Eating Tips

ရှမ်းအစားအသောက်အစုံအလင်နဲ့ရှမ်းရိုးရာဆိုင်

March 4, 2020

ရှမ်းအစားအစာ စုံလင်တဲ့အပြင် Menu ပေါင်းရာကျော်တောင် ရှိသေးတာတဲ့။ အစားအသောက်ပေါင်းရာကျော်ဆိုတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကိုရှယ်ရွေးနိုင်မဲ့ အခွင့်အရေးရတာပေါ့။ 

ဆိုင်လေးရဲ့ အပြင်အဆင်လေးက ရန်ကုန်မှာနေတဲ့သူတွေအပြင် Foreigner တွေကိုပါ တော်တော်လေးဆွဲဆောင်နိုင်တယ်လို့ဆိုရမယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ မြင်လိုက်ရတာက ဝန်ထမ်းတွေရဲ့ တူညီဝတ်စုံတွေက ရှမ်းအကျီပုံစံ ဝတ်စုံလေးတွေနဲ့ ကြိုဆိုနေတဲ့အပြင် ရှမ်းသီချင်းအေးအေးလေးတွေကလည်း အကျယ်ကြီးဖွင့်ထားတာမဟုတ်ဘဲ နားဝင်ချိုတယ်။ ဆိုင်မှာခင်းကျင်းထားတဲ့ ပန်းကန်လေးတွေရဲ့ပုံစံလေးတွေကလည်း ချစ်စရာလေးတွေ။ ဓာတ်ဖမ်းဝါသနာပါတဲ့ သူတွေသွားရင်တော့ ပုံထွက်ကောင်းကောင်းလေးတွေရမှာအသေအချာဘဲနော်။

 

အစားအသောက်တွေအတွက် အားသာချက်အနေနဲ့ကတော့ ကျန်းမာရေးနဲအထူးညီညွတ်စေတာပါဘဲ။ စားစရာတွေရဲ့ ဆီပါဝင်မှုပမာဏ ကို အနည်းဆုံးထိလျော့ချသုံးထားတဲ့အပြင် အချို့အစားအစာတွေဆို ဆီလုံး၀ မသုံးထားတဲ့အတွက် ဆီများတဲ့အစားအစာမကြိုက်တဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေစေပါတယ်။ ဒါ့အပြင် ဆိုင်မှာသုံးတဲ့ ပစ္စည်းကုန်ကြမ်းတွေက ရှမ်းပြည်နယ်ကနေ တိုက်ရိုက်မှာတာဖြစ်တဲ့အပြင် အသီးအရွက်နဲ့ ပက်သက်တဲ့ အစားအသောက်တွေများတာဖြစ်လို့ သက်သက်လွတ်သမားတွေနဲ့ ကျန်းမာရေးလိုက်စားတဲ့ သူတွေအတွက် တကယ့်ကိုဆိုင်ကောင်းလေးနော်။ 

 

ဒီဆိုင်လေးရဲ့ မနက်စာဘူဖေးစနစ် လေးကတော့ တော်တော်လေး လူကြိုက်များကြတယ်။ ကြိုက်နှစ်သက်ရာ Main ခေါက်ဆွဲတစ်မျိုးကိုရွေးချယ်နိုင်ပြီးတော့ ဟင်းထုပ်အမျိုးမျိုး၊ ရှမ်းထမင်းနယ်အမျိုးမျိုး၊ ကောက်ညှင်း၊ အကင်စုံအပြင် ရိုးရာဖျော်ရည်၊ အချိုပွဲစုံ စတဲ့ အမျိုးပေါင်း ၂၀ ကျော် ကတော့ မနက်စာဘူဖေးစနစ်မှာပါဝင်တာဖြစ်ပါတယ်။ ဘူဖေးအတွက် တစ်ယောက်ကို ၅၀၀၀ ကျပ်ဖြစ်ပြီး မနက် ၇ နာရီကနေ ၁၀ နာရီအတွင်း  စိတ်ကြိုက်စားသုံးနိုင်တယ်ဆိုတော့ ရှမ်းအစားအစာကိုမှ သီးသန့်စားချင်ပါတယ်ဆိုတဲ့သူတွေ သွားသင့်တဲ့ဆိုင်လေးနော်။

 

မနက်စာဘူဖေးအပြင် Lunch box လေးတွေကိုလည်း စီစဉ်ပေးသေးတယ်။ ဘလိုမျိုးလေးလဲဆိုတော့ ရှမ်းထမင်း၊ဟင်း၊အထောင်း၊အသုပ်တွေ ပါဝင်တဲ့ Lunch Box တွေကို ၃၄၀၀ ကနေစတင်ပြီး ရွေးချယ်ဝယ်ယူနိုင်တာဘဲ ဖြစ်ပါတယ်။

 

လူများများနဲ့သီးသန့်စားချင်တဲ့သူတွေအတွက် ဘလိုမျိုး Service ရှိလဲဆိုရင်တော့ သီးသန့်စီစဉ်ပေးတဲ့ Private Room တွေရှိပါတယ်။ ဆိုင်မှာ ပွဲလာလုပ်ချင်တဲ့ သူတွေအတွက်လည်း စီစဉ်ပေးပါတင်မကဘဲ အပြင်နေရာတွေက ပွဲအတွက် အစားအသောက်တွေမှာယူတယ်ဆိုရင်လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးတယ်ဆိုတော့ တော်တော်လေး အဆင်ပြေတယ်ဆိုလို့ရတယ်နော်။

 

ရှမ်းအစားအစာတွေကို စားတော့စားချင်ပါရဲ့ ဆိုင်ကို အချိန်ပေးပြီးမလာနိုင်ဘူးဆိုလည်း စိတ်မပူနဲ့နော်။ Door 2 Door , Food2U , Grab Food, Food Mall တို့နဲ့ ချိတ်ဆက်ပေးထားဆိုတော့ အဆင်ပြေတဲ့ Delivery Service နဲ့ မှာယူနိုင်ပါတယ်။ 

 

လတ်တလောမှာတော့ ဆိုင် ၃ ဆိုင်ဖွင့်ထားပြီးတော့ သတင်းကောင်းအနေနဲ့ နောက်ထပ်ဆိုင်ခွဲတစ်ခုကို မကြာခင်ဖွင့်လှစ်တော့မှာဘဲ ဖြစ်ပါတယ်။ 

 

ဆိုင်လိပ်စာလေးတွေကတော့ -
 အမှတ် ၁၆၉၊ ဝါးတန်းလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။
Phone Number- 09 250 566 695, 09 458 284 043.

အမှတ် ၇ ၊ အောင်ဇေယျလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့် ၊ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
Phone Number- 09 255 166 604, 09 255 166 605. 

အမှတ် ၂၂၁၊ အခန်းနံပါတ် ၂၁၅-၂၁၆၊ ဒုတိယထပ်၊ Sule Square Shopping mall ၊ ဆူးလေးဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ 
Phone Number- 09 258 777 070 , 09 978 777 070. 
(ဆူးလေ ဆိုင်ခွဲလေးကတော့ Shopping Mall ထဲမှာဖြစ်တဲ့အတွက် မနက်စာဘူဖေးစနစ် မရှိပါဘူး)


Read 1359 times.
2 Reviews

Reviews

Chit Wine | March 2020
ရှမ်းအစားအသောက်အစုံအလင်နဲ့ရှမ်းရိုးရာဆိုင်

restaurantguidemyanmar. ရှမ်းမလေးတွေရော မရှိဘူးလား

Did you find this review helpful?

0
Wynn Latt | March 2020
Thanks

Good Taste

Did you find this review helpful?

0