Easy Recipes

Stay Homeကာလ အိမ်မှာနေရင်း လက်စွမ်းပြလို့ရမယ့် ကမ္ဘာကျော် အာလူးကြော်နည်းများ

October 17, 2020

Crispy Potato Wedges

ယခု လုပ်ပြမယ့်ပုံစံကတော့ အရမ်းခြောက်ကပ်မှုမရှိဘဲ ကြွပ်ကြွပ်လေး ဖြစ်တာကြောင့် လူကြိုက်များပါတယ်။ လုပ်ရတာလည်း ခက်ခဲမှုမရှိပါဘူး။

ပါဝင်ပစ္စည်းများ

အာလူး - ၁ ကီလိုဂရမ်

ဂျုံ - ၁၅၀ ဂရမ်

ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါပရီကာမှုန့် - အနည်းငယ်

ဆား၊ ငရုတ်ကောင်း - အနည်းငယ်

Dijon Mustard - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တရုတ်နံနံ - အနည်းငယ်

ရေ - သင့်တော်ရုံ

ပြုလုပ်နည်း

၁။ ဦးစွာ အာလူးကို အခွံမနွှာဘဲ ရေစင်အောင် ဆေးပါ။ ပြီးလျှင် ခွဲ၍ စိတ်ပြီး ကျက်လုနီးနီး ပြုတ်ပါ။

၂။ ဂျုံနှစ်ဖြစ်စေရန် ကျန်ပါဝင်ပစ္စည်းများ ရောမွှေပါ။ အရမ်းမပျစ်ဖို့ သတိထားပါ။

၃။ ပြုတ်ထားတဲ့ အာလူးများကို ဂျုံနှစ်ထဲနှစ်၍ ကြော်ပါ။ အရောင်များတောက်လာလျှင် ကျက်ပါပြီ။

Crd.

 

အာလူး နှင်းဆီ

လုပ်ရတာ မခက်ဘူး ပစ္စည်းတွေပဲရှိဖို့လိုတာပါ။  အာလူးကို 1 mm အထူ အချပ် ပါးပါးလေးတွေဖြစ်အောင်လှီးတယ်။ ဆား ငြုပ်ကောင်း သံလွင်ဆီနဲ့Italian spices တွေနဲ့နယ်ပါတယ်။

ပြီးရင်တော့ bacon ပေါ်မှာ အထပ်လေးတွေဆင့်... Parmesan cheese ထည့်. လိပ်ပါတယ်။

muffin tins လေးတွေထဲထည့် အပေါ်က Aluminium foil အုပ်ပြီး preheated oven ထဲမှာ 200C နဲ့တစ်နာရီ bake လုပ်ရင် အရသာလဲရှိ မွှေးလဲမွှေး လှလဲလှ ခလေး လူကြီးမရွေး ကြိုက်ကြပါတယ်....

၀က်သားမစားတဲ့သူတွေ အနေနနဲ့Turkey ham ကို အချောင်းလေးတွေလှီးပြီး လုပ်စားလို့ရပါတယ်။

Crd.ကြီးကြီးဂျမ်

 

အာလူးပုဇွန်လုံး

ပါဝင်ပစ္စည်းများ

အာလူး ( ပြုတ်ထားပါ )

ပုဇွန် ( သန့်စင်ထားပါ )

ကြက်ဥ ၂ လုံး

ဆား အနည်းငယ်

ငရုတ်ကောင်း အနည်းငယ်

ပေါင်မုန့်ကြွပ် ( အကြေစလေးများဖြစ်ရန် ချေထားပါ )

ဆီ

ပြုလုပ်နည်း

အာလူးပြုတ်ကို ဆား၊ ငရုတ်ကောင်းထည့်ပီး စီးစီးလေးဖြစ်အောင် နယ်ထားပါ။ အာလူးနယ်အနည်းငယ်ကို ယူ၊ ပုဇွန်တကောင်ထည့်ပီး အလုံးလေးဖြစ်အောင် လုံးပါ။

ထိုနည်းအတိုင်း အာလူးများကို လုံးကထားပါ။ ပီးရင် အာလူးလုံးများကို ပေါင်မုန့်အကြေစများနဲ့ လူးပါ။ ကြက်ဥကို ခေါက်ထားပါ။

ဒယ်အိုးကို ဆီအပူပေးပီး ထိုလူးထားတဲ့ အာလူးတွေကို ကြော်ခါနီး မွှေထားတဲ့ ကြက်ဥခေါက်ထဲသို့ နှစ်ပီးကြော်ပေးပါ။

ခုဆိုရင်တော့ အချဉ်လေးနဲ့တို့တို့၊ အချဉ်လေးပဲ ဆမ်းဆမ်း၊ ရေနွေးလေးနဲ့ပဲ မြည်းမြည်း အရမ်းကို အရသာရှိတဲ့ တသက်တာ ရစ်ဖွဲ့ထုံးမယ့် အာလူးပုဇွန်လုံးလေး စားလို့ရပါပြီ။

Crd

 

အားလူးချိစ့် ကြော်

အားလူး ၂၅သား

mozzarella ၁တုံး (သို့) cheese ၃ပြား

ဆား အနည်းငယ်

ငရုတ်ကောင်း 

ကြက်ဥ ၁လုံး

ပေါင်မုန့်ခြောက် လိုသလောက်

-အားလူးကို ပြုတ်အခွံခွာပြီးထောင်း (သို့) လက်နှင့် ချေလဲရတယ်နော်။ ပြီးရင် ဆား ငရုတ်ကောင်းထည့် နယ်ထားပါ။

-ကြက်ဥ၁လုံးခလောက်ထားပါ။ပန်းကန်တစ်ခုထဲမှာပေါင်မုန့် ခြောက်ထည့်ထားပါ။

-ချိစ့်ကmozzarella(သို့)cheeseအပြားလေး များကိုခဲ အောင်လုပ်ပြီးအချောင်းလေးတွေ လှီးထားပါတယ်။

-အားလူးကိုအနေတော် အလုံးအရွယ်ယူပြီးလုံးပါ။ ပြီးရင် လက်ထဲမှာပြားပြီးအလည်မှာချိစ့်အချောင်းလေတွေထည့်ပြီး ပြန်ပြီးကြိုက်နှစ်သက်ရာပုံစံလုံးပါ။

