးပါတယ်။


ကဲ Foodie လေးတွေရေ ဒီဆိုင်လေးကတော့ …

@   အမယ်အစုံဆုံးရှိသော ဆိုင်လေးပါ။
@   သင်စားချင်တဲ့ ဟင်းတစ်ပွဲ ရှိကိုရှိတယ်။
@   မနက်စာကစလို့ နေ့လယ်စာ၊ ညစာ၊ Cafe ၊ Barတွေကို တစ်နေရာတည်းအစုံစုထားတာဆိုတော့ …

သွားရောက်စားသုံးကြည့်လိုက်ပါနော်။


<<< Tom Yam Koong Yangon >>>

==========================

လိပ်စာ - အသံလွှင့်ရုံလမ်း ၊ မင်္ဂလာဒုံမြို့နယ် ။ ( မင်္ဂလာဒုံလေဆိပ်အနီး )

ဆိုင်ဖွင့်ချိန် - 6am to 12 am

-မနက်စာ+Dimsum 6am to 12noon

- နေ့လည်စာ+ညစာ 9:30am to 10pm

-( Rooftop Bar / BBQ) 4pm to 12am

ဖုန်းနံပါတ်- 09977222034

Ref: Tom Yam Koong


Read 394 times.