Eating Tips

Singapore Hawker

November 19, 2019

ဆိုင်တွင် စင်္ကာပူလူမျိုးအများဆုံးစားသုံးသော ဟင်းလျာများဖြစ်သည့်

Bak Kut Teh, Ayam Penyet, Nasi Lemak, Honey Lemon Tea စတဲ့ ဟင်းလျာများကို တစ်နေရာတည်းမှာ ဈေးနှုန်းသက်သာစွာဖြင့် Singapore Hawker ဆိုင်တွင် သုံးဆောင်နိုင်ပါတယ်။


ဒီဆိုင်လေးဟာ အထပ် နှစ်ထပ်ဖြစ်တဲ့အတွက် နေရာကျယ်ဝန်းပြီး အလှူပွဲ၊ မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ ပါတီပွဲတွေအပြင် သူငယ်ချင်းများနှင့် မိတ်ဆုံစားပွဲတွေကိုလည်း လုပ်လို့ရကြောင်း သိရပါတယ်။

ဆိုင်တွင် မီနူးအနေနဲ့ အဓိက ရောင်းချတဲ့ မလေးရှား အုန်းထမင်း၊ ကြက်ကင်၊ ကြက်ဆီထမင်း၊ ayampenyet အင်ဒိုနီးရှားကြက်ကြော်နှင့် ထမင်း၊ ပုစွန်၊ ခေါက်ဆွဲ၊ အပ်မှိုကြော်၊ ကြက်/ဝက် ဆာတေး၊ Bak-Kut-The လို့ခေါ်တဲ့ ဝက်နံရိုးစွပ်ပြုတ်၊ ကြက်စွပ်ပြုတ်အပြင် Juice တွေမှာလည်း ချဉ်ပေါင်ဖူးဖျော်ရည်၊ ပျားလီမွန် တို့ကိုလည်း မှာယူသုံးဆောင်နိုင်ပါတယ်။

အဆာပြေစားလိုသူများတွက် သို့မဟုတ် ညစာကို အိမ်မှာမချက်ဘဲ ပေါ့ပေါ့ပါးပါး စားချင်သူများတွေအတွက် အဆင်ပြေစေတဲ့အပြင် ဈေးနှုန်းကလည်း ကျပ် ၁၀၀၀ မှစ၍ ၂၈၀၀ ကျပ် အထိပဲ ရှိကြောင်း သိရပါတယ်။


ဆိုင်၏ ထူးခြားချက်မှာ အချိုမှုန့်ကို လုံးဝသုံးစွဲထားခြင်းမရှိဘဲ ကြက်သားကရရှိလာတဲ့ အချိုရည်ကိုသာ အသုံးပြုထားကြောင်း သိရပါတယ်။


ဆိုင်တွင် ကြက်ဆီထမင်း (သို့) အရမ်းပန်းညက် အော်ဒါပွဲ ၁၅၀ နှင့်အထက် မှာယူပါက တစ်ပွဲ ၂၂၀၀ ကျပ် ကို အချဉ်နှင့် ဟင်းရည်ပါပေးပါတယ်။


ပွဲ ၂၀ မှာတိုင်း တစ်ပွဲလက်ဆောင်ပေးပါတယ်။ ပွဲပြင်ပေးရန်လိုအပ်ပါက အလုပ်သမားစီစဉ်ပေးပါတယ်။ အော်ဒါပွဲအရေအတွက်နှင့် ပို့ရမည့်နေရာ အနီးအဝေးပေါ်မူတည်ပြီး အခမဲ့ပို့ဆောင်ပေးကြောင်းသိရပါတယ်။


အော်ဒါကို အနည်းဆုံး ပွဲအရေအတွက် မသတ်မှတ်ထားသဖြင့် လူကြီးမင်းများစိတ်ကြိုက် အရေအတွက် အတိုင်းမှာယူနိုင်ပါတယ်။ မနက်အာရုံဆွမ်းကပ်ချင်သူများအတွက်လည်း စီစဉ်ဆောင်ရွက်ပေးကြောင်း သိရပါတယ်။


၎င်းအပြင် ကုမ္ပဏီမှ ဝန်ထမ်းများအတွက် နေ့လည်စာ၊ ညစာ များကိုနေ့စဉ်မှာ ယူလိုပါကလည်း အထူးနှုန်းဖြင့်ဆောင်ရွက်ပေးကြောင်း သိရပါတယ်။


အမှတ် ၂၀၂၊ ဦးချစ်မောင်လမ်း၊ ဈေးကွေ့မှတ်တိုင်၊ ရန်ကင်းစင်တာမီးပွိုင့်ထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - ၀၉-၄၄၄၅၆၇၇၁၁, ၀၉-၄၄၄၅၆၇၇၂၂, ၀၉-၄၄၄၅၆၇၇၃၃

အော်ဒါမှာလိုသူများအတွက် ဖုံး - ၀၉-၇၉၅၅၅၄၉၅၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


Read 268 times.