-ပြီးမှကြက်ဥထဲနှစ်ပေါင်မုန့်ခြောက်(bread crumb)ကပ်ပြီး ဆီပူပူမှာဆီမြုပ်အောင် ထည့်ကြော်ပြီးရဲလာလျှင် ဆီစစ်ပြီးရပါပြီ။

Crd 

 

အာလူးချောင်းကြော် (French Fries) 

အာလူးချောင်းကြော်မေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ကောရေးပေးလိုက်ပါတယ်။ အာလူးချောင်းကြော်က ကြော်နည်းအမျိုးမျိုးရှိတဲ့ထဲက ဒီနည်းကတော့ အေးသွားလဲ စားလို့အရမ်းကောင်းတဲ့နည်းပါ။

အိမ်မှာကြော်တာတော့ အားပေးလွန်းလို့ဓါတ်ပုံရိုက်ဖို့အဲ့တာလေးပဲကျန်တော့တယ်။ အာလူးကြော်က ပူနေတုံးမှာတော့ ဘယ်နည်းနဲ့ပဲကြော်ကြော်စားလို့ကောင်းပါတယ်။

တချို့ကတော့ အလုံးလိုက်ကို ချက်ချင်း လှီးပြီးကြော်တယ်။ တချို့ကရေခဲသေတ္တာအခဲထဲထည့်ပြီးမှ ပြန်ကြော်ကြတယ်။ ရေခဲသေတ္တာအခဲတဲ့ထည့်တဲ့နည်းက တကယ်တော့ ဆိုင်ကြီးတွေမှာ သူတို့ရဲ့မူရင်းနေရာကနေ ယူရတာ အခက်အခဲရှိလို့အခဲရိုက်ပြီးမှ သယ်တာပါ။

အဲတာကိုမှ ပြန်ကြော်ထားတာပါ။ ပူပူလေးစားမယ်ဆိုရင်တော့ ဘာမှမခဲပဲ ဒီအတိုင်းကြော်နိုင်ပါတယ်။ ဒါမှမဟုတ် ဖြေးဖြေးချင်းနဲ့တီဗွီကြည့်ရင်းပဲ စားစား အစာပြေစားစား အေးလဲ စားကောင်းတဲ့နည်းကတော့ အခုနည်းလေးနဲ့ကောင်းပါတယ်။ လုပ်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ

၁။ အာလူးအကြီး - ၂ လုံး

၂။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း (မထည့်လဲရ)

၃။ ဆား - အနည်းငယ်

၄။ ကြော်ရန်ဆီ

ပြုလုပ်နည်း

၁။ အာလူးကို အခွံခွာ အချောင်းလေးတွေလှီးပါ။

၂။ ထို့နောက် ဇလုံတခုထဲတွင်အာလူးထည့် ပြီး ရေအေးကို အာလူးအားလုံးမြုပ်အောင်ထည့်ပါ။ သကြားထည့်ပါ။ (သကြားတွေအရည်မပျော်လဲရပါတယ်။) ရေအေးထဲမှာ အနည်းဆုံး နာရီ ၀က်မှ တနာရီအထိ စိမ်ထားပါ။

၃။ ပြီးလျှင် ရေစစ်ပြီး ရေခြောက်အောင် စက္ကူဖြင့် သေချာသုတ်ပါ။ (တဘက်တခုကို ယူပြီးအာလူးတွေတင်ပြီး တဘက်နဲ့အသာလေးလှိမ့်လိုက်တယ်။ အလွယ်နည်းပေါ့။)

၄။ အာလူးကြော်ရာမှာ ဆီမြုပ်အောင်ကြော်မှ အနောက်တိုင်းနိုင်ငံတွေရဲ့ကြော်နည်းနဲ့တူမှာပါ။ ထို့ကြောင့် ဆီကိုအများကြီးသုံးပါ။ အာလူးကြော်ရန်အတွက် ဒယ်အိုးထဲတွင်ဆီ ထည့်ပြီး ဆီပူလာလျှင် မီးဖို ကို medium heat (မီးလျော့) ထားပြီး ၅ မိနစ်ခန့်ထည့်ကြော်ပါ။ ပြီးလျှင် ဆယ်ထားပါ။

၅။ ဆယ်ထားသော အာလူးများကို ဆီစစ်ရ်ျ ဆီခြောက်အောင် လုပ်ပြီး ရေခဲသေတ္တာအောက်ထပ်ထဲတွင် အနည်းဆုံး ၃ နာရီ ခန့်ထည့်ထားပါ။ (ရေခဲသေတ္တာအောက်ထပ်အအေးခန်းထဲထည့်ပြီးကြော်ရင် ပိုကြွပ်ပါတယ်။)

၆။ ပြီးလျှင် ရေခဲသေတ္တာထဲမှာ အာလူးချောင်းများကို ပြန်ထုတ်ပြီး ဆီပူပူထဲမှာ ရွှေဝါရောင်သန်းလာသည်အထိကြော်ပါ။ ပြီးလျှင် ဆီစစ်ပါ။ ဆီစစ်နေတုံး ပူပူလေးမှာ ဆားအနှံ့ဖြူးပြီး နှံ့သွားအောင်ဇကာကိုလှုပ်ပေးပါ။

၇။ ကြွပ်ကြွပ်လေးနဲ့အေးနေလဲ စားလို့ကောင်းနေမယ့် အာလူးချောင်းကြော်ကို ခရမ်းချဉ်သီးဆော့၊ ငရုတ်ကောင်းတို့နဲ့သုံးဆောင်နိုင်ပါပြီ။

Crd.Eisan 

 

အာလူးကြော်

အဆာပြေ သရေစာအနေနဲ့ စားစား၊ မန်ကျည်းချဉ်ရည်လေးနဲ့တို့ပြီး ထမင်းဖြူလေးနဲ့တွဲကာ သက်သတ်လွတ်ပဲစားစား အရသာရှိလှတဲ့ အာလူးကြော်လေးပါ။

ပါဝင်ပစ္စည်းများ

အာလူး - ၃၀ ကျပ်သား (အရွယ်လတ်)

ရွှေလိပ်ပြာအကြော်မှုန့် - ၆၀ ဂရမ်

ဆား - အနည်းငယ်

ပျဉ်းတော်သိမ်ရွက် - ၆ ခက်

ရေ - လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ကြော်ရန် ဆီ - ၁ ၁/၂ လက်မအနက်

