Eating Tips

The Marina Restaurant

November 19, 2019

The Marina Restaurant ဆိုင်ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းမကြီးပေါ်တွင် ခမ်းခမ်းနားနားနှင့် ဆိုင်ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

The Marina Restaurant သည် နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၂၇၅ ဆိုင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

အိန္ဒိယအစားအစာ စားချင်သူများအတွက် The Marina Restaurant တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းမှ ဟင်းလျာများနဲ့အတူ အာရှမှ ဟင်းလျာများကို အိန္ဒိယမှ ကျွမ်းကျင်စားဖိုမှူးများကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ထားကြောင်း သိရပါတယ်။

ဆိုင်တွင် ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ပင်လယ်စာများကို ခင်းကျင်းပြသထားသည့်အတွက် ကြိုက်နှစ်သက်သည့် အမျိုးအစားနဲ့ အလေးချိန်အလိုက် လိုချင်တဲ့ ဟင်းလျာပုံစံအမျိုးမျိုးနဲ့ အကင်မျိုးစုံကိုလည်း ရနိုင်ကြောင်း သိရပါတယ်။

The Marina Restaurant ဆိုင်သည် ကျယ်ဝန်းသည့် နေရာထိုင်ခင်းရှိပြီး လူဦးရေ ၈ ဦးမှ ၁၀ ဦးဆန့် သီးသန့်ခန်းများလည်း ရှိကြောင်း သိရပါတယ်။

Lunch Box စနစ်ဖြင့် အိမ်အရောက်ပို့စနစ်များကိုလည်း ပြုလုပ်ပေးပြီး မနက်စာ၊ နေ့လည်စာနှင့် ညစာတို့ကိုလည်း သုံးဆောင်နိုင်ကြောင်း သိရပါတယ်။

ဆိုင်တွင် စားသောက်ဈေးနှုန်းမှာ ၃၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ် အထိရှိပြီး Lunch Box အတွက်ဆိုရင် Delivery ၅၀၀၀ ကျပ် ပေးရမည်ဖြစ်ကြောင်း သိရပါတယ်။

ဆိုင်ဖွင့်ချိန်မှာ နံနက် ၁၁ နာရီမှ ၃ နာရီ၊ ည ၆း၃၀ နာရီမှ ည ၁၀ အထိ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

The Marina Restaurant

အမှတ် ၆၃၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

၀၉-၇၀၅၅၀၀၆၆၊  ၀၉-၉၇၀၅၅၀၀၅၅


Read 245 times.