ပြုလုပ်နည်း

၁။ အာလူးများကို နူးအောင်ပြုတ်ပြီး ဓားနဲ့ထိုးကြည့်၍ မာတင်းတင်း မဖြစ်တော့လျှင် ပြုတ်ရည်ပူများကို သွန်ပြီး အအေးခံပါ။ ရေအေးလောင်းချပါ။ ရေဆေးခြင်းမပြုရပါ။ လေနဲ့သာ ခြောက်သွေ့ပြီး အေးလာသည်အထိ အအေးခံပါ။

၂။ အအေးမြန်စေချင်လျှင် ၄ စိတ်ခွဲပြီး လှီးထားပါ။ အာလူးအေးတဲ့အခါ ငရုတ်ဆုံနဲ့ ထောင်းပါ။ သို့မဟုတ် ချိစ်ဂရိတ်တာနဲ့ ခြစ်ပါ။

၃။ ပြီးလျှင် အာလူးများကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရွှေလိပ်ပြာအကြော်မှုန့်၊ ပါးပါးရိတ်ရိတ်လှီးထားတဲ့ ပျဉ်းတော်သိမ်ရွက်၊ ရေနှင့် ဆားတို့ကို ထည့်ပြီးနယ်ပါ။ အာလူးများ စေးလာပြီး ပါဝင်ပစ္စည်းအားလုံး သမသွားသည်အထိ နယ်ပါ။

၄။ လက်ကို မကပ်အောင် ဆီဆွတ်ပြီး နယ်ထားတဲ့ အာလူးများကို အလုံးလေးတွေ၊ လွန်းပုံလေးတွေ မိမိနှစ်သက်တဲ့ပုံစံ ပြုလုပ်ပါ။

၅။ မီးအပူ အလယ်အလတ်မှာ ထားပြီး ဆီအိုးတည်ပါ။ ဆီ အပူ ၃၀ဝ ဒီဂရီဖာရင်ဟိုက် ရလျှင် (သို့) ဝါးတူ ကို ဆီပူထဲ နှစ်ကြည့်၍ ပူစီဖောင်းလေးများ ထလာလျှင် အာလူးကို စ၍ကြော်နိုင်ပါပြီ။ စပြီးကြော်ချိန်မှာ ဆီသိပ်ပူလျှင် အာလူးများ ကွဲထွက်နိုင်ပါတယ်။

၆။ အာလူးလုံးလေးများ အကျက်ညီအောင် ဟိုဘက်၊ ဒီဘက် လှန်ပေးပါ။ ရွှေအိုရောင်သန်းခါနီး ဆယ်ယူရန် နီးလာချိန်မှာ မီးအပူကို အမြင့်ဆုံး မြှင့်ပေးပါ။

၇။ ရွှေအိုရောင်သန်းလာတဲ့ အာလူးများကို ဆယ်ယူပါ။ ပြီးလျှင် ဆီစုပ်စက္ကူပေါ်တင်ပြီး ဆီစစ်ပါ။

၈။ အအေးခံပြီးလျှင် ကြွပ်ရွသောအာလူးကြော်များ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Crd
 

Fried Julienne Potato (အာလူးမျှင်ကြော်)

အာလူးမျှင်ကြော်ကတော့ ကြွပ်ကြွပ်ရွရွလေးဖြစ်တာမို့ စားလို့ အရမ်းကောင်းပါတယ်။ ကြော်ပြီးလျှင် အိတ်ကလေးတွေနှင့် ပိတ်ပြီး သိမ်းလို့ရတဲ့ ခံတွင်းမြိန်စာလည်း ဖြစ်ပါတယ်။

ပါ၀င်ပစ္စည်းများ

အာလူး - ၃ လုံး

ပျဉ်းတော်သိမ် - အနည်းငယ်

နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား - အနည်းငယ်

ငရုတ်ကောင်းမှုန့် - သင့်တော်ရုံ

ပြုလုပ်နည်း

၁။ အာလူးကို အခွံနွှာပြီး အမျှင်လေးများဖြစ်အောင် လှီးပါ။

၂။ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နနွင်းမှုန့်တို့ကို ထည့်နယ်ပြီး ဆီထဲ နှစ်ကြော်ပါ။ ကြွပ်ရွခါနီးလျှင် ပျဉ်းတော်သိမ်ရွက်ကိုပါ ရောပြီး ကြော်ပါ။ အရောင်လေးတွေလှပြီး ကြွပ်လျှင် ရပါပြီ။

Crd
 

အာလူးကြော် ကြွပ်ကြွပ်လေး

ဒီနည်းကတော့ ကြော်ပြီးတော်တော်ကြာတဲ့အထိလဲ မပျော့ပါဘူး။ စားလို့လဲတော်တော်ကောင်းပါတယ်။ ကြော်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ

၁။ အာလူး အကြီး - ၂လုံး

၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ

၃။ ကွမ်းယာထဲထည့်တဲ့ စားထုံး - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ

၄။ ရေ - ၃ ခွက် ခွဲ

၅။ ကြော်ရန်ဆီ
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း

၁။ ထုံးကို ရေ ၃ ခွက်ခွဲထဲထည့်ဖျော်ပြီး ထုံးရည်ကြည်ရအောင် ထုံးအနည်ထိုင်သည်အထိထားပါ။ (အနည်းဆုံး ၄ နာရီလောက်ထားပါ။) ပြီးလျှင် ထုံးရည်ကြည်ကို ယူပါ။ ၃ ခွက်လောက် ရသည်အထိယူပါ။ အောက်ပိုင်း ထုံးအနည်ထိုင်နေသော အရည်များကိုသွန်ပစ်လိုက်ပါ။

၂။ ထုံးရည်ကြည်ထဲကို ဆားထည့်ရ်ျဖျော်ပါ။ ပြီးလျှင် အာလူးမျာကို အခွံခွာ ပြီးပါးပါးလှီးပါ။

၃။ ပါးပါးလှီးထားသော အာလူးများကို ထုံးရည်ကြည်ထဲထည့်ရ်ျ ရေခဲသေတ္တာအောက်ထပ် အအေးခန်းထဲတွင် တညထားပါ။

၄။ မနက်ကျလျှင် အာလူးကြော်ရန် အတွက် ဆီကို အပူပေးပြီး အာလူးများကို ထုံးရည်ထဲမှ ယူရ်ျ ရေစစ်ပြီး ထည့်ကြော်ပါ။

၅။ အာလူးကြော်ရာတွင် ပထမဆီထဲထည့်ထည့်ချင်း အာလူးများကို အထပ်လိုက်မဖြစ်အောင် အနည်းငယ်ဖြန့်ပါ။ ပြီးလျှင် မမွှေပဲ အာလူးများ ရွှေဝါရောင်သန်းလာသည်အထိထားပါ။

၆။ အာလူးများ ရွှေဝါရောင်သန်းလာမှ အနည်းငယ် မွှေကြော်ရ်ျ ဆီအိုးထဲမှဆယ်ရ်ျ ဆီစစ်ထားပါ။

၇။ အာလူးများ ကို ဆယ်ပြီး ဆီစစ်ထားတုံးပူပူလေးမှာ ကြိုက်နှစ်သက်ရာ (အချိုမှုန့်၊ ငရုတ်သီးအကြမ်းမှုန်၊ ငရုတ်သီးမှုန့်တို့ဖြင့်သမအောင်လုပ်ပါ။

၈။ အာလူးကြော် ကြွပ်ကြွပ်လေးကို သုံးဆောင်နိုင်ပါပြီ။ နောက်နေ့မှ စားမည်ဆိုလျှင် အာလူးကြော်ကို အေးသွားသည်အထိ ထားပြီးမှ လေလုံသောဗူးထဲထည့်ရ်ျ သိမ်းပါ။

Crd.Eisan 

 

ချိစ့်အာလူးကြော်

ချိစ့်အာလူးကြော် အတွက် လိုအပ်တာလေးတွေ ..

အာလူး (သို့) ကန်ဇွန်းဥ – 900 g (ပြုတ်ချေပြီးနောက် 3 cups)

parmesan cheese – 1/4 cup (60 ml)

နွားနိူ့ (သို့) အုန်းနိူ့ – 1/4 cup (60 ml)

potato starch (or ) corn starch – 1/4 cup (60 ml)

ကြက်ဥ – ၂ လုံး

ဆား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံခန့်

ငရုတ်ကောင်းမှုန့် (white or black pappercorn powder) – လက်ဖက်ရည်ဇွန်း တစ်ဝက်

ရေဆေးထားသော အာလူးများကို ၃ ပိုင်းပြတ်ခန့်လှီးကာ အဖုံး ဖုံးပြီး microwave ထဲထည့်၍ ၁၀ မိနစ်ခန့် (ပျော့နူးသည်အထိ) ချက်ပေးပါ။

၅ မိနစ်ခန့် ကြာလျှင် တစ်ဖက်လှန်ပြီး ထပ်ထည့်ပါ။ အာလူး အရွယ်အစား နှင့် microwave အမျိုးအစားပေါ်မူတည်ပြီး အချိန်အတိုးအလျှော့ ရှိပါတယ်။ (microwave မသုံးပဲ ပြုတ်ပါက ရေကုန်အောင် စစ်ပေးဖို့လိုပါတယ်။)

နူးပျော့လျှင် အခွံခွါ၍ စလုံးစခုမကျန်အောင် မိမိအဆင်ပြေရာနည်းဖြင့် ဖိချေပေးပါ။ (စလုံးစခုကျန်ပါက ညစ်ချ ကြော်သည့်အချိန် အပေါက်ပိတ်ကာ အဆင်မပြေ ဖြစ်တတ်ပါတယ်။)

ကျန်ပါဝင်ပစ္စည်းအားလုံးထည့်ကာ သေသေချာချာနှံ့သွားအောင် မွှေရောပါ။ (spatule သုံးပြီး မွှေရောပါက စေးကပ်ချင်း သက်သာစေပါတယ်)

နှံ့သွားလျှင် icing bag ထဲထည့်ပါ။ over medium heat ဖြင့် အပူပေးထားသည့် ဆီဒယ်အိုးအောက်ခြေထဲ ဝါး (သို့) သစ်သားတူဖြင့် ထောက်ပြီး စမ်းကြည့်ပါ။

တူ အိုးအောက်ခြေကို ထိသည်နှင့် တူဘေးမှာ အမြှုပ်လေးများ ချက်ချင်းထလာလျှင် ဆီအနေအထားမှန်ပြီမို့ အိုးမကြပ်အောင် ညစ်ချထည့်ပြီး မမွှေပဲထားပါ။

(ဆီအပူရှိန်ပြင်းပါက အကျက်မညီ အရောင်မလှဖြစ်တတ်၍ တစ်အိုးစာထည့်ချပြီးသည်နှင့် လိုအပ်ပါက မီးအပူရှိန် အနည်းငယ်လျှော့ပေးပါ။)

အာလူးချောင်းများ အကြောတင်းကာ အနည်းငယ်ကျက်လာမှ အပေါ်အောက် ခပ်ဖွဖွလှန်ကြော်ပေးပါ။ (အကြောမတင်းခင် လှန်မိပါက ပြတ်ထွက်တတ်ပါတယ်။)

အာလူးချောင်း ပတ်ပတ်လည် ညီညီညာညာ ရွှေဝါရောင်ပြောင်းလာလျှင် ဆီစစ်ဆယ်ထုတ်ကာ ပူပူနွေးနွေး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

icing bag မရှိပါက resealable bag (သို့) မိမိ အဆင်ပြေရာအိတ်ထဲ ထည့်ကာ ကပ်ကြေးဖြင့် အပေါက်လေးဖြစ်အောင်ညှပ်ပြီး အသုံးပြုနိူင်ပါတယ်။

Crd.chawsu 

 

Shrimp Potato Skin

ပါဝင်ပစ္စည်းများ

အာလူးအကြီး - ၂ လုံး

ပုစွန်ကြား - ၁၀ဝ ဂရမ်

Cheddar Cheese - ၁၀ဝ ဂရမ်

ကြက်ဥ - ၁ လုံး

ကြက်သွန်မြိတ် - အနည်းငယ်

ဆား - အနည်းငယ်

ဟင်းသီးဟင်းရွက်ဆီ - ၁/၄ ခွက်

Oregano - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Cooking Cream - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ

၁။ ဦးစွာ ရေစင်အောင်ဆေးထားသော အာလူးများကို ခက်ရင်းဖြင့် ထိုးဖောက်ပြီး ဆီ၊ ဆားများဖြင့် နှံ့စပ်အောင် လူးထားပါ။

၂။ လူးထားသော အာလူးများကို Oven ရှိပါက Oven အတွင်း ၄၅ မိနစ်ခန့် ဖုတ်ပါ။ Oven မရှိလျှင် Aluminium ပတ်ပြီး မီးသွေးမီးဖို၊ ဂက်စ်မီးဖို စသည်ဖြင့် ဖုတ်ပေးလို့ရပါတယ်။

၃။ ထို့နောက် ဖုတ်ထားသော အာလူးများကို တစ်ခြမ်းခြမ်းပြီး အတွင်းသားများကို ဇွန်းဖြင့်ခြစ်ထုတ်ပါ။ ဘေးသားလေးတွေ အနည်းငယ်ချန်ဖို့တော့ သတိပြုပါနော်။

၄။ အာလူးခွံကို အတွင်းအပြင်ဆီသုတ်ပြီး Oven ထဲမှာ ၁၀ မိနစ်ခန့် ဆက်၍ ဖုတ်ပါ။ အာလူးခွံများ အနည်းငယ်ကြွပ်လာပါက ထုတ်ယူပြီး အာလူးခွံလေးအတွင်းသို့ ဇွန်းဖြင့် ခြစ်ထားသော အာလူးအကြေ၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းနှင့် Oregano တို့ကို ချိစ်ခြစ်ထားသော အမျှင်များ အောက်ခြေခံ၍ ထည့်ပေးပါ။ ဃသသုငညါ ဃမနော ထည့်ပါ။

၅။ ထို့နောက် အခွံနွှာထားသော ပုစွန်လေးများစီရီပြီး အပေါ်က ချိစ်ထပ်ဖြူးပေးပါ။ ပြီးလျှင် Oven အတွင်း ၁၅ မိနစ်ခန့် ထပ်ဖုတ်ပြီးလျှင် အရသာရှိတဲ့ အာလူးခွံလေး ရလာပြီပေါ့နော်။

ကဲ... အာလူးခွံလေးရလာပြီဆိုရင်တော့ အပေါ်ကနေ ကြက်သွန်မြိတ်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

ယခုရေးသားဖော်ပြခဲ့တဲ့အစားအစာက အနည်းငယ်အချိန်ပေးရတယ်ဆိုပေမယ့် ပြုလုပ်ပြီးသွားချိန်မှာတော့ အချိန်ပေးရကျိုးနပ်ပြီး ထူးခြားအရသာရှိတဲ့ အာလူးလေးကို တစ်ကိုက် ကိုက်လိုက်ရင်ပဲ အမောတွေပြေပြီး စိတ်ကျေနပ်မှုရစေမှာ အမှန်ပါပဲ။ 

Crd
 

ပုစွန်အာလူးလုံးကြော်

သရေစာအဖြစ်ပဲစားစား၊ ကျောင်းထမင်းထည့်တဲ့အခါမှာလည်း အဆင်ပြေတဲ့ ဟင်းတစ်မည်ပါ။ ကလေးထမင်းမစားချင်တဲ့အခါ ထမင်းအစားထိုး ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အာလူးအသားဓာတ်အတွက် ပုစွန် စသည်တို့ပါဝင်တာမို့ တစ်မျိုးတည်းနဲ့ အာဟာရစုံ ကျွေးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

 အာလူး - ၃ လုံး (အနေတော်)

 ပုစွန် - ၂၀ ကျပ်သား

 ကြက်သွန်မြိတ် - အနည်းငယ်

 ကြက်ဥ - ၁ လုံး

 ပေါင်မုန့်ခြောက် - ထမင်းစားဇွန်း ၃ ဇွန်း

 ကြက်သွန်နီ - ၂ လုံး

 ဆား - အနည်းငယ်

 ငရုတ်ကောင်း - အနည်းငယ်

 ပြောင်းကော်မှုန့် - ပန်းကန်လုံး တစ်ဝက်

 ဆီ

ပြုလုပ်နည်း

၁။ အာလူးကို အခွံနွှာပြီး သန့်စင်၍ အနေတော်တုံးပြီး အာလူးနူးအောင် ရေနွေးခံပေါင်းပါ။ ပေါင်းပြီးသား အာလူးကို ခက်ရင်းဖြင့် ခြေပါ။

၂။ ပုစွန်ကို အခွံခွာ၍ သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။

၃။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။

၄။ ကြက်သွန်နီကို အခွံနွှာ၍ သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။

၅။ အာလူး၊ ပုစွန်၊ ကြက်သွန်မြိတ်၊ ပေါင်မုန့်ခြောက်၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းတို့ကို နှံ့အောင် ရောနယ်ပြီး ရေခဲသေတ္တာအခဲခန်းထဲ ၁ နာရီ ထားပါ။

၆။ အချိန်စေ့လျှင် ရေခဲသေတ္တာထဲမှထုတ်ပြီး အနေတော် အလုံးလေးလုံး၍ ပြောင်းကော်မှုန့် လူးပြီး ဆီပူမှာ ရွှေရောင်သန်းလာအောင် ကြော်ပါ။ ဆီကို အရမ်းမပူအောင် မီးအသင့်အတင့်ဖြင့်သာ ကြော်ပါ။

Crd
 

Baked Potato Wedges

ပါဝင်ပစ္စည်းများ

အာလူးအလုံးကြီး – ၅ လုံး

သံလွင်ဆီ – စားပွဲဇွန်း ၃-၄ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူအမှုန့် – စားပွဲဇွန်း ၁ ဇွန်း

Oregano – စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးအရောင်တင်မှုန့် – စားပွဲဇွန်း ၁ ဇွန်း

Parmesan Cheese – စားပွဲဇွန်း ၅ ဇွန်း

Mexican Salasa (တွဲဖက်သုံးဆောင်ရန်)

ပြုလုပ်နည်း

၁။ အာလူးကို သဲ၊ ဖုန်များ ပြောင်စင်အောင် ဆေးထားပါ။ အာလူးကို အချောင်းကြီးကြီး ဖြတ်ပြီး Parmesan Cheese တစ်ဝက်ထည့်၍ ကျန်ပါဝင်ပစ္စည်း အားလုံးနဲ့ သမအောင် ရောနယ်ထားပါ။

၂။ ဖုတ်မည့်ဗန်းထဲမှာ အာလူးများကို သေချာစီထည့်ပြီး အပေါ်မှ Parmesan Cheese ဖြူးကာ မီးဖိုထဲမှာ အပူချိန် 200˚C နှင့် မိနစ် ၄၀၊ မိနစ် ၅၀ ခန့် ဖုတ်ပေးပါ။ မိမိကြိုက်နှစ်သက်ရာ ဆော့စ်ဖြင့် တွဲပြီး သုံးဆောင် နိုင်ပါပြီ။

Crd ဆုမြတ်ဦး
 

အာလူးကြော် 

ဆန် အစိမ်းမှုန့်  150 g

ရေ  200 ml

အရသာမှုန့် လဖက်စားဇွန်း တစ်ဝက်

ဆား  လဖက်စားဇွန်း တစ်ဝက်

ဆော်ဒါ မကျီးစေ့ခန့် နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ထားပါ။

အာလူးကို အလုံးလိုက် အခွံနွှာ ရေဆေးပြီးနောက် မထူမပါးလှီးပီး အကွင်းလေး ၃ ခုထပ်ကာမုန့်နှစ် ပျစ်ပျစ်ထဲ နှစ်၍ ဆီများများနဲ့ကြော်ပါ။

( ပါးပါးလှီးပီးမှ ရေမဆေးရပါ )

Crd.ပဲခူး ဒေါ်ထွေးရီ 

 

အာလူးမဆလာ အစပ်ကြော် 

စားဖူးသူတိုင်း အကြိုက်တွေ့စေရမယ့် အာလူးမဆလာ အစပ်ကြော်နည်းလေး တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

၁- အာလူး ( ပြုတ်ပီး ထောင်းထားပါ )

၂- ကြက်သွန်နီ ( နုတ်နုတ်စင်းထားပါ )

၃- ငရုတ်သီးစိမ်း ( ပါးပါးလှီးထားပါ )

၄- ကြက်ဥ ( ခေါက်ထားပါ )

၅- ကော်မှုန့်

၆- မဆလာ

၇- ဟင်းခပ်မှုန့်

၈- ဆား

ပါဝင်ပစ္စည်း ၈ မျိုးကို ရောနယ်လိုက်ပြီး အရသာစပ်ပီး မြည်းကြည့်ပါ။

ပြီးရင် နှစ်သက်ရာ အရွယ်လုံး၍ ဆီပူပူထဲထည့်၍ မီးအားပြင်းပြင်းနဲ့ ကြော်ပါ။

နီရဲလာရင် ဆယ်ပြီး ဆီစစ်စက္ကူပေါ်တင်၍ ဆီစစ်ပီးနောက် ပူပူနွေးနွေး စားသုံးပါလေ။

မှတ်ချက်

အာလူး ၃၀ သား မှ ကြက်ဥ ၁ လုံးသာထည့်ပါ။

အာလူး နည်းနေရင် ခေါက်ထားတဲ့ကြက်ဥကို တဝက်လောက်သာ ထည့်ပါ။

နောက်ဆုံးမှ ကော်မှုန့်ကို လုံးကောင်းရုံမျှ ထည့်နယ်ပေးပါ။

ပြီးမှ လိုသလို အရွယ်အစားလေး လုံးပေးပြီး ကြော်ပါ။

အာလူး ၃၀ သား

ကြက်ဥ ၁ လုံး

ကော်မှုန့် ထမင်းစားဇွန်း ၃ ဇွန်းဆို ရပါပြီ။

Crd.ပဲခူး ဒေါ်ထွေးရီ 

 

လက်ဖက်မွှေးအာလူးထောင်း

အာလူးထောင်းလေးကို စားလိုက်တာနဲ့ဆိမ့်ဆိမ့်စပ်စပ်လေးနဲ့ အနံ့လေးမွှေးပြီး အလွန်ခံတွင်းတွေ့စေပါတယ်။ ဒီနည်းမှာတော့ ဦးကာက ရဲ့ လက်ဖက်အစပ်ကိုသုံးထားပါတယ်။ တကယ်လို့အစပ်မကြိုက်ရင် အချိုကိုလဲအသုံးပြုနိုင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ အာလူး - ၂၅ ကျပ်သား (သို့) ၁ ပေါင်

၂။ ဦးကာက ဇယန်းနှပ်လက်ဖက် (အစပ်) - ထမင်းစားဇွန်း ၃ ဇွန်း

၃။ မက်ရိုနီးစ် (mayonnaise) - ထမင်းစားဇွန်း ၂ ဇွန်း

၄။ ငရုတ်ဆီ(ငရုတ်ဆော့) - လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၆။ ငရုတ်သီးဆီချက် - ထမင်းစားဇွန်း ၁ဇွန်း

၇။ ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း

၈။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - အနည်းငယ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ အာလူးကိုနူးအိနေအောင်ပြုတ်ပါ။

၂။ ပြုတ်ပြီးသားအာလူးကိုအခွံနွှာ ပြီး potato masher (အာလူးခြေတဲ့အရာ) ဖြင့်ဖိပါ။ (သို့) ငရုတ်ဆုံကြီးကြီးထဲထည့်ထောင်းပါ။ ဆား၊ မက်ရိုနီးစ် (mayonnaise) ၊ ငရုတ်ဆီ (ငရုတ်ဆော့) တို့ကိုပါထည့်ရ်ျ သမအောင်ထောင်းပါ။ ထို့နောက် လက်ဖက်ကိုထည့်ထောင်းပါ။

၃။ လက်ဖက်မွှေးအာလူးထောင်းအပေါ်မှ ငရုတ်သီးဆီချက်၊ ကြက်သွန်ဖြူ ဆီချက်ကိုဆမ်း၊ ကြက်သွန်မြိတ်ကို ဖြူးရ်ျသုံးဆောင်နိုင်ပါပြီ။

Crd.Eisan 

 

အာလူးမာလာ

အာလူးမာလာ လုပ်နည်းမေးထားတဲ့သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုက်တယ်နော်။ အာလူးမာလာကတော့ မာလာဟင်းလို အရည်မများပဲ မာလာအနံ့မွှေးမွှေးလေးနဲ့ပူစီနံ အရွက်မွှေးမွှေးလေးကြောင့် အရမ်းကို စားကောင်းတဲ့ တမျိုးပါပဲ။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ အာလူးသီး အကြီး - ၁ လုံး

၂။ မာလာဟင်းအနှစ် - ထမင်းစားဇွန်း ၂ ဇွန်း (အစပ်မကြိုက်လျှင် လျော့ထည့်ပါ။)

၃။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်

၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တဝက်

၅။ မြေပဲထောင်း - ထမင်းစားဇွန်း ၁ ဇွန်း

၆။ နှမ်းလှော် - လက်ဖက်ရည်ဇွန်း တဝက်

၇။ ကြက်သွန်မြိတ် - ၁ ပင်

၈။ နံနံပင် - ၃ ပင်

၉။ ပူစီနံ - ၅ ပင်

၁၀။ ကြော်ရန်ဆီ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ အာလူးသီးကို အခွံနွှာ၊ ရေဆေးပြီး အချောင်းလိုက်ထူထူလှီးထားပါ။ ပူစီနံ အရွက်များကိုခြွေထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို ပါးပါးလှီးထားပါ။

၂။ လှီးထားသော အာလူးများကို ဆီပူပူထဲထည့်ကြော်ပါ။ အာလူးချောင်းများရဲ့အနားသားများ တင်းပြီးညိုလာလျှင် ဆီအိုးထဲမှဆယ်ရ်ျ ဆီစစ်ထားပါ။

၃။ အခြားအိုးတခုထဲတွင် မာလာဟင်းအနှစ်ကိုထည့်ရ်ျ အပူပေးပါ။ ပူလာလျှင် ကြော်ထားသော အာလူးသီးကိုထည့်၊ ပူစီနံ အရွက်များကိုထည့်၊ ကြက်သားမှုန့်နှင့် သကြား (သို့) အချိုမှုန့်တို့ကိုထည့်ရ်ျ သမအောင်ကြော်ပါ။ (အကြာကြီးကြော်စရာမလိုပါ။ သမသွားလျှင် ရပါပြီ။)

၄။ မီးဖိုပေါ်မှချခါနီးတွင် ပါးပါးလှီးထားသော နံနံပင်နှင့် ကြက်သွန်မြိတ်တို့ကိုထည့်ရ်ျ သမအောင်ပြုလုပ်ပါ။

၅။ မီးဖိုပေါ်မှချပြီးမှ မြေပဲ နှင့်နှမ်းလှော်တို့ကိုထည့်ရ်ျ သမအောင်လုပ်ပါ။

၆။ စပ်စပ်နှင့် အလွန်အရသာရှိသော အာလူးမာလာကိုသုံးဆောင်နိုင်ပါပြီ။

Crd.Eisan 

 

အာလူးချဉ်စပ်

ရှမ်းဆိုင် ပုံစားတွေမှာေ၇ာင်းတဲ့အာလူးချဉ်စပ်လေးပါ။ လွယ်ကူပြီးစားလို့ကောင်းလို့လုပ်စားကြည့်နော။်

ပါ၀င်ပစ္စည်း -

အာလူး ၂လုံး (သို့) ၃ လုံး

ဂျင်း လက်တဆစ် (အချောင်းလေးတွေလှီးပါ)

Chili garlic sauce - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Vinegar - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ -လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား

သကြား (သို့) ဟင်းချို မှုန့်

ပြုလုပ်ပုံ-

ကြော်မည့်အိုးထဲတွင် ဆီထည့်ပြီး ဆီပူလာရင် ဂျင်းကို ထည့်ပါ။ ဂျင်း အနံ မွှေးလာရင် chili garlic sauce ကိုထည့်ပါ။ ပြီး၇င် ချက်ချင်း အာလူးပါးပါးလေးတွေထည့်ပါ။

ရေအနည်းငယ်၊ ဆား၊ သကြား(သို့) ဟင်းချိုမှုန့်၊ vinegar တို့ကိုထည့်မွှေပါ။ အိုးကို မအုပ်ရင် ပိုကောင်းပါတယ်။ မွှေရင်းနဲ့အာလူး ကို မပျော့ပဲ မာဆပ်ဆပ် အနေအထားမှာ အိုးပေါ်မှချပါ။ ( ၃မိနစ်လောက်ဆိုရပါတယ်)

Crd.Eisan 


အာလူးထောင်း

အာလူးထောင်းကို စားဖူးတဲ့သူတိုင်းကြိုက်ကြမှာပါ။ မုန့်ညှင်းချဉ်လေးနဲ့မအီပဲ အရမ်းကိုစားလို့ကောင်းပါတယ်။ လုပ်စားကြည့်နော်။

အာလူးထောင်းကို လုပ်ရင် ဘယ်တော့မှ မထောင်းပါဘူး။ လက်ညောင်းလို့။ အာလူးကို အရင်ဆုံး အခွံနွှာလိုက်ပါ။ ပြီးရင် ရေနွေးအိုးထဲမှာ ဆား၊ သကြား(သို့) ဟင်းချိုမှုန့်နဲ့ပြုတ်ထားပါ။

အရမ်းကိုပျော့အောင်ပြုတ်ပါ ။ အာလူးကို အတုံးလေးတွေ တုံးပြီး ပြုတ်လို့လဲရပါတယ် ။ (ရေထဲမှာ ဆား၊ သကြားထည့်ပြုတ်တော့ နယ်တဲ့အထဲမှာ မ နှံ့ မှာ မပူရတော့ပါဘူး၊ အရသာတခါတည်းပါသွားပါတယ်) ပျော့တဲ့အနေရပြီဆိုရင် အာလူးကို ရေစစ်ထားပါ။

ပြီးရင် လက်နဲ့ချေပါ။ စီးစီးလေးလို ချင်ရင်တော့ နည်းနည်းပြန်ထောင်းပါ။ ထောင်းပြီးသားအာလူးကို မုန့်ညှင်းချဉ်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးပဲပုတ်စေ့ဆီချက်(တရုတ်မပုံတံဆိပ်)၊ ကြက်သွန်မိတ် တို့ကိုထည့်နယ်ပြီး စားနိုင်ပါတယ်။

တချို့က ရှမ်းပဲပုတ်ထောင်း၊ တရုတ်နံနံ ပါထည့်စားပါတယ်။

Crd.Eisan 

 

Salami And Two Layers Cheese Mashed Potato (ဆလာမီနဲ့ ချိစ် ၂ ထပ်အာလူးကြော်)

ဒီအာလူးဟင်းကတော့ အထပ်လွှာလေးနဲ့ အာလူးဖြစ်ပါတယ်။ အာလူးကို MASH ချေမွပြီး ဒိန်ချဉ်ထောပတ်နဲ့ထပ်ရော၊ အာဗင်မှာပြန်ကင်တဲ့ Version မျိုးဖြစ်တာမို့ တစ်မျိုး လေးဆန်းပါတယ်။

ဆန်းဆန်းပြားပြားလေးနဲ့ အရသာလေးတစ်မျိုးမို့ အထူးအဆန်းချက်ချင်သူများအတွက်တော့ လေ့လာသင်ယူစရာ ဟင်းတစ်မျိုးပါပဲ။ ကဲ စမ်းချက်ကြည့်ရအောင်။

လိုအပ်သောပစ္စည်းများ

အာလူး - ၂ ပေါင် (အခွံခွာ၊ အတုံးသေးသေးလှီးထားပါ)

ထောပတ် - စားပွဲဇွန်း ၂ ဇွန်း

ဒိန်ချဉ် (Sour Cream) - ၁/၂ ခွက် (၈အောင်စအရွယ်ခွက်)

အမျှင်သေးခြစ်ထားတဲ့ ချယ်တာချိစ် - ၁ ခွက် (၈အောင်စအရွယ်ခွက်)
(Shredded Chedder Cheese)

ဆလာမီ အသားချပ် (Salami Slices) - ၁၂ချပ် (သေးသေးစိတ်စတပ်လှီးထားပါ။)

ပြုလုပ်နည်း

၁။ ပွက်ပွက်ဆူနေတဲ့ ရေပူပူမှာ အာလူးတုံးလေးတွေကို မိနစ်၂ဝခန့်(သို့)အာလူးတွေ ပျော့ပြောင်းလာတဲ့အထိ ပြုတ်ပါ။ ရေကို စစ်ချပါ။

၂။ အာလူးကို အိုးထဲပြန်ထည့်ပြီး ထောပတ်နဲ့ ဒိန်ချဉ် (Sour Cream)ကို အာလူးနဲ့ ရောထည့်ပါ။

၃။ ပြီးရင် (Potato Masher) (အာလူးကြေအောင်လုပ်တဲ့ကိရိယာ)နဲ့ အာလူးတွေကို ပျော့ပျော့ပြောင်းပြောင်း ကျေမွလာအောင် ဖိပြီးမွှေနှောက်ပေးပါ။

၄။ အာလူးတွေကြေမွပြီး နူးညံ့ပျော့ပြောင်းလာရင် အာလူးရဲ့တစ်ဝက်ပမာဏကို အာဗင် (Oven)မှာသုံးမယ့်အိုးထဲမျက်နှာပြင် ညီညီညာညာလေးဖြစ်အောင် ဖြန့်ခင်းထည့် ပေးပါ။

၅။ ပြီးရင် ချယ်တာချိစ်ရဲ့တစ်ဝက်ကို အာလူးမျက်နှာပြင်ပေါ် ညီညီမျှမျှ ဖြန့်ဖြူးပေးပါ။

၆။ ကျန်ရှိနေသေးတဲ့ အာလူးအရောအနှောတစ်ဝက်ကို ချိစ်တွေပေါ် နောက်တစ်ခါ ညီညီ ညာ ညာ ဖြန့်ဖြူးပေးပါ။

၇။ နောက်ဆုံးအနေနဲ့ သေးသေးစိတ်စိတ်လှီးထားတဲ့ ဆလာမီအသားတွေကို အာလူးပေါ်ဖြန့်ဖြူးပေးပြီး ကျန်ရှိ သေးတဲ့ ချိစ်တစ်ဝက်ကိုလည်း ညီညီမျှမျှထပ် တစ်ခါ ဖြန့်ဖြူးပေးပါ။

၈။ အာဗွင် (Oven) ကို အပူချိန် ၃၅ဝဒီဂရီဖာရင်ဟိုက် ချိန်ပြီး၅မိနစ်ကြို အပူပေးထားပါ။ အာလူးဗန်းကို မိနစ် ၄ဝ ဖုတ်ပြီးရင် အအေးခဏခံထားပြီး အဆင်သင့် သုံး ဆောင်နိုင်ပါပြီ။

Crd.Dexter's Bistro 


အာလူး မီးကင်နှင့် မရောနိစ်

အဆာပြေလုပ်စားနိုင်ဖို့ အာလူး မီးကင်နှင့် မရောနိစ်ပါ။ အာလူးကို အခွံ မခွှာဘဲ ပါးပါးလှီးပြီးကင်ထားတာမို့ စားတဲ့အခါ အခွံလေးနဲ့မို့ တစ်မျိုးထူးခြား စားလို့ အရမ်း ကောင်းပါတယ်။ ခုပဲ တူတူကင်ကြည့်ရအောင် ။

ပါဝင်ပစ္စည်းများ

အာလူး(အလုံးကြီး) - ၄ လုံး

ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံလွင်ဆီ - စားပွဲဇွန်း ၄ ဇွန်း

မရောနိစ် - ၁ ခွက်

ကြက်သွန်မြိတ် - စည်းဝက် (ပါးပါးလှီးပါ)

ဘေကွန်ကြော် - အနည်းငယ်

ကင်နည်း

၁။ အရင်ဆုံး အာလူးများကို တံပွတ်တံဖြင့် စင်အောင်သန့်စင်ပြီး ရေခြောက်အောင် သုတ်ထားပေးပါ။

၂။ ပြီးလျှင် အာလူးများ အောက်ခြေနားထိ ဓားဖြင့် ပါးပါးလှီးပေးပါ။
မှတ်ချက် ။ ။ အာလူးအောက်ခြေပျက်အောင်အထိ မလှီးရပါ။

၃။ ပြီးလျှင် လှီးထားသော အာလူးကြားထဲ ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပါ။

၄။ ပြီးနောက် သံလွင်ဆီများ သုတ်ပေးပါ။

၅။ ထို့နောက် အာလူးများကို Oven (သို့) Air Fry ထဲထည့်ပြီး ၁၈ဝ ဒီဂရီဖြင့် ၄၅ မိနစ်ခန့် အာလူးကျက်သည်အထိ ကင်ပေးပါ။

၆။ အာလူးကင်ရပြီဆိုလျှင် အပေါ်မှ မရောနိစ်၊ ဘေကွန်ကြော်၊ ကြက်သွန်မြိတ်များ ဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Crd.Wutyee 

 

By The Myanmar Restaurant Guide


Read 3174 times.